မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, September 28, 2010

ကာရံမညီ

-ဗီးနပ်စ် တဲ့
မီးဖိနပ်ကို စီးရတဲ့ ကချေသည်
သူ့အတွက် တီးလုံးကိုတော့
မိုးလေး နည်းနည်း အုံ့ပေးကြပါ။

-ကိုယ့်မြင်း ကိုယ်စိုင်းခဲ့တာပဲ။
ဘယ်အုတ်တံတိုင်းကို တွေ့တွေ့
ကွေ့ ဖြတ်ကျော်မယ်။

-ရနံ့ မရှိရင် ပန်း မဟုတ်ဘူးလို့တော့
တဖက်သတ် မပြောလိုက်ပါနဲ့။
လမ်းလျှောက်ထွက်လာသူတွေ
ငါ့ ရင်ထဲက စာတန်း တွေ့ မသွားကြဘူး။
…….လွမ်းမိတယ်……။
-တကယ်တော့
ကမ္ဘာ လောကကြီးဆိုတာကိုက
အကြိမ်ကြိမ် အကယ်ဒမီရနေတဲ့
ဂန္တဝင်မြောက် ရုပ်ရှင်ကားလေ။




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

3 comments:

  1. ကမ္ဘာလောကကြီးက အကယ်ဒမီအကြိမ်ကြိမ်ရသလို
    လူတစ်ချို့ကိုလည်း အကယ်ဒမီ အကြိမ်ကြိမ်ပေးသင့်ပါတယ်..

    ReplyDelete
  2. Anonymous28/9/10

    ဟုတ်တယ် ကိုယ့် ကိုယ် ကို အကြိမ်ကြိမ် အကယ်ဒမီ ပေးလိုက်မှာ ကမ္ဘာလောကကြီးက တို့ ကို အမြင်ဖူးလေ

    ReplyDelete
  3. -ရနံ့ မရှိရင် ပန်း မဟုတ်ဘူးလို့တော့
    တဖက်သတ် မပြောလိုက်ပါနဲ့။
    လမ်းလျှောက်ထွက်လာသူတွေ
    ငါ့ ရင်ထဲက စာတန်း တွေ့ မသွားကြဘူး ....တဲ့

    * ဟုတ်တယ်ဗျာ ... တကယ်ဆို ရင်ဘက်ထဲကစာကိုတော့ မြင်အောင် ကြည့်ဖို့ကောင်းပါတယ် ...

    ReplyDelete