မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, December 27, 2010

အရောင်တွေနဲ့ ရေးတဲ့ကဗျာ











ကင်းဘတ်ဖြူ တချပ်
ဆေးတစ်ခွက်နဲ့
စုတ်ချက်တွေဆီ သွားမယ်။
အာရုံကိုနောက်ခံ
အပြောက်နဲ့ အကြည်
အပီနဲ့ အလင်း
ထင်းနေတဲ့ အမှောင်တွေကြား
လျားလျားညီအောင် မြင်ရမယ်။
အထင်ကရ အရိပ်တွေထဲ
အတိတ်တွေလည်း မျောပါ ..... ဗလာဆိုတာလည်းရှိ
သမ္ဘာတွေလည်း မထိတထိလေ။
ခေါင်းညိမ့် ခေါင်းခါ လက်ပြ ပြုံးဖို့ ဝေးလို့
ဟန်ပြတွေလည်း သုံးစရာမလို
ဆေးစက်တွေထဲကို ဝင်
စုတ်ချက်နဲ့ အသက်ရှင်
ပြေ... ရင့် ... ဖျော့ ... ပြင်း ..
စင်းနေအောင် ဝပ်ဆင်း
စာတစ်လုံးမှ မခင်းဘဲနဲ့
အရောင်တွေနဲ့ အသက်သွင်း
ဟော.. ဒါ လည်း ကဗျာပါပဲ....။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

2 comments:

  1. ကဗျာခေါင်းစဉ်လေးက လှတယ်..
    ဟန်ဆောင်မှုမရှိတဲ့ ကမ္ဘာကြီးထဲနေရတာစိတ်ချမ်းသာဖို့ကောင်းပါတယ်.
    အရောင်ကလေးတွေနဲ့ ကစားရင်းပေါ့နော်.. ကိုယ်စေတဲ့အတိုင်း အရောင်နဲ့အသက်သွင်းပေးတဲ့ သူတို့လေးတွေက ချစ်စရာ..
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ မေလေးရေ...
    တို့ဘလော့က အသစ်ပြန်ပြောင်းထားလို့ လင့်က update မဖြစ်တော့ပြန်ဘူး
    ဖြုတ်ပြီး ဒီလင့်ကိုဘဲ တစ်ခါ ပြန်ချိန်ပေးပါနော်...

    ReplyDelete
  2. ကဗျာလေး လှတယ်..

    ReplyDelete