ဒီအရိပ်လေးထဲ
ဝဲရင်း ဝဲရင်း စုပ်မြုပ်ပါ
မရဲတတ်ခဲ့တာလည်း ကြာပေါ့။
လျှိုမထွက်ချင်ဘဲနဲ့
ခိုလည်း ခိုခဲ့ချင်ပါရဲ့....
ပြိုမယ်ဆို ကြိုငိုထားခဲ့မှာပါ။
ဒီအရိပ်လေးကိုပဲ
မေ့မေ့မောမော ငေး
ပြည့်ပြည့်သောသော ထွေးလိမ့်မယ်လို့(လည်း)
တွေးခဲ့ဖူးတာပေါ့။
အကိုင်းအခက်မပါ
အရွက်ပါး သစ်တစ်ပင်မှန်း
တိုင်းထက်မသိ
ဆက်မှားရပ်မိနေတုန်းလေ။
လေအဝှေ့ ပင်အယိမ်း
အရိပ်ပါးထဲ စုပ်မြုပ်လွင့်
ပင်စည်နား ခိုဖို့ငဲ့
ကိုယ်တစ်ကိုယ်စာတောင်
အို.... မလိုတမာလို
ချိုခဲ့ သကာတွေတောင် ခါးသက်မျက်ရှ
နားခဲ့တာကိုပဲ အပြစ်ဆို
ထားခဲ့တာလည်း မဖြစ်လို
အရိပ်ကလေးကို သူဖြို။။။။
တကယ်မရောက်လေတဲ့
ဘယ် အမှောင့်တွေကြောင့် အရိပ်လေးကို ဖြို...
မရဲတတ်ခဲ့လေသမျှ
အမြဲလည်း ခက်နေခဲ့တဲ့ သံယောဇဉ်တွေနဲ့
အရိပ်ကလေးနား
တိတ်တိတ်ကလေး အို...........
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
အင်း သံယောဇဉ်တွေကြောင့် ခက်တယ်မေလေးရေ..
ReplyDeleteအရိပ်ကလေးက ဘယ်အတွက်ကြောင့် ဖြိုခံလိုက်ရပါလိမ့်
ဖတ်ပြီးစိတ်မကောင်းစရာဘဲ...
အင်း သံယောဇဉ်တွေကြောင့် ခက်တယ်မေလေးရေ..
ReplyDeleteအရိပ်ကလေးက ဘယ်အတွက်ကြောင့် ဖြိုခံလိုက်ရပါလိမ့်
ဖတ်ပြီးစိတ်မကောင်းစရာဘဲ...