မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, October 13, 2009

M စီးရီး

မေလေးကို ညီမလေး ဝက်ဝံလေးက တဂ်ပါတယ်။(သူက သူ့အစ်မအကြောင်းမသိရှာဘူး eng လို အားနည်းတယ်ဆိုတာကိုလေ) ဒီတော့ မဖြစ်ဖြစ်အောင် ဂူဂယ်လ်ကလည်းရှာ ကိုယ်သိထားသလိုလည်း ရေးရင်းနဲ့ ရေးဖြစ်သွားတာပါပဲ။ အမှားလည်း ရှိမှာပါပဲ။ ညီမလေးရေ ကျေးဇူးပါနော်။ မေလေး မသိသေးတဲ့ ဝေါဟာရတွေကိုပါ ရှာဖြစ်သွားတော့ ပိုသိသွားရပါတယ်။

1. What is your name : Maylay ပြောစရာမလိုတာကို မေးထားတော့လည်း ထပ်ဖြေရတာပေါ့လေ
2.
M as four Letter Word : Meat (တခါတလေမှ စားပေမယ့် အာဟာရဖြစ်တယ်လေ့နော်)

3. boy's Name with M : Mahatma Gandhi (အိန္ဒိယက ခေါင်းဆောင်ကြီး သူ့လို ဖြစ်အောင် မလုပ်နိုင်ဘု)
4. girl's Name with M : Madonna (အဆိုတော်နော်...သိပ်နားမလည်ခင်တည်းက ကြိုက်တာ)
5. Occupation starts with M : Medical and Health Services Worker ဆေးနှင့်ကျန်းမာရေး လုပ်သား တကယ် ဖြစ်ချင်ခဲ့ပါတယ်။ ဖြစ်နေရတာက Manager and Officer (တစ်ပိုင်း တစ်ပိုင်းစီ)
6. Flower starts with M: Mini Carnation (
ကာနေရှင်း ပန်း) ဂူဂယ်လ်မှာရှာလို့သိတာပါ ကိုယ်က ပန်းတွေ သိပ်မသိတဲ့ အူတူတူမေလေးလေ
7. Something you'll wear starts with M: Mike ( I love Mike) ဒီ တီရှပ်လည်း ဂူဂယ်လ်က ရှာတင်ထားပါတယ်
8. Food starts with M : Mango သရက်သီးနော် ဟွင်းးးဟွင်းးး ချက်ပြီးတောင် မစားဘူး ဒီတိုင်းကိုစားတာ
9. Something found in the bathroom starts with M : Mineral Shampoo (
ခုထိတော့ မသုံးဖူးသေးပါဘူး။ ဂူဂယ်လ်ကောင်းမှုလေ ဟိဟိ)
10. Country starts with M : Myanmar, Malaysia (ကိုယ့်ရွှေပြည်ကို ရှေ့က ထားပါတယ်×)
11. Color starts with M: Misty rose
(နှင်းဆီပန်း ပန်းရောင် ဖျော့ဖျော့လေးကို ခေါ်ပါတယ်) ဒီအရောင် နှင်းဆီပန်းက ရှားပါတယ်။ အဝတ်အစားကျတော့ ဒီအရောင်နဲ့က လှသမှ
12. Exclamation starts with a M: Mrrrrrrrr; ( I use it when I write a sms to express my anger :P)
ဘာအဓိပ္ပါယ်မှန်းလည်း မသိ
13. Movie title starts with M : Mask of Zorro (
အိမ်ပြန်လို့ ဒီလိုဇာတ်ကားတွေ ထိုင်ကြည့်ဖြစ်ရင် လု လုပြီးတော့ကို ပြောတာ မောင်လေးအငယ်ကောင်လေးနဲ့ ဟိဟိ)
14. Something you drink starts with M:
Milk (သကြားမပါတဲ့ နွားနို့ကို နှစ်နှစ်ခြိုက်ခြိုက်ကို သောက်ပါတယ် )
15. A musical group starts with M : Myitzimhahlaing
(မဇ္ဈိမလှိုင်း) ခင်မောင်တိုး ဂရု(ပ့်)လေး
16. An animal starts with M : Monkey မျောက်နဲအလား မကွဲပြားအောင်ကို ဆော့တာ သစ်ပင်ပေါ်ကနေ ကိုယ်က ဓါတ်ပုံတောင် ရိုက်ဖူးသေးတယ် ဟိဟိ)
17. A street name starts with M : Myawaddy min gyi U Sa Street.
ကရင်ပြည်နယ် မြဝတီမြို့မှာရှိပါတယ်။
18. A type of car starts with M: Mitsubishi
အဲလို ကားဘော်ဒီမြင့်မြင့်တွေကိုမှ လူက အကောင်သေးသေးနဲ့ မလိုက်ဖက်စွာ ကြိုက်ပါတယ်
19. The title of a song starts with M : More Than I Can Say, LEO SAYER
ဒီသီချင်းလေး မဆိုပြတော့ဘူးနော်
20. A verb starts with M : Make
ဘာပဲလုပ်လုပ် ဘာပဲတီထွင် ဘယ်ကပဲ ထုတ်လုပ်ပစေ သူက ပါတယ်


တော်သေးတယ် ဝေါဟာရ နှစ်ဆယ်လောက်ပဲဆိုတော့...း)

သူ့အရင် တဂ်ပိုစ့်(ညည်းဖြစ်တဲ့သီချင်းများ)ရေးပြီးရင် ဘလော့ဝင်တာ လည်တာ ခဏနားပါမယ်ဆိုမှ ညီမလေးဝံလေးက ထပ်တဂ်ထားတော့ ဒီပိုစ့်ကို ရေးရပါတယ်။ ဒီပိုစ့်ပြီးလောက်တော့ ဘယ်သူမှ မတဂ်ထားဘူး ထင်ပါရဲ့။ မေလေး အလုပ်တွေက အားချိန်နည်းနေတာမို့ ဘလော့လည်တာ ပိုစ့်တင်တာကို ခဏနားထားပါမယ်။ ပြန်ဝင်ဖြစ်ခ်ျိန်ကျ တဝကြီး လည်ရမှာပေါ့လေ။ ကျေးဇူးတင်ပါတယ်နော် ကျန်းမာပျော်ရွှင်ပါစေ။







စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်