မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Friday, October 30, 2009

မ for မေလေး

  • 1. What is your name : မေလေး.
  • 2.M as four Letter Word : မှတ်မှတ်မိမိ
  • 3. boy's Name with M : မိုးလှိုင်ည (သူ့ရှေ့ သူ့အတွေးထဲရောက်သမျှ ကဗျာဖြစ်ရသော ကဗျာဆရာ)
  • 4. girl's Name with M : မေလေး ။ မွန်း ။မွှေးကြူ (အဟီးးးကိုယ့်သယ်ရင်းတွေနာမည်တွေချည်း)
  • 5. Occupation starts with M :မိသားစုထဲ နွေးထွေးရှင်သန်ချင်
  • 6.Flower starts with M : မေမြို့ပန်း
  • 7. Something you'll wear starts with M: မြန်မာပြည်ဖြစ် ချည်ထည်အင်္ကျီ
  • 8. Food starts with M : မုန့်ဟင်းခါး ။မုန့်စိမ်းပေါင်း
  • 9. Something found in the bathroom starts with M : မွှေး ဆပ်ပြာ
  • 10. Country starts with M : မြန်မာ မလေးရှား မွန်ဂိုးလီးယား
  • 11. Color starts with M: မိုးပြာရောင် မီးခိုးရောင်
  • 12. Exclamation starts with a M: မေမေ့!!!
  • 13. Movie title starts with M : မလွမ်းချင်ဘူး သီရိပစ္စယာ
  • 14. Something you drink starts with M: မက်စ် အချိုရည်( ခုတော့ မရှိလောက်တော့ဘူး ရာသီဥတု ဒဏ်ကြောင့်ထုတ်လုပ်စက်ရုံ ပျက်စီးသွားပြီဆိုတော့လေ….)
  • 15. A musical group starts with M : မဇ္ဈိမလှိုင်း ခင်မောင်တိုး ဂရု(ပ့်)လေး
  • 16. An animal starts with M : မြွေ (သေအောင်ကြောက်တယ်….ငွားးးး ငွားးး)
  • 17. A street name starts with M : မြ၀တီမင်းကြီးဦးစ လမ်း (ငှဲလျောင်း ငှဲလျောင်းးးးး မြန်မာမှုပြုလိုက်တာပေါ့)
  • 18. A type of car starts with M: မစ်ဇူဘီရှီပါ ဆို….. ခဏခဏ မေးနေတာပဲ ဟွန်းးး
  • 19. The title of a song starts with M : မေမေ နေကောင်းလား မေမေ!!!
  • 20. A verb starts with M : မေ့နေတယ် အဟဲ…..

  • လိုင်းမဝင်နိင်ဘူးဆိုမှ သူငယ်ချင်းလင်းကြယ်စင်က တဂ်တယ်လေ ဟွန်းးးးး။ သူများကို လွမ်းအောင်လုပ်တယ်။ ခု ရေးးပေးလိုက်တာပေါ့ ဘာရမလဲ။။။ လိုင်းမဝင်ခင်တည်းက Word မှာ ရေးထားတာ။ ခု ပြန်ကော်ပီလိုက်တယ်လေ။ မဟုတ်ရင် အချိန်က ကိုယ့်အတွက် နည်းနည်းလေးပဲ အသက်ရှူနေတော့လေ။။ သူငယ်ချင်း လင်းကြယ်စင်ကိုရော လင်းကိုတဂ်တဲ့ K ကိုပါ ကျေးဇူးလည်းတင် မကျေမနပ်လည်း ဖြစ်သွားတယ်နော်။လိုင်းဝင်မရလို့ မကျေနပ်တာ. မြန်မာလို ရေးဖို့ တဂ်လို့ ကျေးဇူးတင်တာလေ... ကဲ သွားပြိး ။။။ သူငယ်ချင်းတို့ ကျန်းမာပျော်ရွှင်ပါစေ




