မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, August 20, 2009

ကိုယ့်ရဲ့နေ့သစ်

ဖြစ်ပျက်ခဲ့သမျှကို
အလိုလို ဒေါသပွား
စိတ်ထဲထားနေမှတော့
ဦးနှောက်မရှိတဲ့သူ
ကိုယ်ဟာ ပူလောင်နေတဲ့သူ
ဖြစ်သွားတော့မှာပေါ့။
သည်းခံခဲ့တာတွေကို
အရှုံးပေးတယ်လို့များ
ထင်ခဲ့ကြသလားကွယ်။
ရန်မများချင်
နားအေးအေး နေချင်သမျှ
စကားအချေအတင် မပြော
ခပ်ပေါပေါ ပျော်ပျော်နေခဲ့တာ
မင်းတို့အတွက်များ
ရယ်ဟားစရာ ဖြစ်နေသလား။
ကိုယ့်အချင်းချင်း
ချစ်ခင်တတ်ခဲ့ကြတဲ့အတွက်
(ကိုယ့်အပေါ်ကိုမှ)
ပြောထွက်ခဲ့ စကားလုံးတွေ
ကြားရတာ ကြာတော့ အရေထူ
အပြစ်ရယ်လို့လည်း မယူချင်တော့ပါဘူး။
ကိုယ်မှန်တယ်လို့ မဆိုပေမဲ့
မမှားဘူး ခံယူခဲ့သမျှ
ဒီဘဝတလျှောက်မှာ
တစ်ယောက်တည်း ဖြစ်ပါစေ
ရဲရဲကြဲီး နေချင်ခဲ့သူပါလေ။
တကယ်တော့ ကိုယ်ဟာ
ခံစားချက်ရှိတဲ့
ချစ်တတ် မုန်းတတ်သူပါ
အမြဲ ဥပေက္ခာပြုတတ်သူတော့
မဟုတ်ရပါဘူးကွယ်။
ဒဏ်ရာကင်းတဲ့ ကိုယ့်နှလုံးသားဟာ
အမုန်းတော့ မပွားတတ်ပေမယ့်
သွေးသားထဲ စီးဝင်နေသမျှ
ဒီမာနတွေနဲ့
အားလုံးကို ဥပေက္ခပြု
စိတ်ခုခဲ့တာကို မေ့ပစ်
နေ့သစ်တွေထဲမှာ
အပြစ်ကင်းတဲ့ ကဗျာလေးတွေနဲ့ပဲ
ကိုယ် အမြဲ နေရစ်တော့မယ်ကွယ်။


ကိုယ်ကိုယ်တိုင် ပြန်ပြန်ပြီးဖတ်ဖို့ရေးဖွဲ့ပါသည်။ အခုကာလလေးကိုပဲ စိတ်ထဲဖြစ်နေလို့ပါ။

4 comments:

  1. naingzaw20/8/09

    အရမ်းကောင်းတယ် မေလေးရေ ဒါကြောင့် အကိုပြောတာပေါ့ မေလေးက စာရေးသိပ်တော်ပါတယ်လို့

    ReplyDelete
  2. ဝက်ဝံလေး20/8/09

    မေလေးရေ သိပ်လဲ စိတ်ထဲမထားပါနဲ့ကွယ် မထားပါဘူးလို့ပြောလဲစိတ်ထဲမှာ ရှိနေသေးတာ သိပါတယ်

    ဟွန်းးးး နာတို့အားလုံး မေလေး အနားမှာ ရှိပါတယ်နော် သိလား မေလေးရေ ပျော်ပျော်သာ ငါတို့အားလုံး ဆက်ကဲကြရအောင်နော်

    ချီးယားးးးးးးးးးးးးးးးစ်

    ReplyDelete
  3. နေ့သစ်လေးမှာ
    ကဗျာအလှတွေနဲ့အတူ မေလေးပျော်ရွှင်ပါစေဗျာ

    ReplyDelete
  4. ၀က်ဝံလေးပြောတာမှန်တယ်အစ်မရေ....တို့အဖွဲ့လေးဆက်လက်ချီတက်ကြစို့

    ReplyDelete