ရင်ဘတ်ထဲ ပွေ့ထားရင်းနဲ့
သိမ်း ထုတ် ငင် ယှက်
လက်တွေနဲ့ ယက်ခဲ့ရတယ်။
အမှောင်ကို ကြို အရိပ်ကိုခိုရင်း
ရေတွေစိုမှာလည်း စိုးခဲ့ရတာပါ့။
တမျှင်ပြီး တမျှင်တိုး
ခြေထိုးရင်တောင် မပြိုဘူး ထင်ခဲ့တာလေ။
ရင်ဘတ်တွေ နာအောင် အန်ထွေးရင်း
ပိုက်ထားမိသမျှတွေ လျှံကျနေအောင်
ဒီအိမ်ကလေးက ခံနေပါ့မလား။
မဝံ့မရဲပေမယ့်
တွန့်ဆွဲလည်း မနေခဲ့ပါဘဲ
ဝင်ရပ်ကာ အမောဖြေမယ်ကြံ
လေသင်တုန်ဲး မာန်အဟုန်နဲ့
ကျီစာသန် ပြန်အဝှေ့မှာတော့
ဟန်ကလေးနဲ့ တောင် နှုတ်မဆက်
ရုတ်တရက်ပဲ ခွဲခဲ့ရတာလေ။
ပြန်ဆင်မယ် ဒီစိတ်ကူးတွေနဲ့
မာန်ကြိုတင် မိန့်မူးပေမယ့်
ယိမ်းနွဲ့အား မမျှလေသမျှ
တိတ်တိတ်သာ အရိပ်လေးထဲ
ခပ်မဆိတ်ဘဲ ရပ်နေပါရစေတော့။
သိမ်း ထုတ် ငင် ယှက်
လက်တွေနဲ့ ယက်ခဲ့ရတယ်။
အမှောင်ကို ကြို အရိပ်ကိုခိုရင်း
ရေတွေစိုမှာလည်း စိုးခဲ့ရတာပါ့။
တမျှင်ပြီး တမျှင်တိုး
ခြေထိုးရင်တောင် မပြိုဘူး ထင်ခဲ့တာလေ။
ရင်ဘတ်တွေ နာအောင် အန်ထွေးရင်း
ပိုက်ထားမိသမျှတွေ လျှံကျနေအောင်
ဒီအိမ်ကလေးက ခံနေပါ့မလား။
မဝံ့မရဲပေမယ့်
တွန့်ဆွဲလည်း မနေခဲ့ပါဘဲ
ဝင်ရပ်ကာ အမောဖြေမယ်ကြံ
လေသင်တုန်ဲး မာန်အဟုန်နဲ့
ကျီစာသန် ပြန်အဝှေ့မှာတော့
ဟန်ကလေးနဲ့ တောင် နှုတ်မဆက်
ရုတ်တရက်ပဲ ခွဲခဲ့ရတာလေ။
ပြန်ဆင်မယ် ဒီစိတ်ကူးတွေနဲ့
မာန်ကြိုတင် မိန့်မူးပေမယ့်
ယိမ်းနွဲ့အား မမျှလေသမျှ
တိတ်တိတ်သာ အရိပ်လေးထဲ
ခပ်မဆိတ်ဘဲ ရပ်နေပါရစေတော့။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
ဘာဖြစ်လို့ရပ်နေမှာလဲ
ReplyDeleteဆက်လျှောက်လေ...
တခါတလေတော့ လိုအပ်ရင် ရုတ်တရက် ခွဲခွာကြရတာပါဘဲ မေလေးရေ
ဟားးးးးးးးး ကျနော် အရမ်းကြိုက်တဲ့ ကဗျာ ရေးဟန်လေးပါပဲ။
ReplyDeleteကဗျာ ဆိုတာ ကာရံ မလိုဘူး ဆိုပေမဲ့ ရွတ်ဆိုကောင်းဖို့တော့ လိုတယ်။
အသံသာဖို့လိုတယ်။ လေးစားပါတယ်ဗျာ။
ကဗျာလာဖတ်သွားတယ်မေလေးရေ ...
ReplyDeleteမရောက်တာကြာတော့ အားလုံး အဆင်ပြေနေကောင်းတယ် ဟုတ်
ကဗျာလာဖတ်သွားတယ်မေလေးရေ ...
ReplyDeleteမရောက်တာကြာတော့ အားလုံး အဆင်ပြေနေကောင်းတယ် ဟုတ်