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

ကိုယ်ယုံကြည်ရာ

  • မေလေးကို သူငယ်ချင်း ပန်းရင့်ရောင်က တဂ်ထားပါတယ်။ မေ့နေလောက်ပြီထင်တာပဲ ။ ကိုယ်ယုံကြည်ရာတဲ့။ မေလေးက အားလုံးနီးပါးကို ယုံတယ်။ တဖက်စွန်းထိ မဟုတ်ဘူး။ သူ ကိုယ့်ကို ညာနေမှန်း သိလည်း ယုံပေးလိုက်တယ်။ ပြီးမှ ကိုယ့်ဖာသာ စဉ်းစား.သင့် မသင့်၊ဖြစ်နိုင် မဖြစ်နိုင်၊ ဖြစ်သင့်မှ လုပ်ပေးသင့်တာ လုပ်ပေးလိုက်တယ်။ ကိုယ့်ကိုယ်ကို အယုံလွယ်သူ၊ အားနာတတ်သူလို့ အားနည်းချက် ရှိတယ် မှတ်ထားတာ။ ခု ပန်းရင့်က ကိုယ်ယုံကြည်ရာကို ရေးပေးပါတဲ့။
  • အမှတ်စဉ်(၁) ဆိုရင် ရတနာသုံးပါး ပါပဲ။ ပြီးရင် မိဘနှစ်ပါး။ မိဘနှစ်ပါးက ကိုယ့်ကို ဘယ်တော့မှ မကောင်းတာမလုပ်ဘူးဆိုတာ။ ကိုယ့်ကို အဆိုးထဲရောက်အောင် ဒုက္ခထဲရောက်အောင် မလုပ်ဘူးဆိုတာ၊ ကိုယ့်ကို ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုတာ၊ ပြီးတော့ အလုံးစုံ အားကိုးတယ်ဆိုတာ မဖည်မသွေ ယုံတယ်။ ပြီးရင် မေတ္တာတရား ။ ကိုယ့်ကို တစုံတဦးက တခုခု မကောင်းလုပ်နေရင်၊ မကောင်းပြောနေရင်၊ ဒါမှမဟုတ် (အဆုံးစွန် သူဌေးက ကိုယ့်ကို ဆူဆဲဖို့အထိ) ရှိနေရင်တောင် အဲဒီ မေတ္တာတရားနဲ့ တကယ် အောင်နိုင်ပါတယ်။ သူတို့ကို ထိခိုက်စေလိုတဲ့ ဆန္ဒမျိုး မရှိဘဲနဲ့ စိတ်ထဲကနေ မေတ္တာပို့ပေးရုံနဲ့ပဲ ကိုယ့်အပေါ် ဘယ်လို ဆိုးရွားမှုမျိုးမှ မကြုံတာမို့ ဒီမေတ္တာတရားကိုလည်း အကြွင်းမဲ့ယုံတယ်။
  • ပြီးရင် ကိုယ့်ကိုယ်ကို ယုံတယ်။ တခြားသူဆီက ယုံကြည်မှု မရ-ရရ ကိုယ့်ကိုယ်ကို အရင် ယုံကြည်ဖို့ အရေးကြီးပါတယ်။ မေလေးဘဝမှာ ကိုယ့်ရည်မှန်းချက်တွေ တခုမှမဖြစ်ခဲ့ပါဘူး။ ဒါဟာ အခြေအနေတွေကြောင့် ဆိုတာကို နားလည်ထားတယ်။ နောက်ထပ်လုပ်သင့်လို့ လုပ်ရဦးမယ့် အရာတွေကို လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဖြစ်ချင်တာများပြီး မဖြစ်လာတဲ့ ဘဝကို ခဏခဏ လက်မှိုင်ချဖူးတယ်။ ဒီ ယုံကြည်ချက်နဲ့ ပြန်ဆက်လျှောက်တော့လည်း ရတာပါပဲ။
