ရှိစေချင်သည်...
နားလည်မည့်သူ၊ အပူကိုမျှ
ဖေးမ အားဖြည့်၊ ကြင်နာကြည့်များ
စကားချိုမြွက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည့်နူး၊ နေဖူးချင်သည်...
သူက မေ့လျှင်၊ ညှိုးသွေ့ရော်ရွက်
အလက် မဝေ၊ ခက်မဝေတည့်
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည်...
သူနှင်မည့်နေ့၊ တနေ့နေ့ကို
ရွေ့ရွေ့ဖြတ်သန်း၊ လမ်းအဆုံးတည့်
မသိမဟုတ်၊ ထိန်းချုပ်ကင်းမဲ့
လျှောက်ခဲ့ပြီလား၊ စကားပြောဖော်
ခံစားဖော်ဖြစ်၊ သူစိတ်ညစ်မလား
ဖြစ်ခဲ့သည့်ဝန်၊ ကိုယ်အလွန်ချည်း
နစ်ကျွံလင့်မျှော်၊ နားလည်သော်မှ
အဖော်တစ်သက်၊ မခေါ်ရက်ပါ
ပျော်လျက်ပျော်ရာ နေပါစေ...
သံယောဇဉ်များ
စကားအကြည့်၊ တွယ်ငြိထပ်ထပ်
ဖြေလျှောဖြတ်ခက်၊ လပ်ဟာမွတ်သိပ်
တမ်းတစိတ်ဖြင့်၊ ပျော်ရိပ်ပျော်ဟန်
မပြန်ချင်မိ၊ ရှိစေချင်သည်...
နားလည်မည့်သူ၊ အတူတကွ
အပူမျှလျက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည်နူး၊ နေဖူးလိုက်ချင်
စိတ်ကူးယဉ်သည် ... ။
နားလည်မည့်သူ၊ အပူကိုမျှ
ဖေးမ အားဖြည့်၊ ကြင်နာကြည့်များ
စကားချိုမြွက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည့်နူး၊ နေဖူးချင်သည်...
သူက မေ့လျှင်၊ ညှိုးသွေ့ရော်ရွက်
အလက် မဝေ၊ ခက်မဝေတည့်
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည်...
သူနှင်မည့်နေ့၊ တနေ့နေ့ကို
ရွေ့ရွေ့ဖြတ်သန်း၊ လမ်းအဆုံးတည့်
မသိမဟုတ်၊ ထိန်းချုပ်ကင်းမဲ့
လျှောက်ခဲ့ပြီလား၊ စကားပြောဖော်
ခံစားဖော်ဖြစ်၊ သူစိတ်ညစ်မလား
ဖြစ်ခဲ့သည့်ဝန်၊ ကိုယ်အလွန်ချည်း
နစ်ကျွံလင့်မျှော်၊ နားလည်သော်မှ
အဖော်တစ်သက်၊ မခေါ်ရက်ပါ
ပျော်လျက်ပျော်ရာ နေပါစေ...
သံယောဇဉ်များ
စကားအကြည့်၊ တွယ်ငြိထပ်ထပ်
ဖြေလျှောဖြတ်ခက်၊ လပ်ဟာမွတ်သိပ်
တမ်းတစိတ်ဖြင့်၊ ပျော်ရိပ်ပျော်ဟန်
မပြန်ချင်မိ၊ ရှိစေချင်သည်...
နားလည်မည့်သူ၊ အတူတကွ
အပူမျှလျက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည်နူး၊ နေဖူးလိုက်ချင်
စိတ်ကူးယဉ်သည် ... ။
ဆရာမောင်စိန်ဝင်(ပုတီးကုန်း)ရဲ့ကဗျာလေးပါ။ ခုလောလောဆယ်တော့ ကိုယ့်ရင်တွင်းနဲ့ ဒီကဗျာ အစပ်အဟပ်တည့်နေလို့ ဆရာ့ကဗျာကိုပဲ တင်ထားလိုက်ပါတယ်။ နောက်လည်း ဆရာ့ကဗျာများကို ဖြစ်နိုင်ရင် နည်းနည်းစီ တင်ဖြစ်ပါဦးမယ်။ ကဗျာလာအားပေးသော ချစ်မောင်နှမများ။ သူငယ်ချင်းများ ကျန်းမာပျော်ရွှင်ပါစေ။ အချိန်မရှိသေးတဲ့ မေလေးကိုလည်း နားလည်ပေးနေတာကို ကျေးဇူးတင်ပါတယ်နော်။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
ငယ်ငယ်က အမေ ဝယ်ထားတဲ့ ကဗျာစာအုပ်ထဲက ဖတ်ဖူးတယ်.. ခုပြန်ဖတ်ရတာ ကောင်းလိုက်တာ..
ReplyDeleteကိုပုတီးကုံး မစိန်ဝင်းကတော့ အရေးအသားကတော့ စံပါပဲဗျာ။ ခံစားချက်တွေကို နှလုံးလဲလှယ် ခံစားနေသလားအောင့်မေ့ရတယ်။ ကျေးဇူးတင်ပါတယ်အစ်မရေ
ReplyDeleteကျေးဇူးပါအစ်မ.....ကဗျာလေးပြန်ဖတ်ရလို့
ReplyDeleteမင်္ဂလာပါ မေလေးရေ..
ReplyDeleteအရင်က ဒီကဗျာလေးကို ဖတ်ဖူးပေမယ့် အခုတစ်ခါ ထပ်ပြီး ခံစားဖတ်ရှုသွားပါတယ် ခင်ဗျာ။
ခင်မင်စွာဖြင့်
ကိုမျိုး
သောကခြေရာ (၅) ရှိလားဟင်...။
ReplyDeleteအချိန်မရှိရင် အချိန်ကို အချိန်ပိုင်းနဲ့ ငှားပေးမယ်လေ...
ReplyDeleteးဝ)