မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, January 19, 2010

ဆောင်းတု

နွေဆိုရင် နွေပေါ့။
ခပ်ပြင်းပြင်း အပူခံဖို့
ရွက်ဝါတွေ ခြွေချဖို့
လေပူတွေ တသုတ်သုတ်ပြေးဖို့
ဟောဒီလမ်းမ ......
လှမ်းမရအောင် ကြမ်းဖို့
ပြီးတော့ နွေရဲ့တေးဆို ဥသြကိုခေါ်ဖို့
နွေသဏ္ဏာန် အပီအပြင် ငါ စောင့်နေပ့ါမယ်။
မိုးဆိုလည်း မိုး
လျှပ်ရိုးတွေ ပြိုးပြက်လင်းလို့
ကန်သင်းတွေ မြုပ်နေအောင် ဖွေး
တဂျိမ်းဂျိမ်းမြည်မယ့် ခြိမ်းသံကိုကြို
တစွတ်စွတ်ပဲ စိုစို
တဘဝလုံးပဲ ရွှဲရွှဲ
မိုးရေမြစ်ကလေးပဲ ဖြစ်ဖြစ်
မိုးရာသီထဲ ငါ ရှိချင်တယ်။
ခုတော့ ဆောင်းက
ဆောင်းရယ်မပီ
အေးတခါ နွေးတလှည့်
ဘယ်အချက်မှာ မိုးသည်းဦးမလဲ။
ခပ်ပါးပါးလေးမျှော်
နှင်းပွင့်တွေတောင် ငါ မခေါ်လိုက်ရဘူး
အေးတိအေးစက် ခြောက်ကပ်ကပ်နဲ့
ရာသီခါမီ စာနဲ့အညီ
ဘယ်သရုပ်ကို အပီအပြင်ဖော်
ဘယ်ကို ချော်သွားခဲ့တာလဲ။
မူမမှန် အပူသဏ္ဍာန်နဲ့
ပြန်မရနိုင်တဲ့အမှန်အကန် ဆောင်းကို
ငါ လွမ်းတယ်။








စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

11 comments:

  1. အားပါး... ဖတ်ရတာ အရသာရှိလိုက်တာဗျာ..
    ကောင်းလိုက်တာ.

    ReplyDelete
  2. ဟင် မေမေကြီး ဆောင်းတု ဆိုတော့ သမီးတို့ ဆောင်းအစစ်က ဘယ်ရောက်နေလို့လဲဟင် ဟီးးး ကဗျာကောင်းလေးကို လျှောက်ပြောသွားတယ်မထင်ပါနဲ့နော် ဟဲဟဲ

    ReplyDelete
  3. မင်္ဂလာပါ မေလေး ရေ..

    ပေါ်လာလိုက် ပျောက်သွားလိုက် နဲ့ ကဗျာလေးတွေ ရေးနေပေမယ့် ကဗျာတစ်ပုဒ်တင်လိုက်တိုင်း တကယ့်ကို အမှန်အကန် အတွေးအခေါ် စုံစုံလင်လင် နဲ့ ကဗျာရဲ့ ရသလေးတွေ ပေါ်လွင်အောင် ရေးဖွဲ့နိုင်သူမို့ စောင့်ရကြိုး နပ်ပါပေတယ် မေလေး ရေ...
    အားပေးနေမယ်။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  4. great poem ............

    ReplyDelete
  5. စိုင်း21/1/10

    နင်မျှော်တာ တို့မြူအိုး တော့ မဟုတ်လောက်ပါဘူးနော်.. :P

    ReplyDelete
  6. ကောင်းတယ်အစ်မရေ.. ကဗျာလာမဖတ်တာကြာသွားပြီး လင့်ပြောင်းလိုက်တာလေ... အစ်မတို့ပါ လင့်တွေပျောက်ကုန်တာပဲ ကဗျာလေး အရမ်းကောင်းပါတယ်ဗျာ။
    အစ်မကိုပြန်အပ်ဖို့ မေ့နေတာ ဆေားရီးပါအစ်မရေ။ ပြန်ချိတ်လိုက်ပါပြီး။

    ReplyDelete
  7. ကဗျာက တော်တော် သရုပ်ပေါ်တယ်...
    နွေရဲ့အလှကိုလည်း ပေါ်တယ်...
    မိုးရဲ့ရသကိုလည်း ပေါ်တယ်...
    ရာသီဥတုဖောက်ပြန်လာတာတွေလည်းပေါ်တယ်...

    မူမမှန် အပူကန်တာတော့ ဆရာမောင် ဆေးနီမှုန့်သောက်ယုံနဲ့တင် မပျောက်နိုင်တော့ဘူး...

းဝ)

    ReplyDelete
  8. ကဗျာလေးကောင်းတယ်...သတိရတယ်...ဆောင်း...နွေ..မိုး...
    တချက်တချက်တိုးတဲ့ ဝေဒနာ..ဘယ်သူများသိနိုင်မှာလဲလေ...း)

    ReplyDelete
  9. Anonymous31/1/10

    မမ ..ကျောင်းစာတွေနဲ့ ပြီးတော့ ဂိုက်လုပ်နေရလို့ အရောက်နောက်သွားတာ စိတ်ရှိနဲ့နော်။ ဗျာလေးက ကောင်းတယ်။ အားပေးလျက်ပါနော်။ ဆက်ရေးပေးပါ။ ချစ်ခင်စွာဖြင့်...

    ReplyDelete
  10. လာဖတ်တယ်။
    သီချင်းထည့်ထားတာလား
    ညကြီးမိုးချုပ်လာဖတ်မိရင်အသံထွက်လာတော့လန့်တာပေါ့။

    ReplyDelete
  11. မမေလေးရေ..ကဗျာလေးက ကောင်းတယ်...ပြောချင်တာနဲ့ ပြချင်တာလေး ပီပီပြင်ပြင် မြင်မိ ကြားမိပါတယ်...လေးစားပါတယ်...ဆက်လက် အးပေးနေပါ့မယ်။

    ReplyDelete