မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, August 27, 2009

မေမေသို့

သားသမီးအတွက် ရတက်မအေး
ဝေဒနာ စတေးလို့ စေတနာရင်းခဲ့တဲ့ မေမေ။
တမ်းတလွမ်းဆွတ်စွာ ခေါ်ခွင့်ရနေလျက်နဲ့
မေမေနဲ့ဝေးရာ သမီးပြေးထွက်ခဲ့မိတယ်။
ဘဝဒဏ် လှိုင်းလုံးတွေအကြား
မြှုပ်တခါ ပေါ်တလှည့်
ဝဲဂယက် ထန်သမျှ ဝမ်းနည်းမှုတွေလည်း
ဖွင့်ဟ အန်ချစရာ
ရင်ခွင်ဝေးပါတယ် မေမေ။
ကိုယ့်ခြေပေါ် ကိုယ်ရပ်
ကိုယ့်ဘဝ ကိုယ်ကျောင်းချိန်မှာ
မေမေ ပျိုးပေးခဲ့တဲ့
ကိုယ့်အားကိုယ်ကိုးကျင့်က
အသုံးဝင်နေပြန်တယ်။
မေမေ......
အမြဲလွမ်းပါတယ် မေမေ။
ဆန္ဒတွေ တပွေ့တပိုက်ရှိပေမယ့်
ဘဝမှာ တထပ်တည်း ကျဖို့
မေမေရေ......
မေမေ့သမီးက အတ္တကြီးဆဲပဲမို့
မိုက်မဲမှုတွေနဲ့ နောင်တမဲ့စွာ
မေမေ့ထံပါးဆီ ခိုလှုံခွင့် မရသေးပါဘူး။
မျက်ရည်တလှည့် အပြုံးတဝက်ကြားမှာ
အားတင်းရင်း လမ်းပျောက်ရင်း
စမ်းလျှောက်ရင်းပေါ့
မေမေ့သမီး မေမေ့ကို လွမ်းနေဆဲပါပဲ.... မေမေ။




အဝေးရောက်နေသော အမေချစ်သူများ အမေ့ကို လွမ်းရင်း အဆုံးထိ လှမ်းလျှောက်နိုင်ပါစေ။

Wednesday, August 26, 2009

ဒီအတိုင်း

ဖြစ်ချင်တာ'ဆန္ဒ'
ဖြစ်လာတာက 'ဘဝ'လေ။
'ဆန'္ဒ နဲ့ 'ဘဝ' တထပ်တည်းမကျသမျှ
အကျပ်အတည်းကလည်း
ခက်ခဲနေခဲ့ပေမယ့်
ရိုးအီနေတဲ့ ပုစ္ဆာတစ်ပုဒ်လို
အဖြေမထုတ်လည်း
ညှိလုပ်စရာ မလိုပါဘူးကွယ်။
အတ္တတွေထဲမှာပဲ ခုံမင်စွာနစ်မျော
ခြေကုပ်ရပ်ရတာ မမြဲတမြဲ အခြေအနေမှာ
ခြင်္သေ့မင်းရဲ့စေတနာ နားလည်ပေမယ့်
ဝေဒနာနဲ့ အားနည်းသူမို့
ဘယ်လို ယူရမှာလဲ။
ဝေးလည်း မဝေးရဲ
နီးလည်း မနီးဘဲနဲ့
ဒီအတိုင်းပဲ ရှေ့ဆက်ဦးစို့ အဖြူရောင်လေးရေ။



