မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, November 10, 2009

ကျောက်တုံးတစ်တုံးရဲ့.......

ငါလည်း လွမ်းတတ်သားပဲ
မလှုပ်မယှက်နဲ့
မသိသလို ငြိမ်သက်
တကယ်တော့ ငါ ခေါင်းမတ်နေခဲ့တာပါ။
ခဏလေး မှေးတင်
သူ့မေးဖျားလေးမှာ
ဖွဖွလေးပြုံးအောင်
ငါ ရင်ကော့ထားခဲ့တာပေါ့။
ခပ်ဖိဖိလေးပဲ ထိုင်ထိုင်
ခပ်နိုင်နိုင်ပဲ ဆောင့်ဆောင့်
သူ့အတွက်ဆို ငါ
ရင်ဘတ်ကြီးတွေတောင် အောင့်လို့
ကျောတောင့်အောင် ရပ်နေဦးမှာပါ။
ငါ့ကိုယ်ပေါ် ချနင်း
သူ့ခြေကျင်းဝတ်လေးကို
ငါ့နားမှာ တွတ်တီတွတ်တာ
သူ့စကား လေသံသာကို
ငါ့ဘေးမှာ ထိုင်ငေး
သူ့မျက်ရည်ထွေးထွေးကို
ငါလည်း လွမ်းတတ်သားပဲ။
ညတွေမှာ ပင်လယ်လှိုင်းတွေ အပြေးတွေ့
ထွေးပွေ့ချင်စရာပေမယ့်
သမုဒယကို ကြိုးချည်
တယုတယကို ရိုးရည်ခဲ့တာပါ။
သူ့ကို မျှော်လျက်
အခေါ်လည်း ခက်သမို့
သူ မသိပေမယ့်
လူလည်း မပီခဲ့တဲ့
ငါလေ...
ခပ်မတ်မတ် ရပ်နေပေမယ့် လွမ်းတတ်ပါတယ်။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

မျှော်လင့်ချက်

ရေးချင်တာ ရေးထားဖို့
နှလုံးသားဆိုတာ
စာရွက်ပြင်ကျယ်ကြီးမှ မဟုတ်တာ
ရေးပြီး ပြန်ဖျက်လို့ရတဲ့
အလွယ်သုံး ကျောက်သင်ပုန်းလည်း
မဟုတ်ခဲ့ဘူးလေ။
အနီရောင်တွေ တထပ်ပြီး တထပ် ထေး
စွန်းရေးခဲ့တာ ခဏ မကတော့ဘူး။
ဒီအရာတွေ ပြေဖို့
ခဲဖျက်၊ မင်ဖျက်တွေ ထပ်ဆွေးသွားမယ်။
ပျောက်ပျက်လိမ့်မယ်လို့တော့
နဂိုတိုင်း ပြန်ရဖို့
ဟန်ပြလေးတောင် ငါ မမြင်ပါဘူးကွယ်။
လွမ်းနေတတ်ရုံနဲ့
ဒီငရဲခန်းက လွတ်မယ်တဲ့လား
စမ်းတဝါးဝါးပေမယ့်
မျှော်လင့်ချက်တွေ ဆက်ရှေ့
မနက်အသစ်တွေကို
တို့တွေ အတူမွေးဖွားမယ်။
ဟိုးးးးးခပ်ပျပျမှာ
အထပ်ထပ် မွနေတဲ့
ခပ်ဖွဖွ အပြုံးတွေ ရှိတယ်။
လာ တူတူ လျှောက်မယ်။
ရောက်တဲ့နေရာ ကိုယ်စီပိုင်ဖို့
ငါတို့ အတူ ရှိမယ်။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်