  • နောက် ကိုယ့်နဲ့ ပက်သက်သောသူ(ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေ)အပေါ် ထားတဲ့ စေတနာကိုလည်း ယုံတယ်။ မြတ်စွာဘုရားဟောခဲ့သလို စေတနာသည်ကံ ဆိုတာလို ကိုယ်ပြုသမျှ ကိုယ့်ဆီပြန်လာမှာ ဖြစ်တဲ့ အတွက် စေတနာကို ယုံတယ်။ စေတနာဆိုးခဲ့ရင် အဆိုးတွေ ကိုယ့်ဆီရောက်လာမယ်။ စေတနာကောင်းရင် အကောင်းတွေ ကိုယ့်ဆီရောက်လာမယ်။ ကိုယ်ပြုလိုက်တဲ့ လမ်းဖက်က မဟုတ်ရင်တောင် တခြားသော နည်းလမ်းကနေ ပြန်လာတတ်တာပါပဲ။ အဲဒါလေးလည်း ယုံတယ်။
  • နောက်ဆုံးတစ်ခုက မလွဲမသွေ ကြုံကြရမယ့် သေခြင်းတရား ။ကြီးကြီးငယ်ငယ်၊ ရုပ်လှလှ၊ရုပ်ဆိုးဆိုး၊ သူဌေး သူတောင်းစား၊ ပညာရှိ ပညာတတ် ပညာရှင် ပညာမဲ့၊ လူလိမ္မာ လူဆိုး လူကောင်း လူမိုက် လူသွမ်း၊ သူအို သူနာ၊ အထက်တန်းလွှာ အောက်တန်းစားအလွှာ၊မင်းမှုထမ်း ဝန်ထမ်း ကျဘမ်းလုပ်သား ကိုယ်ကာယ လုပ်သား၊ အနုပညာရှင်၊ သူရူး၊ အားလုံး အားလုံး ကြုံဆုံကြမယ့် ဒီသေခြင်းကို ယုံတယ်။ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့။ ဘာတွေပဲပိုင်ဆိုင်ဖူးခဲ့။ ဘယ်လိုပဲနေထိုင်ပြုမူခဲ့ပစေ။ ဒီနေ့ခေတ်လိုမျိုးမှာ မြေတနေရာစာတောင် ဝယ်ဖို့ခက်လို့ မီးရှို့ပျောက်ကွယ်ခံနေကြရတဲ့ အဲဒီသေခြင်း။ အဆုံးသတ် ဘာမှန်းမသိဘဲ သေဖို့သွားနေသူချင်း မာနတခွဲသားနဲ့ ဟိုလူ့ကိုတွန်း နာဒီလူ့ကိုတိုက် ရုန်းကန် ကုန်းချော ခဏတဖြုတ်မှာ အမှတ်မထင်နိုင်အောင် ပျောက်ကွယ်သွားစေနိုင်တဲ့ အဲဒီသေခြင်းကို ယုံတယ်။

  • သူငယ်ချင်း ပန်းရင့်ရေ ရေးခိုင်းတာနဲ့ ရေးထားတာ ကိုက်ရဲ့လား မသိပါဘူး။ ကိုယ်တော့ ကိုယ်ရေးတတ်သလို ရေးထားတာပါပဲ။ ချစ်သူငယ်ချင်းလေး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။ တော်ကြာ ဖတ်ပြီး ကိုယ့်ကို ပြောကြတော့မယ်။ တောထွက်တော့မယ်ဆိုပြိးလေ ဟဟားးးး။
    မတဂ်ထားဘူးထင်ထားပြိးမှ သယ်ရင်းတွေ တဂ်ထားတာတွေ့လို့ ရေးပေးလိုက်တာ…အမှန်တော့ ကိုယ်က ယုံကြည်တာ အများသားကွ။ သူငယ်ချင်းနှင့်တကွ မောင်နှမများ ကျန်းမာပျော်ရွှင်ပါစေ

စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်