ဆောင်းဦးလှိုင် သီချင်းစာသားအား အနည်းငယ်ယူသုံးထားပါသည်။

Sunday, August 23, 2009

သူနဲ့အတူ

ထပ်လို့ရနိုင်သမျှ
ခြေရာတွေထဲမှာလည်း
ၾကည္နူးရႊင္ပ်
ပျော်ဖူးချင်ရဲ့....သူနဲ့အတူ ။
အနီးက ရွက်ဝါ
အဝေးက လိပ်ပြာ
မြင်မြင်သမျှမှာလည်း
ပြုံးရွှင်ပျော်မြူး
ရယ်ဖူးချင်ရဲ့....သူနဲ့အတူ ။
တစ်ယောက်တစ်ဖက်
ခိုင်မြဲ တွဲလက်
ထာဝရတိုင် မြဲမယ်လို့လည်း
ယုံကြည်ချင်ခဲ့ ....သူနဲ့အတူ ။
ဒါပေမယ့်လေ
မျှော်ဖူးခဲ့တဲ့ အပျော်
ပြုံးချင်ဖူးတဲ့ အရယ်
ယုံချင်ခဲ့တဲ့ တွဲလက်
သူမဖျက်ပါဘဲ
သူမတွယ်လေအောင်
ကိုယ်ကပင် ဝေးစေရမည်မို့.....

Saturday, August 22, 2009

ဦးကံချွန်သို့ အမှတ်တရ ဂါရဝ

မှတ်မှတ်ရရ ပြန်ဖတ်ဖြစ်တာမို့ ပြန်တင်ပေးရပါတယ်။ IDEA ဟာသလေးပါ။

ဖြည်းဖြည်းလေးပြုံးနော်။
(1)။အတင်း
ဟဲလို ရှယ်လီလား။
အေး မင်းလုပ်ငန်းခွင်အသစ် ဝင်ရတာ အဆင်ပြေရဲ့လား။
ပြေပါတယ်။ ငါ ရောက်ရောက်ချင်း သူတို့က ငါ့ ကြည့်ပြီး အတင်း ပြောကြတယ်ကွ။ ဒါကြောင့် မင်းဆီ
ဖုန်းဆက်လိုက်ရတာ။ ကြည့်ရတာ ခပ်တုံးတုံးတွေပါကွာ။

(2)။ အံ မဝင်လို့
ငါတို့ဆီက မိန်းကလေးတွေ ဘဲလေးအကကိုတော့ ဘာလို့ လိုက်မကကြတာလဲဟင်။
ကျုပ်တို့စရိုက်နဲ့ အံ မဝင်ဘူးလေ။ စကားမှ မပြောရဘဲ။

(3)။ သိတာပေါ့
မောင် မနေ့က ဝယ်ထားတဲ့အားဆေးတွေ မသောက်နဲ့နော်။
ဘာလို့လဲ
ရက်လွန်တွေနဲ့ တူတယ်။
မင်းက ဘယ်လိုလုပ် သိတာလဲ။
ကြောင်လေးကို တိုက်ကြည့်တာ အန်လို့။

(4)။အပြင်းစားရိုက်ချက်
ကောင်လေးက ကောင်မလေးကို
မင်းရဲ့နှုတ်ခမ်းလေးက သိပ်လှတာပဲ။
ဟုတ်လား
ကိုယ့်ချစ်သူရဲ့နှုတ်ခမ်းထက် ပိုချိုမလား မသိဘူး။
ရှင်သိချင်ရင် ကျွန်မချစ်သူကို သွားမေးကြည့်လေ. သူကတော့ သိပြီးနေပြီ။

(5)။လူနာ
လူငယ်ဆရာဝန်လေးရဲ့ ဆေးးခန်းထဲကို အမျိုးသမီးငယ်တစ်ဦးက ဝင်လာပြီး...မိုးကာအက်ျင်္ီကို ချွတ်တယ်။
ပြီးတော့ အပေါ်အင်္ကျံင်္ီကိုချွတ်တယ်။ လက်ကိုင်းသေးသေးလေးနဲ့ အက်ျင်္ီပဲကျန်တော့တယ်။ ဒီတော့ ဆရာဝန်လေးက....
ဘာဖြစ်သလဲ
မျက်စိထဲ ပိုးကောင်ဝင်သွားသလားမသိဘူး ဆရာ။ ခုလု ခုလုနဲ့ အဲဒါကြည့်ပေးစမ်းပါ။

(6)။ကြောက်လွန်းလို့
ရှင် နောက်ထပ် ချစ်သူအသစ်တွေ့နေတယ်ဆို ဟုတ်သလား)))))).
မဟုတ်ပါဘူးကွာ၊ မင်းနဲ့တွေ့ပြီးမှတော့.... ငါ ဘယ်သူ့ကို ထပ် ချစ်ရဲဦးမှာလဲကွာ...:(

