မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Sunday, August 23, 2009

သူနဲ့အတူ

ထပ်လို့ရနိုင်သမျှ
ခြေရာတွေထဲမှာလည်း
ၾကည္နူးရႊင္ပ်
ပျော်ဖူးချင်ရဲ့....သူနဲ့အတူ ။
အနီးက ရွက်ဝါ
အဝေးက လိပ်ပြာ
မြင်မြင်သမျှမှာလည်း
ပြုံးရွှင်ပျော်မြူး
ရယ်ဖူးချင်ရဲ့....သူနဲ့အတူ ။
တစ်ယောက်တစ်ဖက်
ခိုင်မြဲ တွဲလက်
ထာဝရတိုင် မြဲမယ်လို့လည်း
ယုံကြည်ချင်ခဲ့ ....သူနဲ့အတူ ။
ဒါပေမယ့်လေ
မျှော်ဖူးခဲ့တဲ့ အပျော်
ပြုံးချင်ဖူးတဲ့ အရယ်
ယုံချင်ခဲ့တဲ့ တွဲလက်
သူမဖျက်ပါဘဲ
သူမတွယ်လေအောင်
ကိုယ်ကပင် ဝေးစေရမည်မို့.....

8 comments:

  1. မမေလေးရေ...သူနဲ့အတူ ကဗျာလေးကို သေချာ ဖတ်သွားပါတယ်ခင်ဗျာ။ ကဗျာကောင်းလေးတစ်ပုဒ် ရင်ထဲရောက်လာပါတယ်ဗျာ။

    ReplyDelete
  2. မင်း23/8/09

    ကောင်းပါ၏ ကောင်း၏ ရေးထားလိုက်တာ အများကြီးဘဲနော် ....

    ReplyDelete
  3. ကဗျာလေး ခံစားသွားတယ် ဒီက တော့ ရေးတတ်ဘူး ရွေ တော်၏ ငါ့မေလေး ဟဲဟဲ

    ReplyDelete
  4. ဝေးမယ်ဆိုရင်လည်း သူနဲ့အတူ ဝေးကြပေါ့လေ။ ဘာကြောင့်လဲတော့ မမေးတော့ပါဘူး။

    ReplyDelete
  5. ဘယ်သူလဲတိဝူးးးးးးး(အရမ်းကောင်တယ်ကဗျာလေးက )

    ReplyDelete
  6. မေလေးရေ.. မိုက်တယ်ကွာ ကဗျာက... တကယ်...
    ခုလောလောဆယ် ငယ်က အသည်းနည်းနည်းအက်နေတာဆိုတော့... heart ထိတယ် မေလေးရယ်... ငယ် ကဗျာလေး ကူးလို့ရမလားဟင်... မြန်မြန်လေး အကြောင်းးပြန်ပေးပါ....

    ReplyDelete
  7. ကိုယ်ကဗျာမရေးတတ်ဘူး ဒါပေမယ့်ဖတ်တတ်တယ်
    မေလေးက ကဗျာမှာပါရမီရှိပုံရတယ်
    ဖွဲ့နွဲ့တတ်တယ်
    သေသေချာချာဖတ်သွားပါတယ်မေလေးရေးး

    ReplyDelete
  8. ကဗျာလေးကို လာငေးမောသွားတယ်
    အေးမြသာယာပါစေ
    ရန်ကုန်သား
    :D

    ReplyDelete