ချစ်သူဆိုတာ
အပေးအယူ တူမျှ
ယူတာချည်း မပေး
ပေးတာချည်း မစီးဆင်းဘဲ
ဘက်ညီစွာ ဖြတ်သန်း
ရုန်းကန်မြစ်ထဲ အတူတူ။
ချစ်သူဆိုတာ
ထွေးကူ ချိုမြ
နှလုံးလှစွာ ဖေးမ
ကြွေရင်လည်း အတူဆင်း
ဝေကြရင် တခက်တည်းပွင့်ဖို့
ဆိုစရာ မလိုတဲ့ သစ္စာတွေ အတူတူ။
ချစ်သူဆိုတာ
ယုံကြည်ချက် အတူချ
ဘဝ ပလန်တွေကြား
မယိုင်မလဲ ထူမ
လက်တွေ ဖြုတ်ချစရာ မလိုတဲ့
ခိုင်မာချက် အတူတူ။
ချစ်သူဆိုတာ
တေးမဆိုဘဲ နားချိုလို့
ယပ်မပေးဘဲ ခပ်အေးနေဖို့
အပြုံးချင်း ဖလှယ်
အရှုံးချင်းလည်း ပြယ်ရအောင်လို့
ဆိုတိုင်ပင် စကား
အပိုထားစရာ မလိုတဲ့
ကိုယ့်ရဲ့ချစ်သူ။။။။
အပေးအယူ တူမျှ
ယူတာချည်း မပေး
ပေးတာချည်း မစီးဆင်းဘဲ
ဘက်ညီစွာ ဖြတ်သန်း
ရုန်းကန်မြစ်ထဲ အတူတူ။
ချစ်သူဆိုတာ
ထွေးကူ ချိုမြ
နှလုံးလှစွာ ဖေးမ
ကြွေရင်လည်း အတူဆင်း
ဝေကြရင် တခက်တည်းပွင့်ဖို့
ဆိုစရာ မလိုတဲ့ သစ္စာတွေ အတူတူ။
ချစ်သူဆိုတာ
ယုံကြည်ချက် အတူချ
ဘဝ ပလန်တွေကြား
မယိုင်မလဲ ထူမ
လက်တွေ ဖြုတ်ချစရာ မလိုတဲ့
ခိုင်မာချက် အတူတူ။
ချစ်သူဆိုတာ
တေးမဆိုဘဲ နားချိုလို့
ယပ်မပေးဘဲ ခပ်အေးနေဖို့
အပြုံးချင်း ဖလှယ်
အရှုံးချင်းလည်း ပြယ်ရအောင်လို့
ဆိုတိုင်ပင် စကား
အပိုထားစရာ မလိုတဲ့
ကိုယ့်ရဲ့ချစ်သူ။။။။
ကဗျာ မရေးရင် စိတ်ဆိုးသွားကြမလားလို့ ဟီးးးး ဘယ်သူ့ဆီမှ မသွားဖြစ်သေးတာ နားလည်နော်။ ခုတောင် ခိုးသွယ်ပြီး ရေးတင်လိုက်တာ....:P နောက်မှ အပြင်ဆိုင်ကနေ ဝင်ပြီး လိုက်လည်မယ်။ ဖတ်ချင်တာတွေ များနေပြီ။ ကျန်းမာပျော်ရွှင်ပါစေ
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
ကဗျာလာဖတ်သွားတယ် .....
ReplyDeleteချစ်သူရဲ့ အဓိပ္ပါယ်လေးမှတ်သားမိပါတယ်
ReplyDeleteအင်း..ဟုတ်တယ် ..
ReplyDeleteမတွေ့ရတာထက် ကဗျာတွေ မဖတ်ရလို့ စိတ်ဆိုးချင်နေပြီ ..
ခုမှပဲ ချစ်သူဆိုတာ လေးနဲ့ ကျေနပ်လိုက်ပြီ ..
မင်္ဂလာပါ..
ReplyDeleteချစ်သူဆိုတာ... ကဗျာလေးကို ခံစားဖတ်ရှု့သွားပါတယ်..
ချစ်သူအချင်းချင်း ကြွေရင်လဲ အတူဆင်းပြီး ..ဝေကြရင်လဲ တစ်ခက်တည်း တူတူ ဖြစ်ကြပါစေ...
ခင်မင်စွာဖြင့်
ကိုမျိုး
ရုန်းကန်မြစ်မျှတဲ့ချစ်သူ
ReplyDeleteအကြွေ အဝေတစ်ခက်တည်းနဲ့ ဘယ်တော့မှလည်းသစ္စာမပြောင်း
ဘဝယုံကြည်ချက်ခိုင်မာပြတ်သားတူညီတဲ့
တေးသံတွေအားလုံးထက်သာယာနာပျော်စရာကောင်းတဲ့
အပိုလည်းရှာမရနိုင်တဲ့ဟောဒီကဗျာထဲက ချစ်သူကို
လေးစားမြတ်နိုးသွားပါကြောင်း....။.