(7)။ ယုံ တော် မူ
မောင့်ကိုကြည့်ရတာ ကျွန်မကို အချစ်ပေါ့လာသလိုပဲ။ နောက်ထပ်ချစ်ရမယ့်သူ တွေ့နေပြီထင်တယ်။
မှားနေပြီ။ မင်း မှားနေပြီ။ တွေ့စက ရင်ထဲမှာ အချစ်တွေ အများကြီး။ ခု ချစ်ရင်း ချစ်ရင်း ကုန်လာလိုက်
တာ. အချစ်လက်ကျန်နည်းလာတာ။ ချစ်စရာအချစ်မရှိဘဲ ဘယ်သူ့ကို ထပ်ချစ်ရဦးမှာလဲကွာ...:0


မေလေးတို့ငယ်ငယ်တည်းက ခုထိ ဦးကံချွန်စာတွေကို ဖတ်ရပါတယ်။ ဆောင်းပါး.ကာတွန်းတွေကနေ ရယ်စရာတွေ လိုက်နာစရာတွေ ဆုံးမတာတွေကို ဖတ်ရှုကြဲီးပြင်းခဲ့ရတာပါ။ (၂၀.၈.၀၉)မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကံချွန်ကို ဒီဟာသ စာပိုဒ်လေး အမှတ်တရတင်ရင်း ဂါရဝပြုပါတယ်။ လူသာသေပေမယ့် စာတွေ စေတနာတွေ နာမည်တွေက မသေနိုင်ပါဘူး။ ဦးဦးကံချွန် ကောင်းရာသုဂတိလားပါစေ။

