အဆင်း သာမည
မဝင်း မဝါလှပေမယ့်
အချင်း ပဓာနမို့
သင်းပျပျရနံ့သွေးကြွယ်လျက်
မြေသနင်းမှာ ကျရပေသည့်
အို.... ခရေငယ်။
ရေ ဘယ်ဆီ မှန်း... တမ်းစရာ မလိုပေဘု
အိုနေလုရင်သော်မျှ
တပွင့်ချင်းစီ တကိုင်းချင်းဆက်
ခက်လက်ဝေဆဲ
ကြွေဆဲ ခြေရင်း
ဒီလမ်းထက်ဆင်း... ခင်းမြဲပါလေ။
ယွင်းလဲ ရာသီ
အခါမမီရင်ဖြင့်
မသာမကြည် ထွေးသူ့ရင်မှာ
ကဗျာမပီမှာ စိုးမိတယ်။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်