မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Wednesday, August 26, 2009

ဒီအတိုင်း

ဖြစ်ချင်တာ'ဆန္ဒ'
ဖြစ်လာတာက 'ဘဝ'လေ။
'ဆန'္ဒ နဲ့ 'ဘဝ' တထပ်တည်းမကျသမျှ
အကျပ်အတည်းကလည်း
ခက်ခဲနေခဲ့ပေမယ့်
ရိုးအီနေတဲ့ ပုစ္ဆာတစ်ပုဒ်လို
အဖြေမထုတ်လည်း
ညှိလုပ်စရာ မလိုပါဘူးကွယ်။
အတ္တတွေထဲမှာပဲ ခုံမင်စွာနစ်မျော
ခြေကုပ်ရပ်ရတာ မမြဲတမြဲ အခြေအနေမှာ
ခြင်္သေ့မင်းရဲ့စေတနာ နားလည်ပေမယ့်
ဝေဒနာနဲ့ အားနည်းသူမို့
ဘယ်လို ယူရမှာလဲ။
ဝေးလည်း မဝေးရဲ
နီးလည်း မနီးဘဲနဲ့
ဒီအတိုင်းပဲ ရှေ့ဆက်ဦးစို့ အဖြူရောင်လေးရေ။



ဆောင်းဦးလှိုင် သီချင်းစာသားအား အနည်းငယ်ယူသုံးထားပါသည်။

5 comments:

  1. အင်းအဖြူရောင်လေးကတော့မျှော်ရတာမောတော့မှာပဲ..ဟိဟိ

    ReplyDelete
  2. ဆန္ဒနဲ့ဘဝ တစ်ထပ်ထဲမကျခဲ့တာတော့
    မွေးကတည်းကပါပဲ မေလေးရေ
    ဆောင်းဦးလှိုင်ရဲ့သီချင်း အရင်ကသိပ်ကြိုက်ခဲ့တာပေါ့
    ခြင်္သေ့မင်းရဲ့စေတနာက ဘယ်လိုနေမှာပါလိမ့်နော်

    ReplyDelete
  3. မေလေးရေ
    ကဗျာလေးက နုနုညက်ညက်နဲ့ 
    ကောင်းလိုက်တာ
    ပျော်ရွင်ပါစေ
    ၇န်ကုန်သား :D

    ReplyDelete
  4. ဟုတ် ခြင်္သေ့က စေတနာနဲ့ဆိုပေမယ့် ဘယ်သူက လက်ခံရဲမလဲနော် :) :) ကြောက်စရာကြီးးး:0 ကျေးဇူးနော် ကိုသားကြီး ကိုရန်ကုန် သက်တန့်

    ReplyDelete
  5. လာလာနောက်ကျ ခွင့်လွှတ် မေလေးရေ ဖတ်သွားတယ် သိလား

    ReplyDelete