Friday, August 21, 2009

အစ်မထင်းထင်း(သို့)အစ်မမေလေးသို့

ကျွန်မ အစ်မထင်းထင်းကိုရေးတာမို့လို့ ကိုယ့်ကိုယ်ကို ကျွန်မလို့ပဲသုံးပါမယ်။ ကျွန်မ နာမည်အရင်းက လဲ့လဲ့ဝါ ဟုတ်ပါတယ်။ အစ်မလို့သာခေါ်ရတာ ကျွန်မထက်အသက်ကြီးချင်ကြီးနိုင်ပေမယ့် ငယ်ရင်လည်း ငယ်နိုင်ပါတယ်။ ကျွန်မက ထိုင်းနိုင်ငံနယ်စပ်မဲစောထ့်မှာ စက်ရုံ(ကုမ္ပဏီပေါ့လေ)တခုမှာ မြန်မာပြည်နယ်စပ်နဲ့ အနီးဆုံးမှာ အလုပ်လုပ်တာပါ။ အုပ်ချုပ်ရေးပိုင်း၊လုပ်ငန်းလည်ပတ်မှု၊ကြီးကြပ်စီမံရေးပိုင်းရော စာရင်းဇယားပိုင်းပါ ကျွန်မ လုပ်ရပါတယ်။ ကျွန်မ အလုပ်လုပ်ရတာ များပါတယ်။ ဘာလို့ ကျွန်မရဲ့အလုပ်ကိုပြောရလဲဆို ကျွန်မအဲလောက်လုပ်နေရတာမို့ တခြားသောအလုပ်ဖြစ်တဲ့ ဘလော့လည်ခြင်းကို ကျွန်မ သိပ်မလုပ်ဖြစ်ပါဘူး။ လုပ်ငန်းပိုင်း လုပ်ရတာများပေမဲ့ ကျွန်မက ကွန်ပျူတာ.အင်တာနက်.အီးမေးလ်တို့နဲ့ ပက်သက်လာရင် မကျွမ်းပါဘူး။ ဒီအိမ်လေးကိုလည်း ကျွန်မကို သူငယ်ချင်း မောင်နှမတွေက တခုချင်းစီ ပြောပေးရင်းနဲ့ ဆောက်ထားတာပါ။ (ကျွန်မက ဘလော့ဂ်ကို အိမ်လို့ သုံးပါတယ်။အလုပ်လုပ်ရ မောလာတိုင်း ကိုယ်နားခိုရာ အိမ်ကလေးလို့ ကျွန်မ မှတ်ထားလို့ပါ) ကျွန်မ အိမ်ထဲမှာ ရှိတဲ့ အိမ်လေးတွေအပြင် နောက်ထပ်အိမ်တွေကို ကျွန်မ သိပ်မသွားပါဘူး။အချိန်မရှိလို့ပါ။ ဒီအိမ်လေးတွေထဲက အစုံကိုတောင် ကျွန်မ မဖတ်ဖြစ်သေးတာ အများကြီးကျန်ပါသေးတယ်။ အင်တာနက်။မေးလ် တွေကို သိပ်မကျွမ်းတဲ့အတွက် ကျွန်မကို မေမေခေါ်တဲ့မေလေးကိုပဲ ဖွင့်ပါတယ်။ ဂူဂယ်လ်မှာ ရှာရမယ်လို့လည်း မသိခဲ့ပါဘူး။ ဖွင့်လို့ရခဲ့ပေမယ့် ကျွန်မငတုံးက maylay လို့ အင်္ဂလိပ်လိုပဲ ရေးခဲ့တာချည်းပါပဲ။ ကိုယ့်ဖောင့်မှာ မြန်မာစာရေးလို့ရအောင် အစ်မအိမ့်ချမ်းမြေ့ဆီက ပိုစ့်မှာ ပြန်ဖြေထားတာကို သိမှ ပြန်ဒေါင်းလုပ်ဒ် လုပ်ခဲ့ရတာပါ။ ကျွန်မ အင်္ဂလိပ်လိုနာမည်ကိုရေးပေမယ့် အင်္ဂလိပ်လိုလည်း မကျွမ်းပါဘူး။ မြန်မာကျောင်း ၈ တန်းပဲတတ်တာမို့ ဘားဂလစ်ရှ်နဲ့ပဲ ရေးရပါတယ်။ ကိုယ့်အလုပ်တွေနဲ့ကိုယ် အားချိန်ရှားတာမို့ ကိုယ်သွားရောက်လည်ပြီးတဲ့အိမ်တွေမှာ မန့်ရင် maylay လို့သာ မန့်ပြီး လင့်ခ်ချန် မချန် အဲဒါတွေလည်း ကျွန်မ ခုထိ မသိသေးပါဘူး။ မေမေကခေါ်တဲ့ မေလေးကို သူငယ်ချင်းတွေ ခေါ်တိုင်း မေမေခေါ်နေသလို ခံစားရတာမို့ ဒီနာမည်ကို အတော်လေးချစ်ပါတယ်။ အစ်မထင်းထင်းအိမ်ကို ညီမလေးတစ်ယောက်အိမ်မှာတွေ့လို့ သွားလည်ဖြစ်ပေမယ့် ကျွန်မ ဘာမှ မမန့်ခဲ့ပါဘူး။ ကျွန်မ ကိုသားကြဲီးအိမ်ကို သွားတိုင်း maylay လို့ပဲရေးပါတယ်။(ကိုသားကြီးကို အားနာ တောင်းပန်ပါတယ်။ ခဏခဏ ဆွဲထည့်နေကြလို့ပါ)ဘယ်ကိုပဲသွားရေးရေး အဲဒီ maylay ပါပဲ။ အစ်မထင်းထင်းကို တူမှာစိုးလို့ မတူအောင် ရေးတာလည်း မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်က အူတူတူ. မြန်မာလိုပြောင်းရေးလို့ ရတယ်ဆိုတာကို