ဇူလိုင်မဟုတ်ပါဘဲ
အလွမ်းမိုးတွေ သည်းဖို့
ချစ်ခြင်းတွေ စတည်ခဲ့တာ
ဒီလို နိုဝင်ဘာမှာလေ။
နွေးထွေးစွာ ချိုမြ
သူ့အပြုံးတွေ အောက်မှာ
ပီကေတစ်ခုလို အချို ရှိသလောက်
ဝါးချေစေချင်ခဲ့တာပ။
ရသာကုန် ထွေးမဟုန်သေးပါဘဲ
တဖောက်ဖောက်မြည်
သူ ပူဖောင်း မှုတ်ပြန်သည်(လည်း)
ဆန္ဒ ဆိုတာ
ကိုယ် မသိတဲ့ ဝေါဟာရလို
ငြိမ်ဆိတ် ကြေမွ ပေးခဲ့သည်ပဲ။
ရှိပါစေလေ။
ထားခဲ့ချင်မှတော့
ဖြစ်တဲ့နည်းနဲ့ နေရစ်မှာပါ။
တစ်ယောက်တည်း ဆိုတဲ့ ခရီး
ခါးသီးလွန်းရင်တောင်……
တွဲထားဖူးတဲ့ လက်တွေအတွက်
တသသ တမ်းတမိရင်တောင်……
အသတ်ခံခဲ့ရတဲ့ မျှော်လင့်ချက်တွေနဲ့
နာလန်ထူဖို့ ခက်ခဲခဲ့ရင်တောင်……
မနက်ဖြန်ဆိုတာတွေကို
နှလုံးသား မပါလည်း
မာန တခုတည်းနှင့် ဆက်လက်ရင်ခုန်မယ်။
ရူးမတတ် မက်မောမိပေမဲ့
အဲဒီ ရင်ဘတ်က ရှောင်ဖယ်ရက်တဲ့အခါ
တွယ်ကပ်ပြီး ရှေ့ ဆက်ဖို့အထိတော့
ဘဝကို ခဝါ မချရက်ဘူးလေ…။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
မေလေး
ReplyDeleteဘာတွေ နာကျင်နေတာလဲ
တကယ်ခံစားနေရတာလား
ဒဏ်ရာဆိုတာ အချိန်တစ်ခုအထိတော့ ခံစားရမှာဘဲလေ..
အားတင်းထားနော်.. တစ်ချိန်ကျရင်တော့ ပျောက်ကင်းသွားစမြဲပါ
အဲဒီချိန်ကို ခံနိုင်ရည်ရှိစွာ ကျော်ဖြတ်နိုင်ဖို့ကြိုးစားပါ..
တခါတခါ ဘဝကို ဖော်လ်မတ်ချပြီး အသိညဏ်တွေဆေးကြော ပစ်ချင်မိတယ်
ReplyDeleteဘာပြောပြော အားပေးပါတယ်ဗျာ ခံနိုင်ရည်မွေးပါ