မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, August 27, 2009

မေမေသို့

သားသမီးအတွက် ရတက်မအေး
ဝေဒနာ စတေးလို့ စေတနာရင်းခဲ့တဲ့ မေမေ။
တမ်းတလွမ်းဆွတ်စွာ ခေါ်ခွင့်ရနေလျက်နဲ့
မေမေနဲ့ဝေးရာ သမီးပြေးထွက်ခဲ့မိတယ်။
ဘဝဒဏ် လှိုင်းလုံးတွေအကြား
မြှုပ်တခါ ပေါ်တလှည့်
ဝဲဂယက် ထန်သမျှ ဝမ်းနည်းမှုတွေလည်း
ဖွင့်ဟ အန်ချစရာ
ရင်ခွင်ဝေးပါတယ် မေမေ။
ကိုယ့်ခြေပေါ် ကိုယ်ရပ်
ကိုယ့်ဘဝ ကိုယ်ကျောင်းချိန်မှာ
မေမေ ပျိုးပေးခဲ့တဲ့
ကိုယ့်အားကိုယ်ကိုးကျင့်က
အသုံးဝင်နေပြန်တယ်။
မေမေ......
အမြဲလွမ်းပါတယ် မေမေ။
ဆန္ဒတွေ တပွေ့တပိုက်ရှိပေမယ့်
ဘဝမှာ တထပ်တည်း ကျဖို့
မေမေရေ......
မေမေ့သမီးက အတ္တကြီးဆဲပဲမို့
မိုက်မဲမှုတွေနဲ့ နောင်တမဲ့စွာ
မေမေ့ထံပါးဆီ ခိုလှုံခွင့် မရသေးပါဘူး။
မျက်ရည်တလှည့် အပြုံးတဝက်ကြားမှာ
အားတင်းရင်း လမ်းပျောက်ရင်း
စမ်းလျှောက်ရင်းပေါ့
မေမေ့သမီး မေမေ့ကို လွမ်းနေဆဲပါပဲ.... မေမေ။




အဝေးရောက်နေသော အမေချစ်သူများ အမေ့ကို လွမ်းရင်း အဆုံးထိ လှမ်းလျှောက်နိုင်ပါစေ။

9 comments:

  1. သယ်ချင်းရေ ကဗျာလေးက ဆွေးဆွေးမြေ့မြေ့ ရှိပေမယ့်
    ကောင်းလွန်းလှတယ် အမေ့မေတ္တာရိပ်လောက် အေးမြတဲ့ 
    သာယာတဲ့ အရိပ်တွေ အမေ့အပြုံးလောက် ကြီးမားတဲ့ 
    ခွန်အားတွေ ဘယ်မြေ ဘယ်မြေမှာ မှ မရနိုင်ပါဘူး အမေ့
    အိမ်လေးမှာသာ ကျွန်တော်တို့တွေ ရနိုင်ပါတယ်နော် ....
    အမေ့မေတ္တာဖြင့်သယ်ချင်းမေလေး
    အေးမြသာယာပါစေ
    ရန်ကုန် :D

    ReplyDelete
  2. ဝက်ဝံလေး28/8/09

    ဆောင်းပြောသလိုပဲ မေလေးရေ ကဗျာလေးတွေ စပ်ရတာ ဝါသနာပါတယ်နော် မထင်ရဘူး ကွယ်

    ReplyDelete
  3. မမမေလေးရေ....

    ငယ်လည်း မေမေ့အနမ်းနဲ့ အဝေးကြီးမှာပါဗျာ..
    ဒါပေမယ့် မေ့အတွက်ပဲ..

    ကဗျာလေးအတွက် ကျေးဇူးပါဗျာ

    ReplyDelete
  4. မေလေးရေ ..အမေဆိုတာ...အေးမြတဲ့အရိပ်ပါ...ကျေးဇူးနော်

    ReplyDelete
  5. ရှေးဟောင်းသီချင်းတစ်ပုဒ်ဖြစ်တဲ့ “အမေ့အိမ်”ဆိုတဲ့သီချင်း
    ကိုကြားရင် ဘာမှန်းမသိ ဝမ်းနည်းသလိုလို လွမ်းသလိုလိုကြီး
    ဖြစ်ရတယ် အမှန်မှာ သားတွေအတွက်သီချင်းမဟုတ်ပါဘူး
    သမီးတွေအတွက်သီချင်းပါ
    ဒါပေမယ့် မိခင်နဲ့ပတ်သက်လာရင် ထိရှခံစားလွယ်တဲ့ကိုယ်လို
    လူတစ်ယောက်အဖို့တော့ ဘာပဲဖြစ်ဖြစ် ခံစားရတာပဲပေါ့
    ပမာပြရရင် ခု မေလေးရဲ့ ကဗျာကို ဖတ်လိုက်ရသလိုပေါ့လေ

    ReplyDelete
  6. ဆောင်းမြူခိုး29/8/09

    လမ်းပျောက်လည်း ကိစ္စမရှိဘူး စမ်းသာလျှောက် ..ရပ်မနေရင် ပြီးတာပဲ...လျှောက်မယ် .. မှားမယ် ... လဲမယ်.. ပြန်ထမယ်.. ပြန်လျှောက်မယ်.. ဘာပဲဖြစ်ဖြစ်လေ.. ငါတို့ အကောင်းဆုံးမဖြစ်ခဲ့တောင်မှ ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့တာပဲ...ဟုတ်...အဲလေ..ပြောရင်းပြောရင်းနဲ့  စိုင်းထီးဆိုင်သီချင်းစာသားတွေ ပါကုန်ပြီ... ဟီးး

    ReplyDelete
  7. ကျော်ကျော်အောင်29/8/09

    ကဗျာလေးကိုဖတ်ရတာကြေကြေကွဲကွဲနဲ့ခံစားရတယ်ဟာ
    ကဗျာလေးကအရမ်းအသက်ပါတာဘဲသိလား

    ReplyDelete
  8. ကဲ..
    မေမေသို့ပြီးရင် လုပ်ပါဦးနောက်တစ်ပုဒ်
    ညီမကဗျာလေးတွေ စောင့်ဖတ်နေတယ်

    ReplyDelete
  9. အမေကိုတမ်းတတဲ့ဟာတွေရေးနဲ့နော်... တကယ် ငိုချင်တာဗျ .. ဖတ်ပြီးရင် အဟုတ်...

    ReplyDelete