နားမလည်ခဲ့လို့ပါပဲ။ ကျွန်မကိုယ်တိုင် စာအုပ်တွေဖတ်ရင် သူရေးကိုယ်ဝေဖန်. ကိုယ့်ကိုသူပြန်ဆော် အဲဒီစာတွေကို ကျော်ဖတ်ပါတယ်။ စာဖတ်သူအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီပိုစ့်ခေါင်းစဉ်ကို အစ်မထင်းထင်းသို့ ဆိုပြိးရေးရတာပါ။ တခြားသောသူတွေ ကျွန်မအိမ်ကို ရောက်လာရင် ဂျိုးကျိုးနားရွက်ပဲ့အိမ်လေးကိုပဲ ဆောက်နိုင်တဲ့အတွက် လာလည်သူတွေကို အားနာပါတယ်။ ကျွန်မက maylay သာဖြစ်ပါတယ်။ အူတူတူနိုင်ပါတယ်။ ဘာမှမသိ.ဘာမှနားမလည်တဲ့ maylay ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာစကားမှာ နာမည်တူမရှား.လူတူမရှား ဆိုတာရှိပါတယ်။ ပင်လယ်ရေဟာလည်း တစ်ယောက်တည်း သောက်မကုန်ပါဘူးတဲ့။ အစ်မထင်းထင်းပိုသိပါလိမ့်မယ်။ လဲ့လဲ့ဝါ ဆိုတဲ့ နာမည်အရင်းကို ကျွန်မသူငယ်ချင်းသုံးလေးယောက်ကိုပဲ ပြောပြဖူးပါတယ်။ လျှိုထားတာ မဟုတ်ပါဘူး။ ဒီမှာ အလုပ်လုပ်တာ ဒီ လဲ့လဲ့ဝါ နာမည်နဲ့ပါပဲ။ ဒီတမြို့လုံးနီးပါး ကျွန်မကို သိပါတယ်။ ကျန်းမာရေးအဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ခုထိ လုပ်ဆဲပါပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကျွန်မ တတ်နိုင်သလောက်လေး လူတွေကို ကူတာပါ။ အစ်မထင်းထင်းက ကျွန်မထက်ပိုတော်ပါတယ်။ (တကယ်လေးစားစွာ ပြောတာပါ) ကိုယ်စွမ်းဥာဏ်စွမ်း အားလုံးနဲ့ ကူနိုင်တာမို့ပါ။ အညတရ ကျွန်မကတော့ ဆေးရုံမှာ ဘာသာပြန်ပေးရုံလောက်ပဲ ကူနိုင်တာပါ။ ပြီးတော့ ကျွန်မ ကိုဗီလိန်ရဲ့အိမ်ကို မသွားဖူးပါဘူး။ မန့်ဖို့ ပိုဝေးပါတယ်။ (ကိုဗီလိန်ကို တောင်းပန်ပါတယ် ထည့်သုံးမိလို့နော်)။ ကျွန်မကို သူငယ်ချင်းတချို့က ပိုစ့်ပြန်တင်ခိုင်းကြတယ်။ ကျွန်မကိုယ်တိုင် စာဖတ်သူဘဝမှာတောင် မနှစ်သက်ခဲ့တာမို့ မရေးခဲ့ပါဘူး။ ဒါပေမယ့် သက်တန့်ချိုအိမ်မှာ အစ်မထင်းထင်းက မန့်ရေးထားတာကို ဖတ်ရတော့ ခုလို ရေးဖြစ်တာပါပဲ။ ကျွန်မ အစ်မထင်းထင်းရဲ့ပိုစ့်ကို သူငယ်ချင်းပြည့်စုံလေးက ပြောမှ သိတာပါ။ မေမေခေါ်တဲ့နာမည်လေးမို့ ကျွန်မ အဲဒီပိုစ့် ဖတ်ပြီးတော့ ငိုတောင်ငိုမိပါသေးတယ်။ ကျွန်မက အင်တာနက်မကျွမ်းတော့ ကျွန်မ ခုထိ ဂူဂယ်လ်နဲ့ရှာနည်း မသိသေးပါဘူး။ ငါ့ကို အထင်လွဲနေတယ်။ မေနာမည်နဲ့ နောက်တစ်ယောက်က နောက်တာနေမှာပါလို့ ကိုယ့်ဘာကိုယ် တွေးခဲ့ပါတယ်။ ကျွန်မတို့တွေ ဘယ်နိုင်ငံကိုရောက်နေနေ ဘယ်နာမည်နဲ့နေနေ မြန်မာပြည်ဖွားတွေချည်းပါပဲ။ ကိုယ့်အလုပ်တွေကို ကိုယ်စီလုပ်ရင်း တွေ့ဖြစ်ဖို့ မသေချာတဲ့ မောင်နှမတွေ ဘဝမှာ သူနဲ့ကိုယ် ဘာမှမဟုတ်ပါလားလို့ ကျွန်မ တွေးထားတတ်သူပါ။ ကျွန်မရဲ့ဒီစာကို အစ်မထင်းထင်းက ရှင်းပြစာ(သို့မဟုတ်) တောင်းပန်စာ(သို့မဟုတ်)ချဲစာ အမျိုးမျိုးယူဆနိုင်ပါတယ်။ ကျွန်မဘက်ကတော့ ဒါ အစ်မထင်းထင်းကို ရှင်းပြတာပါ။ ဒါကြောင့် ဒီခေါင်းစဉ်ကို သို့ လို့ပဲ ရေးထားတာပါ။ လွန်တာရှိရင် ဝန္တာမိပါ အစ်မထင်းထင်း။


