မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, August 15, 2009

မေလေးလွင်ဆိုတာ

မေလေးလေ အိမ်လည်း ဆောက်ပြီးရော လူက ဘာဆက်လုပ်ရမှန်းမသိအောင် ချွေးတွေပြန်လာတယ်။ ရီလည်းရီချင်နေတယ်။ကိုယ့်ဘာကိုယ် ဆောက်ထားပြီးတော့ လိုအပ်နေတာကိုလည်း ထပ်မလုပ်တတ်ဘူး။ ရေးစရာလည်း အဲလောက်မဟုတ်ဘူး။ ရင်ဘတ်ထဲမှာတော့ ရှိနေတယ်။ မေလေးနာမည်နဲ့လည်း ဖွင့်လို့မရတာနဲ့ သံလွင်မြစ်နားမှာ ကြီးပြင်းခဲ့တဲ့မေလေး၊ မေသံလွင် လို့ရေးတာလည်း မရ။ မေလေးလွင်ပဲ ရတော့ အဲဒီနိမ်းကိုပဲ ရေးလိုက်ရတယ်။ ဧရာဝတီကို သိမ်မွေ့တဲ့သတို့သမီး ဆိုပြီး ဖွဲ့ကြရင် မေလေးက သံလွင်ကို အရိုင်းဆန်ပြီး အကြမ်းတမ်းခံနိုင်တဲ့ လောကဓံကို ခံနိုင်ရည်ရှိတဲ့ မြစ်လို့ဆိုချင်ပါတယ်။ သူလိုရာ ခရီးရောက်ဖို့ ကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်ခဲ့ရတယ်။ ဘာကိုဖြစ်ဖြစ် သူ အစီးဆင်းမပျက် ခံနိုင်ရည်ရှိတယ်။ သူ့ဆီက ရတဲ့ ခွန်အားတွေနဲ့ သူရှိရာဒေသတွေကို အကျိုးပြုတယ်။ မြန်မာပြည်ထဲက မြစ်ဖျားခံတာမဟုတ်ပေမယ့် နွေးထွေးစွာ မကြိုလင့်ထားတဲ့ မြန်မာမြေကို သူ ဖြတ်သန်းရင်း သူ့လမ်းကို သူလျှောက်ခဲ့တယ်။ သူ့နားမှာနေခဲ့တဲ့ မေလေးလည်း သံလွင်လိုမျိုး ခံနိုင်ရည်ရှိဖို့ ကိုယ့်လမ်းကိုယ်ယုံကြည်စွာ လျှောက်ဖို့ .....

16 comments:

  1. မေလေး ပြန်မန့်တာကျတော့ ရနေတာပဲ

    ReplyDelete
  2. မေလေးရေ ရေးထားတဲ့စာတွေကညွှတ်နေတာပဲ
    မေလေးလည်း ကိုယ်ပိုင်ခရီးလမ်းကို
    ခံနိုင်ရည်ရှိရှိဖြတ်သန်းနိုင်ပါစေလို့

    ReplyDelete
  3. ဆောင်းမြူခိုး16/8/09

    မန့် လို့ ရပြီလားးး မြစ်ကလေးတွေကို တင်စားထားပုံလေးက မိုက်တယ်...

    ReplyDelete
  4. ဟိုတစ်နေ့က မန့်ထားတာ ဖျက်လိုက်သလား...။ မတွေ့တော့ဘူး။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဘယ်မန့်ကိုမှ မဖျက်ပါဘူး။ ဟီးး အားလုံးမေးလ်ထဲပဲရောက်သွားတယ်။ ကျေးဇူးတင်ပါတယ်နော်။ ကိုကြီးသားကြီး။ ကိုကြီးဘွိုင်းဇ်။ သယ်ရင်းဆောင်း

    ReplyDelete
  7. မေလေး နောက်တလေးပါလား...
    ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်ပြီး ကိုယ်တိုင်လျှောက်မယ့်သူမို့ အားပေးပါတယ်...

    ReplyDelete
  8. အားပေးပါတယ်...။ဖြည်းဖြည်းနဲ့မှန်မှန်ချီတက်ပါလေ..။

    ReplyDelete
  9. linkထားတဲ့အတွက်ကျေးဇူးပါနော်
    ကိုယ်လည်းပြန်လင့်လိုက်ပါတယ်
    ပျော်ရွှင်ပါစေ

    ReplyDelete
  10. ကျေးဇူးတင်လိုက်တာ အားလုံးကို မနက်ရောက်လို့ ဘလော့တွေဆီသွားပြီးရင် ကိုယ့်အိမ်လေးကိုပြန်လာ ကော်မန့်တွေကို ဖတ်ရတော့ ပျော်လည်းပျော် ဝမ်းလည်းသာတယ်။ ကျေးဇူးပါနော်

    ReplyDelete
  11. နာ့အစ်မမေလေးရေ..စာအရေးအသားကတယ်ကောင်းတာကိုး...အားပေးနေ
    မယ်အစ်မ..ဆက်သာရေး.....ရင်ထဲကအမှန်တရားတွေကို.......

    ReplyDelete
  12. လာလည်ထားတာ မသိလိုက်ဘူး.... ကျေးဇူးပါ..။ ပြန်လာပါတယ်...
    သံလွင်မြစ် ကို စိတ်ဝင်စားတယ်....း) သီးချင်း ကြောင့်လဲပါမယ်..။ စိုင်းစိုင်မော်ဝ် ဆိုတဲ့ သီချင်းလေ..။

    ReplyDelete
  13. သံလွင်ကို ချစ်တဲ့ မေလေး ရေ၊ ဧရာဝတီကို ချစ်တဲ့ ဧရာဝတီသား လာလည်သွားပါတယ်။
    ဆက်ရေးပါ၊ အားပေးနေပါတယ်။
    ခင်မင်လျက်

    ReplyDelete
  14. ballonlay18/8/09

    မေလေး သံလွင်မြစ်လိုပဲ ခံနိုင်ရည်ရှိပြီး ကိုယ့်လမ်းကိုယ်ယုံကြည်စွာ လျှောက်လှမ်းနိုင်ပါစေ..

    ReplyDelete
  15. aww ဟဲ့ ငါ မန့်ထားတာလဲ မရှိပါလား ဒီကိုရောက်ပါတယ် ဘယ့်နှယ် လူလဲ စိတ်နဲ့ကိုယ်နဲ့မကပ်ဘူးမေလေးရယ် သိလား ရောက်ရဲ့သားနဲ့ကိုယ့်ဟာကို မန့်မိမှန်းမသိတဲ့ ဘဝရယ် ဆိုးပါ့ကွယ် ဟဲဟဲ

    ReplyDelete