အဆိပ်အပြည့်နဲ့
ခပ်ပြင်းပြင်း ခြွေချ
တစ တစ နဲ့ ကြွေ
အသက်မျှင်းမျှင်းလေးနဲ့ မေ။
ရေတွေကို သူ ခိုး။
အသက်တွေလည်း အစိုးမရတဲ့ မေ။
မိုးနည်းနည်းလေးနဲ့
မျှော်လင့်ချက်တွေထဲ မျက်ရည်မိုးတွေခြွေချ
အခါခါ မက,တော့ဘူး မေ။
ဘယ်ကာလက မှိုင်းမိခဲ့လို့
ခုများမှာ ဆက်တိုက် တိုင်းသိနေရတာလဲ။
မုန်တိုင်းတွေ ဆော့ပြေး
လေပြင်းတွေ ဒေါသူပုန်ထတယ်။
တို့မီး ရှို့မီး နဲ့ လောဘမီးတွေ တောက်လောင်
တို့ဝမ်းတွေ ခေါင်သထက်ခေါင်အောင်
သူ ဆောင်တတ်တယ်။
တစပြင်လို ခဏခဏဖြစ်ပြနေရမှာလား မေ။
ဒီမေထဲ
လဲမကျချင်ဘဲ လှဲချခံရ
မေဆိုတာ မေ မဟုတ်တော့သလိုပဲ။
မေ ဆိုတာ
ဖူးပုရစ်တွေ အစီအရီဖူးလို့
သူက ရာသီကို ကူး
အရင်ဦးတဲ့ လ ဖြစ်ခဲ့ဖူးတယ်။
ဒီအမိုက်တိုက်တွေထဲ
မေကို မမွေးခဲ့ပါဘဲ
ဒိနွေကို ဘယ်သူဆက်ထား
မေကို အရုပ်ဆိုးစေခဲ့တာလဲ။
ဘယ်လိုယတြာ ဘယ်လိုအထာတွေနဲ့
ချေ ချေ ချေလို့ ပြေပါ့မလား မေ။
နှလုံးသားမဲ့တာလား
အပြုံးတွေကို မငဲ့တာလား။
အမုန်းတွေပဲ ဖဲ့ဖဲ့ပေးနေတာလား မေ။
ခပ်ပြင်းပြင်းနဲ့ခြွေချ
တစ တစနဲ့ ကြွေနေရလို့
အသက်မျှင်းမျှင်းလေးနဲ့ ဒီမေက
အဆိပ်သင့် မေ ။
ခပ်ပြင်းပြင်း ခြွေချ
တစ တစ နဲ့ ကြွေ
အသက်မျှင်းမျှင်းလေးနဲ့ မေ။
ရေတွေကို သူ ခိုး။
အသက်တွေလည်း အစိုးမရတဲ့ မေ။
မိုးနည်းနည်းလေးနဲ့
မျှော်လင့်ချက်တွေထဲ မျက်ရည်မိုးတွေခြွေချ
အခါခါ မက,တော့ဘူး မေ။
ဘယ်ကာလက မှိုင်းမိခဲ့လို့
ခုများမှာ ဆက်တိုက် တိုင်းသိနေရတာလဲ။
မုန်တိုင်းတွေ ဆော့ပြေး
လေပြင်းတွေ ဒေါသူပုန်ထတယ်။
တို့မီး ရှို့မီး နဲ့ လောဘမီးတွေ တောက်လောင်
တို့ဝမ်းတွေ ခေါင်သထက်ခေါင်အောင်
သူ ဆောင်တတ်တယ်။
တစပြင်လို ခဏခဏဖြစ်ပြနေရမှာလား မေ။
ဒီမေထဲ
လဲမကျချင်ဘဲ လှဲချခံရ
မေဆိုတာ မေ မဟုတ်တော့သလိုပဲ။
မေ ဆိုတာ
ဖူးပုရစ်တွေ အစီအရီဖူးလို့
သူက ရာသီကို ကူး
အရင်ဦးတဲ့ လ ဖြစ်ခဲ့ဖူးတယ်။
ဒီအမိုက်တိုက်တွေထဲ
မေကို မမွေးခဲ့ပါဘဲ
ဒိနွေကို ဘယ်သူဆက်ထား
မေကို အရုပ်ဆိုးစေခဲ့တာလဲ။
ဘယ်လိုယတြာ ဘယ်လိုအထာတွေနဲ့
ချေ ချေ ချေလို့ ပြေပါ့မလား မေ။
နှလုံးသားမဲ့တာလား
အပြုံးတွေကို မငဲ့တာလား။
အမုန်းတွေပဲ ဖဲ့ဖဲ့ပေးနေတာလား မေ။
ခပ်ပြင်းပြင်းနဲ့ခြွေချ
တစ တစနဲ့ ကြွေနေရလို့
အသက်မျှင်းမျှင်းလေးနဲ့ ဒီမေက
အဆိပ်သင့် မေ ။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
မေရဲ့ ဖြစ်ပျက်မှုကို အထင်းသား ပေါ်လွင်အောင် ရေးထားတဲ့ ကဗျာလေးကို အားပေးသွားတယ်နော်...ရေးတတ်ပါပေတယ် မေလေးရယ်...