ကျွန်မကိုယ်တိုင်မနှစ်သက်ခဲ့တဲ့ စာရေးပုံမျိုးရေးရတာမို့ တခြားသော စာဖတ်သူတွေကိုပါ တောင်းပန်ပါတယ်။ ဘယ်သူတစ်ဥင်္ိးတစ်ယောက်ကိုမှ နစ်နာစေ ဆိုပြဲီး မရှိခဲ့တဲ့ ကျွန်မ စာရေးရတာတော့ စိတ်ရှင်းနေပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ပါစေ (ဒါ ကျွန်မ သုံးနေကျ နှစ်သက်တဲ့ စကားစုလေးဖြစ်ပါတယ်)

Thursday, August 20, 2009

ကိုယ့်ရဲ့နေ့သစ်

ဖြစ်ပျက်ခဲ့သမျှကို
အလိုလို ဒေါသပွား
စိတ်ထဲထားနေမှတော့
ဦးနှောက်မရှိတဲ့သူ
ကိုယ်ဟာ ပူလောင်နေတဲ့သူ
ဖြစ်သွားတော့မှာပေါ့။
သည်းခံခဲ့တာတွေကို
အရှုံးပေးတယ်လို့များ
ထင်ခဲ့ကြသလားကွယ်။
ရန်မများချင်
နားအေးအေး နေချင်သမျှ
စကားအချေအတင် မပြော
ခပ်ပေါပေါ ပျော်ပျော်နေခဲ့တာ
မင်းတို့အတွက်များ
ရယ်ဟားစရာ ဖြစ်နေသလား။
ကိုယ့်အချင်းချင်း
ချစ်ခင်တတ်ခဲ့ကြတဲ့အတွက်
(ကိုယ့်အပေါ်ကိုမှ)
ပြောထွက်ခဲ့ စကားလုံးတွေ
ကြားရတာ ကြာတော့ အရေထူ
အပြစ်ရယ်လို့လည်း မယူချင်တော့ပါဘူး။
ကိုယ်မှန်တယ်လို့ မဆိုပေမဲ့
မမှားဘူး ခံယူခဲ့သမျှ
ဒီဘဝတလျှောက်မှာ
တစ်ယောက်တည်း ဖြစ်ပါစေ
ရဲရဲကြဲီး နေချင်ခဲ့သူပါလေ။
တကယ်တော့ ကိုယ်ဟာ
ခံစားချက်ရှိတဲ့
ချစ်တတ် မုန်းတတ်သူပါ
အမြဲ ဥပေက္ခာပြုတတ်သူတော့
မဟုတ်ရပါဘူးကွယ်။
ဒဏ်ရာကင်းတဲ့ ကိုယ့်နှလုံးသားဟာ
အမုန်းတော့ မပွားတတ်ပေမယ့်
သွေးသားထဲ စီးဝင်နေသမျှ
ဒီမာနတွေနဲ့
အားလုံးကို ဥပေက္ခပြု
စိတ်ခုခဲ့တာကို မေ့ပစ်
နေ့သစ်တွေထဲမှာ
အပြစ်ကင်းတဲ့ ကဗျာလေးတွေနဲ့ပဲ
ကိုယ် အမြဲ နေရစ်တော့မယ်ကွယ်။


