ကြည့်စမ်း
ခွါသံ တဖြောင်းဖြောင်း
ရင် ဟောင်းလောင်း နဲ့
ထုတ်ချင်းဖောက်အောင် မှောင်နေတဲ့ ည။
ဘယ်လိုပဲ ချွေးသိပ်....သိပ်
သွေးကတော့ မတိတ်သေးဘူး။
ဒီလမ်းပေါ် သူတို့ရောက်တယ်။
ဒီလမ်းပေါ် သူတို့ပျောက်တယ်။
ရွှေဝါရောင် သင်္ကန်း
လွှမ်းလို့ဖြင့် သူတို့ ခြုံ
မေတ္တာတွေ အဟုန်နဲ့ သူတို့
စစ်ဖိနပ်တွေ
ပစ်ခတ်ရပ်စေဖို့
သူတို့ အေးငြိမ်း မေတ္တာပို့တယ်။
ကွယ် ဘယ်မှာလဲ ကိုင်းရှိုင်းမှုတရား
လက်ကိုင်တုတ်စေရာ
ဥာဏ်မကူဘဲ လိုက်ပါ
အမိုက်တကာ့ အမိုက်သား
ဒီငရဲက လွတ်မလား။
စက်တင်ဘာက ခဏနေ
ပြုတ်ကျတော့မယ်။
အသစ်ဝင် အဟောင်းထွက်
စက်တင်ဘာတွေ တထပ်ပြီး တထပ်
ဘယ်လိုချွေးသိပ်....သိပ်
ခုထိတော့ သွေးမတိတ်သေးဘူး။
(၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးသို့)
ဟယ် ကောင်းလိုက်တဲ့ ကဗျာလေး မေလေးရေ ဖတ်ရင်း ကြိုက်သွားတယ်သိလား
ReplyDeleteအဲ့ဒီလို အနှစ်သာရရှိတဲ့ ကဗျာတွေ မရေးတတ်သေးဘူး
ReplyDeleteသင်ပေးပါလား ... :)
ohh ဒီအစ်မကလဲ ရေးလိုက်တော့လဲ အမှန်တွေများတာပါလားဗျာ...
ReplyDeleteအဲဒီမှာပဲ နေတော့မယ်ဆိုပြီး သိပ်မကဲနဲ့နော် အစ်မ ...
ဝေး.......
ReplyDeleteအရမ်းထိမိတဲ့ ကဗျာလေးပါ....
ဘယ်တော့မှ မမေ့ပါဘူး...
ဒီကဗျာလေးအတွက်လည်း လေးစားမိပါတယ်...
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ပေးဆပ်ခဲ့ကြသော ပေးဆပ်နေစဲဖြစ်သော သံဃာတော်အရှင်သူမြတ်များအားလုံးနှင့် ပြည်သူကျောင်းသားများအားလုံးကို ဦးညွှတ်ဂါဝရပြုပါတယ်...
ချစ်ခင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)
ကဗျာလေးတော့ကြိုက်သွားပြီး
ReplyDeleteတစ်ကယ်ကောင်းတယ်
လေးစားပါတယ်
ReplyDeleteစိတ်ထဲရှိပေမယ့် မရေးတတ်ဘူး ..
အင်းဘာရေ့းရေးကောင်းနေတော့တာပဲ...
ReplyDelete