ReplyDeleteမေလရဲ့ သရုပ်ကို ဖော်ထားတဲ့ ကဗျာလေးက မြင်ကွင်းကို ထင်းကနဲ ပေါ်လွင်စေပါတယ် အစ်မ.. ကျေးဇူးပါနော် ...း)
ReplyDeleteမေလေးရဲ့ မေ လား
ReplyDeleteမေ ရဲ့ မေလေး လား
ဘာပဲဖြစ်ဖြစ်
မေ ရဲ့ အလွမ်း
မေ ရဲ့ အနမ်း တွေက
ယနေ့တိုင် ညို့မှိုင်းနေတဲ့
တောင်တန်းကြီးတွေနဲ့အတူ
တည်နေမြဲပါလေ ...
သြော် ....
အဆိပ်သင့် မေ တဲ့
ဖွဲ့တတ် ပါပေ့ မေလေရယ်...
မေလေးရဲ့ မေ က ရင်ကိုလှပ်ခနဲ့ ကျန်ခဲ့တဲ့
စက်တင်စိုး ...
အဆိပ်သင့်စေတဲ့မေလား ဆိပ်သင့်အောင်လုပ်နေကြတဲ့မေလားမသိတော့ဘူးဗျာ။ လူတွေမှ အခြေခံအကျင့်စရိုက်ကောင်းလေးမှ မရှိတာ။ ဘယ်က ကဗျာဆန်မဲ့မေဖြစ်လာမှာလဲ။ ကဗျာဆန်တဲ့မေဖြစ်ဖို့ ကိုယ်ချင်းစာတရားလေးနဲ့ ဖန်တီးနိုင်ကောင်းပါရဲ့နော်။ “ငါ့ကိုဒီလိုလုပ်ရင် ငါလဲဒီလိုခံစားရမှာပဲ” ဆိုတဲ့ အသိလေးတွေအနည်းဆုံးရှိစေချင်လိုက်တာ အစ်မရယ်။ ကဗျာဆန်တဲ့မေလလေးဖြစ်စေချင်တာပေါ့။ ဟောလိုက်တဲ့တရားတွေ နာလိုက်ကြတဲ့ ပရိတ်သတ်။ တရားစခန်းကထွက် ဖျတ်ကနဲ့ လွင့်ပြစ်လိုက်တဲ့ အသိကောင်းလေးတွေ လက်တွေ့မှမကျင့်သုံးနိုင်သရွေ့ ကဗျာဆန်တဲ့မေ၊ အကြင်နာတရားနဲ့မေတော့ ဖြစ်လာမယ်မထင်ဘူး အစ်မရေ။
ReplyDeleteမေလေးရေ ..
ReplyDeleteမတွေ့ရတာ ကြာပေါ့ ... ကဗျာတွေ မဖတ်ရတာလဲ ကြာပေါ့ ... လွမ်းလိုက်တာ ... မေလေးရဲ့ ကဗျာတွေ ဖတ်နေရရင် ကဗျာဆန်တဲ့ မေ ဖြစ်လာနိုင်ကောင်းပါတယ် ...
ခင်မင်စွာဖြင့်
လင်း
မေလေးရေ။
ReplyDeleteအဆိတ်သင်မေဆိုတဲ့ကဗျာလေးကဖက်ရင်းနဲ့
စာရေးသူကိုဂရုဏါသက်မိပါတယ်။
လက်တွေကျကျဘ၀ကြီးရဲ့အဖြစ်အပြက်တွေကို
ကဗျာထဲမှာထည်ရေးထားတဲ့မေလေးရဲ့စိတ်ကူးကို
လေးစားပါတယ်။
အင်း
ReplyDeleteအဆိပ်သင့်ပြီးကတည်းက ပျောက်နေပြန်ပြီ..
ဘယ်တွေရောက် ဘာတွေလုပ် .
သတိရလို့ လာတယ် မေလေးရေ..
အဆိပ်သင့်နေရင်ပျောက်အောင်ကုတော့..
မေလေးရေ။ မေလေးရဲ့ကဗျာတွေလည်းမဖတ်ရတာကြာပေါ့။
ReplyDeleteကဗျာလေးတွေပြန်ရေးအုံးလေ။