ကိုယ်ကိုယ်တိုင် ပြန်ပြန်ပြီးဖတ်ဖို့ရေးဖွဲ့ပါသည်။ အခုကာလလေးကိုပဲ စိတ်ထဲဖြစ်နေလို့ပါ။

ကိုယ်တိုင်ရေး မိတ္တူ

ပြီးဆုံးခဲ့ပြီ ဆိုတဲ့
သတ်မှတ်ခြင်းတစ်ခုနဲ့ပဲ
အရှုံးလတ်လတ်ဆတ်ဆတ်တွေလည်း
တထပ်ပြီး တထပ်
ငိုက်သွားတဲ့ ခေါင်းကို ပြန်မတ်
ယိုင်သွားတဲ့ ကိုယ်ကို ပြန်တည့်
မကျွမ်းကျင်သေးရင်
အရှုံးတွေကို တပ်ဆင်
အထပ်ထပ် မောင်းနှင်ရမယ်။
ကြယ်ကလေး ပြိုးပြက်တာလောက်နဲ့တော့
ဘဝအဆင်းက မလင်းလက်နိုင်သေးဘူး။
ကြွေတလှည့်
ကြက်တခုန် တဲ့။
အသက်မှ မကုန်သေးဘဲ
ဘာကြောင့် တက်အစုံကို ချချင်တဲ့စိတ်
မွေးချင်ရသလဲ။
ကြွေလွယ်တဲ့ စိတ်ဟာ
တခါခါတော့ ဘဝအတွက် သက်လုံမကောင်းဘူး။
အထူးစီမံ ဖော်စပ်ထားတဲ့
အောင်မြင်မှု ဖိတ်စာလေးထဲမှာ
မင်းနာမည် ပါတာတော့ အသေအချာ
ဒါဟာ သီချင်းကောင်း မဟုတ်ဘူး
အိပ်မက်ဆန်း တစ်မက် မဟုတ်ဘူး။
(ဒါဟာ) ကိုယ့်ဆူးကိုယ်ထွင်ရမယ့်
အတ္ထုပ္ပတ္တိ စာတမ်း တစောင်လေ။



ညီမဝံဝံလေးနဲ့ကိုယ်ကိုယ်တိုင်အတွက် ရေးဖွဲ့တာပါ။

ခရီးသည်

နေ့ပြောင်း ညဖြစ်
အဟောင်းပြီး အသစ် သံသရာထဲမှာပေါ့။
လမ်းလို့သာ ခေါ်လျက်
ခရီးမတွင်တဲ့ လမ်းပေါ်မှာလေ။
ကမ္ဘာကြီးရေ
မင်းက မင်းရဲ့ဝင်ရိုးစွန်းအပေါ်
စောင်းလျက် လည်နေသမျှတော့
ငါ့အတွက် လမ်းဆိုတာ ရှိနေဦးမှာပါ။
မင်းရဲ့ဆွဲအားတွေနဲ့
ငါ ရပ်တည်ခဲ့ပေမယ့်
(ငါ့မှာ) ဘယ်ကလာလို့ ဘယ်ကို ဆက်နေတာလဲ။
အစလည်းမသိ၊ အဆုံးလည်းမရှိ
ပန်းတိုင်လည်းမမြင်
လွမ်းတိုင်းတောင် မကြင်ချင်သူကများများ
ဘာတွေ ဘယ်လိုဖြစ်ဖြစ်ပေါ့ ကမ္ဘာကြီးရယ်
နေ့ပြောင်း ညဖြစ်
အဟောင်းပြီး အသစ် သံသရာထဲမှာ
ငါ ဆိုတဲ့ ကောင်မလေး
ပခုံးသေးသေးလေးနဲ့ မင်းကို ထမ်းလို့
ပြုံးပြုံးလေး ခရီးဆက်နေဆဲပါ။

