မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, October 31, 2009

ချစ်သူဆိုတာ

ချစ်သူဆိုတာ
အပေးအယူ တူမျှ
ယူတာချည်း မပေး
ပေးတာချည်း မစီးဆင်းဘဲ
ဘက်ညီစွာ ဖြတ်သန်း
ရုန်းကန်မြစ်ထဲ အတူတူ။
ချစ်သူဆိုတာ
ထွေးကူ ချိုမြ
နှလုံးလှစွာ ဖေးမ
ကြွေရင်လည်း အတူဆင်း
ဝေကြရင် တခက်တည်းပွင့်ဖို့
ဆိုစရာ မလိုတဲ့ သစ္စာတွေ အတူတူ။
ချစ်သူဆိုတာ
ယုံကြည်ချက် အတူချ
ဘဝ ပလန်တွေကြား
မယိုင်မလဲ ထူမ
လက်တွေ ဖြုတ်ချစရာ မလိုတဲ့
ခိုင်မာချက် အတူတူ။
ချစ်သူဆိုတာ
တေးမဆိုဘဲ နားချိုလို့
ယပ်မပေးဘဲ ခပ်အေးနေဖို့
အပြုံးချင်း ဖလှယ်
အရှုံးချင်းလည်း ပြယ်ရအောင်လို့
ဆိုတိုင်ပင် စကား
အပိုထားစရာ မလိုတဲ့
ကိုယ့်ရဲ့ချစ်သူ။။။။

ကဗျာ မရေးရင် စိတ်ဆိုးသွားကြမလားလို့ ဟီးးးး ဘယ်သူ့ဆီမှ မသွားဖြစ်သေးတာ နားလည်နော်။ ခုတောင် ခိုးသွယ်ပြီး ရေးတင်လိုက်တာ....:P နောက်မှ အပြင်ဆိုင်ကနေ ဝင်ပြီး လိုက်လည်မယ်။ ဖတ်ချင်တာတွေ များနေပြီ။ ကျန်းမာပျော်ရွှင်ပါစေ

စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်