မခူးချင်စမ်းပါနဲ့
အလှ မထူးပါဘူး
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ယိမ်းလှည့် ပွင့်ချင်။
ဘယ်သူ လာခူးပါလိမ့်
မျှော်လို့ဖြင့် သူ မနေ
တော်ဝင်နွယ် မဖြစ်လေတော့
သာသာယာ ပင်မြင့်ထက်မှာပဲ
မွှေးပျံ့အလှဆင်။
တိုင်းနယ် အနှံ့နှံ့မှာလ
ကိုင်းတည်းရယ် မပွင့်ချင်ဘု
မြင်တဲ့သူ အဖန်ငေးအောင်က
ပင်လုံးပွင့်ဝေ။
နှစ်ဦးခါမီ မြန်မကြာ ပွင့်ချင်ပါတဲ့
အသွေးတူ ပန်းတော်ဝင်ရယ်နဲ့
မရောက်ခင် အလျင်ဦးပါလို့
ပင်ယံထက် အပွင့်ထူးနေ။
ပွင့်သည်သာ ပွင့်သည်ပဲ
အပွင့်များလို့ ပန်း ဟုံ
ခပ်သာသာ ငေးကာ ငေးရင်း
ပန်းရယ်လို့ ခူးမယ့် လက် ရုန်။
မရာ မကြည် သာသည်ပေမယ့်
တစ်ရာသီတော့ဖြင့် ပွင့်ခွင့်ရသည်မို့
မယ်ငု ရင် ပျော်လေရစ်တယ်
မမော်ရဲ ပင်ယံထက်မှာ
ခေါင်းငုံ့လျက် ရဲ။
အလှ မထူးပါဘူး
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ယိမ်းလှည့် ပွင့်ချင်။
ဘယ်သူ လာခူးပါလိမ့်
မျှော်လို့ဖြင့် သူ မနေ
တော်ဝင်နွယ် မဖြစ်လေတော့
သာသာယာ ပင်မြင့်ထက်မှာပဲ
မွှေးပျံ့အလှဆင်။
တိုင်းနယ် အနှံ့နှံ့မှာလ
ကိုင်းတည်းရယ် မပွင့်ချင်ဘု
မြင်တဲ့သူ အဖန်ငေးအောင်က
ပင်လုံးပွင့်ဝေ။
နှစ်ဦးခါမီ မြန်မကြာ ပွင့်ချင်ပါတဲ့
အသွေးတူ ပန်းတော်ဝင်ရယ်နဲ့
မရောက်ခင် အလျင်ဦးပါလို့
ပင်ယံထက် အပွင့်ထူးနေ။
ပွင့်သည်သာ ပွင့်သည်ပဲ
အပွင့်များလို့ ပန်း ဟုံ
ခပ်သာသာ ငေးကာ ငေးရင်း
ပန်းရယ်လို့ ခူးမယ့် လက် ရုန်။
မရာ မကြည် သာသည်ပေမယ့်
တစ်ရာသီတော့ဖြင့် ပွင့်ခွင့်ရသည်မို့
မယ်ငု ရင် ပျော်လေရစ်တယ်
မမော်ရဲ ပင်ယံထက်မှာ
ခေါင်းငုံ့လျက် ရဲ။
နွေဦးကို ခပ်ပါးပါးလေးကြိုနေရပြီမို့ ရေးဖြစ်ထားတာပါ။ ကျန်းမာပျော်ရွှင်ကြပါစေ။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
မင်္ဂလာပါ မေလေး..
ReplyDeleteကိုင်းတည်းရယ် မပွင့်ချင်ဘု
မြင်တဲ့သူ အဖန်ငေးအောင်က
ပင်လုံးပွင့်ဝေ... တဲ့..
တကယ့်ကို ကဗျာရသ အပြည့်အ၀ခံစားမိစေတဲ့ အပိုဒ်လေးပါဘဲ။ ဖွဲ့နွဲ့ထားတာ အားလုံး အရမ်းကို နုရွလှပ စေတဲ့ စကားလုံးလေးတွေနဲ့ စီချယ်ထားလို့ ဖတ်ရသူအဖို့ သဘာဝ အလှရသကို ခံစားမိစေမှာ မလွဲပါကွယ်။
ခင်မင်စွာဖြင့်
ကိုမျိုး
အညာနွေကိုသတိရတယ်ဗျာ ...
ReplyDeleteဒါမျိုးတွေလည်း ရေးတတ်တယ်လား...
ReplyDeleteကိုယ့်ကိုကိုယ် နတ်ရှင်နောင် နေရာက ဝင်ခံစားမှနဲ့ တူရဲ့...
းဝ)
ဂွတ်တယ် .. တကယ်ပြောတာပါ ...
ReplyDeleteအင်းး ဘယ်သူလာခူးးမလဲ ဆိုတာကိုလဲ သိချင်ပါတယ် ..
အင် မမေလေး ပြောတာနဲ့ ...သင်္ကြန်တောင် ကျတော့မယ်နော်...ကဗျာလေးက မမြင်ရတဲ့ ငုတွေ ပိတောက်တွေကို ပိုလွမ်းစေတယ်...
ReplyDeleteမျက်စိမှောက်လို့
ReplyDeleteအလည်ရောက်ပါတယ်ဗျာ။
ရင်ဘက်ချင်းတူသူ
ခံစားယူခဲ့တယ်။
ပွင့်တိုင်းဝေလွင့်
တော်ဝင်အဖြစ်နဲ့
ထာဝရ လန်းဆန်းနိုင်ပါစေဗျာ .....
ှမထင်ရဘူးနော် ....
ဧည့်သည်သစ်ပါ
စက်တင်စိုး