Saturday, August 15, 2009

မေလေးလွင်ဆိုတာ

မေလေးလေ အိမ်လည်း ဆောက်ပြီးရော လူက ဘာဆက်လုပ်ရမှန်းမသိအောင် ချွေးတွေပြန်လာတယ်။ ရီလည်းရီချင်နေတယ်။ကိုယ့်ဘာကိုယ် ဆောက်ထားပြီးတော့ လိုအပ်နေတာကိုလည်း ထပ်မလုပ်တတ်ဘူး။ ရေးစရာလည်း အဲလောက်မဟုတ်ဘူး။ ရင်ဘတ်ထဲမှာတော့ ရှိနေတယ်။ မေလေးနာမည်နဲ့လည်း ဖွင့်လို့မရတာနဲ့ သံလွင်မြစ်နားမှာ ကြီးပြင်းခဲ့တဲ့မေလေး၊ မေသံလွင် လို့ရေးတာလည်း မရ။ မေလေးလွင်ပဲ ရတော့ အဲဒီနိမ်းကိုပဲ ရေးလိုက်ရတယ်။ ဧရာဝတီကို သိမ်မွေ့တဲ့သတို့သမီး ဆိုပြီး ဖွဲ့ကြရင် မေလေးက သံလွင်ကို အရိုင်းဆန်ပြီး အကြမ်းတမ်းခံနိုင်တဲ့ လောကဓံကို ခံနိုင်ရည်ရှိတဲ့ မြစ်လို့ဆိုချင်ပါတယ်။ သူလိုရာ ခရီးရောက်ဖို့ ကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်ခဲ့ရတယ်။ ဘာကိုဖြစ်ဖြစ် သူ အစီးဆင်းမပျက် ခံနိုင်ရည်ရှိတယ်။ သူ့ဆီက ရတဲ့ ခွန်အားတွေနဲ့ သူရှိရာဒေသတွေကို အကျိုးပြုတယ်။ မြန်မာပြည်ထဲက မြစ်ဖျားခံတာမဟုတ်ပေမယ့် နွေးထွေးစွာ မကြိုလင့်ထားတဲ့ မြန်မာမြေကို သူ ဖြတ်သန်းရင်း သူ့လမ်းကို သူလျှောက်ခဲ့တယ်။ သူ့နားမှာနေခဲ့တဲ့ မေလေးလည်း သံလွင်လိုမျိုး ခံနိုင်ရည်ရှိဖို့ ကိုယ့်လမ်းကိုယ်ယုံကြည်စွာ လျှောက်ဖို့ .....

Friday, August 14, 2009

ကမ်းမဲ့မြစ်

ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဖရိုဖရဲ
ဇူလိုင်သုံးဆယ့်တစ်မှာပေါ့။
ကမ်းပါးမရှိပေမယ့်
ငါလည်း ပြိုလဲတတ်ပါတယ်။
ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့
ကမှူးရှူးထိုးကြားမှာ
ငါဘာဖြစ်ခဲ့တာလဲ။
ဒီလိုပဲ မသိလိုက်မသိဘာသာ
မျက်စိမှိတ်နေလိုက်ရမှာလား။
တခါတခါ
ဘယ်ကိုစီးဝင်ရမယ်မှန်း မသိချင်လောက်အောင်
ငါ့အတွက် မရှိနိုင်တဲ့ ကမ်းပါးကို လွမ်းတယ်။
သွားချင်ရာသွားကွယ်။
ငါ့ကို ပြန်ပြန်လှည့်မကြည့်နေပါနဲ့။
ဟိုမှာဘက်ကမ်း
မင်းသွားချင်တဲ့ဆီပဲ လှမ်းလှမ်း
ဒီမှာဘက်ကိုပဲ လူးလားခေါက်တုံ့လျှောက်လျှောက်ပေါ့။
ဒီရင်ကျယ်သမျှ
မင်းဖြတ်သန်းနေသရွေ့
ဒီတိုင်းပဲ ငါစီးဆင်းနေလိုက်ပါ့မယ်။

Thursday, August 13, 2009

စမ်းလုပ်ကြည့်ထားတယ်

ရ မရတော့ မသိဘူး။ စိတ်နည်းနည်း ပင်ပန်းလာလို့ ပစ်ထားတာ။ ခုပြန်ကလိကြည့်တာပါ။ ရပြီထင်တယ်