မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, May 18, 2010

မလာသေးတဲ့ မိုး

တနွေလုံးကို
သူက အုပ်စိုး
ရိုးတံတွေ အပြိုင်းပြိုင်းဖြိုးအောင်
သူ အရပျိုးခဲ့တာလေ
မီးသင့်နေတဲ့ အလွမ်းတွေကတော့
ထပ်ပြီး ကျွမ်းစရာ
အနွမ်းတွေလည်း ခမ်းနေမှပဲ။။
ဘယ်နေရာမှာ တေ့လွဲနေလို့
ခုထိမျှော်ရင်း
အခေါ်တထောက်လေးတောင်
မပေါ်ပေါက်လာသေးတာလဲ။
တံစဉ်တွေလည်း ငို
အိုင်တွေလည်း ပြို
မြစ်တွေလည်း တိုလို့
ပက်ကြားတွေလည်း
ထပ်ထပ် အက်စရာ မြေမှ ပိုသေးရဲ့လား။
ရေတွေ ဘယ်သူခိုးသွားတာလဲ။
နွေကို ဘယ်သူတိုးသွားတာလဲ။
ဒီနှစ်တော့ ရေပြတ်လို့ အို...




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

4 comments:

  1. လက်ရှိနွေကို သရုပ်ပေါ်လွင်လိုက်တာ အစ်မရေ... မတွေ့တာလဲကြာပြီး။။ မရောက်တာလဲကြာပြီး အစ်မနေကောင်းတယ်နော်။ မင်းတွေလဲ သီလပျက်သလို ပြည်သူတွေလဲသီလပျက်ကြပြီးပေါ့။ သူတော်ကောင်း တရား ကင်းမဲ့တဲ့နေရာဒေသဟာ အတိဒုက္ခတို့ ကြီးစိုးရာနေရာပဲဗျို့။ နေရာလဲကောင်း ပတ်ဝန်းကျင်ကောင်းကောင်းရောက်လာခဲ့ပြီးဆိုရင် စိတ်ကောင်းလေး မွေးနိုင်ကြဖို့ပဲ လိုပါတော့တယ်။ လူတိုင်းလူတိုင်း စိတ်ကောင်းလေး မွေးနိုင်ကြဖို့ ဆုတောင်းရမယ်ဗျာ။

    ReplyDelete
  2. တကယ့်လက်တွေ့ ကို သရုပ်ဖော်ထားတာ ပီပြင်လိုက်တာ မမေလေးရေ...မရေးတာ ကြာပေမဲ့ အတွေးလေးတွေကတော့ အရင်လို ကောင်းနေတုန်းပါပဲ...ဆက်အားပေးနေပါ့မယ်..

    ReplyDelete
  3. ရာသီဥတုကလည်း ပူ ၊ မိုးကလည်းခေါင်နဲ့ လက်တွေ့ သရုပ်လေးကို ဖော်ဆောင်ထားတာ အရမ်းကောင်းပါတယ်မေလေးရေ... နေကောင်းတယ်နော်အစ်မ ။ အမြဲသတိရလျှက်ပါ....

    သက်တန့်ချို

    ReplyDelete
  4. ကဗျာလေးကကောင်းလိုက်တာနော်..။နွေကိုသရုပ်ဖေါ်သွားတာ
    ပေါ်လွင်တယ်။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete