သောက အစွန်းအပေတွေနဲ့
မသေသပ်ခဲ့သမျှ
မနေတတ်ခဲ့တဲ့ ငါ
ဇာတ်လမ်း ကြိုသိစေတဲ့အဖြစ်
ကြေညက်ခဲ့တာတော့ ကြာပြီ။။။။။။
ပြန်.....ပြန် ကျော့မိတဲ့
ပေါ့ပေါ့ဆဆ ညစိမ်းတွေ
သူ့လက်နဲ့ လာလိမ်းခြယ်နေသေးရဲ့..
မျက်လွှာချပုံလေးက
တကယ့် ယုန်အ တစ်ကောင်။
မာယာနဲ့ ပစ်အဖမ်းမှာ
ယောင်ယမ်းဇွတ်တိုး
မုဆိုးရဲ့ရှိုက်သံ သဲ့သဲ့
တောပြိုအောင် ဖွဲ့။။။။။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
မေလေး
ReplyDeleteဒီကဗျာလေးတော်တော်သဘောကျတယ်
ဘာလု့မှန်းမသိဘူး
ကဗျာဖတ်ပြီး တစ်ခုခုကိုသွားပြေးမြင်နေမိတယ်..
ဘာလဲဆိုတာ ပြောပြဘူးး)
မေမေကြီး မတွေ့တာကြာပေါ့ နေကောင်းလား
ReplyDeleteစာလာဖတ်တယ်နော် သတိရသေးလား ဟွင့်
ဇာတ်လမ်းကြိုသိတယ်ဆိုတော့ မြန်မာကားများလား?
ReplyDeleteမရေးဖြစ်တာ ကြာပြီထင်တယ်နော်..
ReplyDeleteကဗျာ လာဖတ်ပါတယ်.. တိုတိုလေးနဲ့ ထိမိတဲ့ ကဗျာလေးပါပဲ..