မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Friday, October 9, 2009

သေချာမသိသော သေချာခြင်း

နှစ်ဆယ့်ခုနစ်နှစ် စွန်းခဲ့ပြီ။
ငါ အသက်ရှူပြီး ထမင်းစားတတ်ခဲ့တာ
ပြီးတော့ ဆံပင်မညှပ်တတ်တာ
တခုခု အဆင်ပြေအောင် မလုပ်တတ်တာနဲ့ပဲ
ငါလည်း မာန မကြီးသင့်ဘူးလား။
ခုလိုပဲ အသံငြိမ်ခိုက်
ပန်းပွင့်ပြီး လူ မခူးခင်
လေထုမှာ တယ်လီပရင့်န် မတပ်ခင်
ဒါဟာ ပညာရှိ
ဒါဟာ ပလတ်စတစ်အိတ်ကောက်သူ
အပေါစား ဝတ္ထုရေးသူ
လိုရာပုံ ကားဘော်ဒီထုသမား
မြူထဲမှာ ဘွားခနဲ မျက်နှာ
ကျောက်တုံးလည်း ကျောက်တုံးအလျောက် ဆေးလိပ်မသောက်ခင်
'ဒါဝင်' ပြောတာကို မငြင်းနိုင်ဘူး။
နောက်တခါ ဒီလို အချိန်မျိုးရောက်ရင်
ဆင်ခြင်တုံတရားနဲ့
အသေလို ငြိမ်ငြိမ်လေး ထိုင်နေချင်ပါတယ်။
ဟော........
တဒေါက်ဒေါက်နဲ့
လမ်းလျှောက်လာပုံက
သေချာတာနဲ့ မသေချာတာလိုပဲ
တစ်သံတည်း ထွက်နေတယ်လေ။
ပြောနိုင်တာက....
မဟာပထဝီမြေကြီးပေါ်မှာ
အချိန်ရထားကို ခိုစီး
ငါလည်း အသက်တွေ ကြီးလာပြီ.....။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်