မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Friday, February 12, 2010

ပြည်ထောင်စုနေ့



မနေ့တနေ့ကလိုပဲ
ဒီနေ့ကို ရောက်ခဲ့ရတာ
အခေါက်အတက်ရုန်း
ခြောက်ဆယ့်သုံးခါတောင်ရှိပြီလေ။
မြေပြန့်နဲ့ တောင်ပေါ်
အကြောင်းအချက်မပေါ်အောင် ညှိဖို့
ပင်လုံမှာ ပုံစံချ
၇ ချက်ကလေးနဲ့ ဆက်ရေးခဲ့တယ်။
ကြီးငယ်လူ မဟူ အကျိုးညီကြောင်း
ဒီနေ့နဲ့ အခိုင်အမာ သက်သေပြခဲ့တယ်။
လွတ်လပ်ရေးရဖို့လမ်းစ
သွေးစည်းဖို့ကို ဒီနေ့က မွေးဖွား
စိတ်ဓါတ်တွေ အားမာန်ပွားခဲ့ရတယ်။
ကိုယ်မမီပေမယ့် ကိုယ်သီခဲ့ရတဲ့ ဒီနေ့ကြိုးထဲ
ဝဲရင်း ဝဲရင်း စုပ် မြုပ် ပါ
ဒီနေ့ဟာ ဒီနေ့မှန်း
သိပ်တောင် မသိလိုက်ရသလိုပဲ။
ပြည်ထောင်စုနေ့အခမ်းအနား
လမ်းသလားနေတာ ကြာပြီ။
အရမ်းတရားတွေ မှန်းများနေခဲ့တာလည်း
ကြာပြီလေ။
ဒီနေ့ကို မှတ်မှတ်ရရ ကျော်မသွားတာကိုက
ကျေးဇူး အနန္တ(ဆိုရမလိုလို)
တခုတ်တရ မဟုတ်ပေမယ့်
လုပ်ပေးနေသေးသလောက်လေး
အရုပ်ရေးနေကြရတာက
ပြည်ထောင်စုဖွားများ။
စိတ်မှာ တွေးဖန်
အမှန်သရုပ်တွေနဲ့ မျှော်မှန်း
ပြည်ထောင်စုအသံ
ကြွေးကြော်သံ ညံမစဲကာမှ
ဟန်နဲ့ မာန် မနည်းလိုက်ပါနဲ့
ဆက်လျှောက်မည့်လမ်း။။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

4 comments:

  1. ရောက်ပါတယ် မမ။ စာ လာဖတ်ပါတယ်။ မမေ့နိုင်တာ ကောင်းပါတယ်။ ဆက်ရေးပေးပါ။ အားရင်လည်း လလည် အကြံပြုပါအုံးနော်.

    ReplyDelete
  2. ပထမ ဆုံးထင်ပါတယ်။ လာလည်တဲ့ ဧည့်သည်တွေထဲမှာ။ အဲဒါကြောင်း အတိုးချပြီး မန်းပေးခဲ့ပါတယ်။ ဥုံဖွ၊ ဥုံဖွ၊ ဥုံဖွ၊ ပျော်ရွှင် ၊ အောင်မြင်၊ ပို့စ်ကောင်းတွေ တင်နိုင်ပါစေ...း)း)း) အားပါးတရ မန်းခဲ့တာနော်။

    ReplyDelete
  3. ဝူးးးကဲ့ပါ မေမေကြီး မမေ့ဘူးနော် တတိရတယ် တိရားးးးးး အဟိ

    ReplyDelete
  4. မင်းနေဝေး14/2/10

    ကိုယ့်ဘ၀နဲ့လည်းအမှတ်တရ တစ်ခုရှိတယ် .....

    ReplyDelete