မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label တဂ်ပိုစ့်. Show all posts
Showing posts with label တဂ်ပိုစ့်. Show all posts

Friday, October 30, 2009

မ for မေလေး

  • 1. What is your name : မေလေး.
  • 2.M as four Letter Word : မှတ်မှတ်မိမိ
  • 3. boy's Name with M : မိုးလှိုင်ည (သူ့ရှေ့ သူ့အတွေးထဲရောက်သမျှ ကဗျာဖြစ်ရသော ကဗျာဆရာ)
  • 4. girl's Name with M : မေလေး ။ မွန်း ။မွှေးကြူ (အဟီးးးကိုယ့်သယ်ရင်းတွေနာမည်တွေချည်း)
  • 5. Occupation starts with M :မိသားစုထဲ နွေးထွေးရှင်သန်ချင်
  • 6.Flower starts with M : မေမြို့ပန်း
  • 7. Something you'll wear starts with M: မြန်မာပြည်ဖြစ် ချည်ထည်အင်္ကျီ
  • 8. Food starts with M : မုန့်ဟင်းခါး ။မုန့်စိမ်းပေါင်း
  • 9. Something found in the bathroom starts with M : မွှေး ဆပ်ပြာ
  • 10. Country starts with M : မြန်မာ မလေးရှား မွန်ဂိုးလီးယား
  • 11. Color starts with M: မိုးပြာရောင် မီးခိုးရောင်
  • 12. Exclamation starts with a M: မေမေ့!!!
  • 13. Movie title starts with M : မလွမ်းချင်ဘူး သီရိပစ္စယာ
  • 14. Something you drink starts with M: မက်စ် အချိုရည်( ခုတော့ မရှိလောက်တော့ဘူး ရာသီဥတု ဒဏ်ကြောင့်ထုတ်လုပ်စက်ရုံ ပျက်စီးသွားပြီဆိုတော့လေ….)
  • 15. A musical group starts with M : မဇ္ဈိမလှိုင်း ခင်မောင်တိုး ဂရု(ပ့်)လေး
  • 16. An animal starts with M : မြွေ (သေအောင်ကြောက်တယ်….ငွားးးး ငွားးး)
  • 17. A street name starts with M : မြ၀တီမင်းကြီးဦးစ လမ်း (ငှဲလျောင်း ငှဲလျောင်းးးးး မြန်မာမှုပြုလိုက်တာပေါ့)
  • 18. A type of car starts with M: မစ်ဇူဘီရှီပါ ဆို….. ခဏခဏ မေးနေတာပဲ ဟွန်းးး
  • 19. The title of a song starts with M : မေမေ နေကောင်းလား မေမေ!!!
  • 20. A verb starts with M : မေ့နေတယ် အဟဲ…..

  • လိုင်းမဝင်နိင်ဘူးဆိုမှ သူငယ်ချင်းလင်းကြယ်စင်က တဂ်တယ်လေ ဟွန်းးးးး။ သူများကို လွမ်းအောင်လုပ်တယ်။ ခု ရေးးပေးလိုက်တာပေါ့ ဘာရမလဲ။။။ လိုင်းမဝင်ခင်တည်းက Word မှာ ရေးထားတာ။ ခု ပြန်ကော်ပီလိုက်တယ်လေ။ မဟုတ်ရင် အချိန်က ကိုယ့်အတွက် နည်းနည်းလေးပဲ အသက်ရှူနေတော့လေ။။ သူငယ်ချင်း လင်းကြယ်စင်ကိုရော လင်းကိုတဂ်တဲ့ K ကိုပါ ကျေးဇူးလည်းတင် မကျေမနပ်လည်း ဖြစ်သွားတယ်နော်။လိုင်းဝင်မရလို့ မကျေနပ်တာ. မြန်မာလို ရေးဖို့ တဂ်လို့ ကျေးဇူးတင်တာလေ... ကဲ သွားပြိး ။။။ သူငယ်ချင်းတို့ ကျန်းမာပျော်ရွှင်ပါစေ




စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

ကိုယ်ယုံကြည်ရာ

  • မေလေးကို သူငယ်ချင်း ပန်းရင့်ရောင်က တဂ်ထားပါတယ်။ မေ့နေလောက်ပြီထင်တာပဲ ။ ကိုယ်ယုံကြည်ရာတဲ့။ မေလေးက အားလုံးနီးပါးကို ယုံတယ်။ တဖက်စွန်းထိ မဟုတ်ဘူး။ သူ ကိုယ့်ကို ညာနေမှန်း သိလည်း ယုံပေးလိုက်တယ်။ ပြီးမှ ကိုယ့်ဖာသာ စဉ်းစား.သင့် မသင့်၊ဖြစ်နိုင် မဖြစ်နိုင်၊ ဖြစ်သင့်မှ လုပ်ပေးသင့်တာ လုပ်ပေးလိုက်တယ်။ ကိုယ့်ကိုယ်ကို အယုံလွယ်သူ၊ အားနာတတ်သူလို့ အားနည်းချက် ရှိတယ် မှတ်ထားတာ။ ခု ပန်းရင့်က ကိုယ်ယုံကြည်ရာကို ရေးပေးပါတဲ့။
  • အမှတ်စဉ်(၁) ဆိုရင် ရတနာသုံးပါး ပါပဲ။ ပြီးရင် မိဘနှစ်ပါး။ မိဘနှစ်ပါးက ကိုယ့်ကို ဘယ်တော့မှ မကောင်းတာမလုပ်ဘူးဆိုတာ။ ကိုယ့်ကို အဆိုးထဲရောက်အောင် ဒုက္ခထဲရောက်အောင် မလုပ်ဘူးဆိုတာ၊ ကိုယ့်ကို ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုတာ၊ ပြီးတော့ အလုံးစုံ အားကိုးတယ်ဆိုတာ မဖည်မသွေ ယုံတယ်။ ပြီးရင် မေတ္တာတရား ။ ကိုယ့်ကို တစုံတဦးက တခုခု မကောင်းလုပ်နေရင်၊ မကောင်းပြောနေရင်၊ ဒါမှမဟုတ် (အဆုံးစွန် သူဌေးက ကိုယ့်ကို ဆူဆဲဖို့အထိ) ရှိနေရင်တောင် အဲဒီ မေတ္တာတရားနဲ့ တကယ် အောင်နိုင်ပါတယ်။ သူတို့ကို ထိခိုက်စေလိုတဲ့ ဆန္ဒမျိုး မရှိဘဲနဲ့ စိတ်ထဲကနေ မေတ္တာပို့ပေးရုံနဲ့ပဲ ကိုယ့်အပေါ် ဘယ်လို ဆိုးရွားမှုမျိုးမှ မကြုံတာမို့ ဒီမေတ္တာတရားကိုလည်း အကြွင်းမဲ့ယုံတယ်။
  • ပြီးရင် ကိုယ့်ကိုယ်ကို ယုံတယ်။ တခြားသူဆီက ယုံကြည်မှု မရ-ရရ ကိုယ့်ကိုယ်ကို အရင် ယုံကြည်ဖို့ အရေးကြီးပါတယ်။ မေလေးဘဝမှာ ကိုယ့်ရည်မှန်းချက်တွေ တခုမှမဖြစ်ခဲ့ပါဘူး။ ဒါဟာ အခြေအနေတွေကြောင့် ဆိုတာကို နားလည်ထားတယ်။ နောက်ထပ်လုပ်သင့်လို့ လုပ်ရဦးမယ့် အရာတွေကို လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဖြစ်ချင်တာများပြီး မဖြစ်လာတဲ့ ဘဝကို ခဏခဏ လက်မှိုင်ချဖူးတယ်။ ဒီ ယုံကြည်ချက်နဲ့ ပြန်ဆက်လျှောက်တော့လည်း ရတာပါပဲ။
  • နောက် ကိုယ့်နဲ့ ပက်သက်သောသူ(ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေ)အပေါ် ထားတဲ့ စေတနာကိုလည်း ယုံတယ်။ မြတ်စွာဘုရားဟောခဲ့သလို စေတနာသည်ကံ ဆိုတာလို ကိုယ်ပြုသမျှ ကိုယ့်ဆီပြန်လာမှာ ဖြစ်တဲ့ အတွက် စေတနာကို ယုံတယ်။ စေတနာဆိုးခဲ့ရင် အဆိုးတွေ ကိုယ့်ဆီရောက်လာမယ်။ စေတနာကောင်းရင် အကောင်းတွေ ကိုယ့်ဆီရောက်လာမယ်။ ကိုယ်ပြုလိုက်တဲ့ လမ်းဖက်က မဟုတ်ရင်တောင် တခြားသော နည်းလမ်းကနေ ပြန်လာတတ်တာပါပဲ။ အဲဒါလေးလည်း ယုံတယ်။
  • နောက်ဆုံးတစ်ခုက မလွဲမသွေ ကြုံကြရမယ့် သေခြင်းတရား ။ကြီးကြီးငယ်ငယ်၊ ရုပ်လှလှ၊ရုပ်ဆိုးဆိုး၊ သူဌေး သူတောင်းစား၊ ပညာရှိ ပညာတတ် ပညာရှင် ပညာမဲ့၊ လူလိမ္မာ လူဆိုး လူကောင်း လူမိုက် လူသွမ်း၊ သူအို သူနာ၊ အထက်တန်းလွှာ အောက်တန်းစားအလွှာ၊မင်းမှုထမ်း ဝန်ထမ်း ကျဘမ်းလုပ်သား ကိုယ်ကာယ လုပ်သား၊ အနုပညာရှင်၊ သူရူး၊ အားလုံး အားလုံး ကြုံဆုံကြမယ့် ဒီသေခြင်းကို ယုံတယ်။ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့။ ဘာတွေပဲပိုင်ဆိုင်ဖူးခဲ့။ ဘယ်လိုပဲနေထိုင်ပြုမူခဲ့ပစေ။ ဒီနေ့ခေတ်လိုမျိုးမှာ မြေတနေရာစာတောင် ဝယ်ဖို့ခက်လို့ မီးရှို့ပျောက်ကွယ်ခံနေကြရတဲ့ အဲဒီသေခြင်း။ အဆုံးသတ် ဘာမှန်းမသိဘဲ သေဖို့သွားနေသူချင်း မာနတခွဲသားနဲ့ ဟိုလူ့ကိုတွန်း နာဒီလူ့ကိုတိုက် ရုန်းကန် ကုန်းချော ခဏတဖြုတ်မှာ အမှတ်မထင်နိုင်အောင် ပျောက်ကွယ်သွားစေနိုင်တဲ့ အဲဒီသေခြင်းကို ယုံတယ်။

  • သူငယ်ချင်း ပန်းရင့်ရေ ရေးခိုင်းတာနဲ့ ရေးထားတာ ကိုက်ရဲ့လား မသိပါဘူး။ ကိုယ်တော့ ကိုယ်ရေးတတ်သလို ရေးထားတာပါပဲ။ ချစ်သူငယ်ချင်းလေး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။ တော်ကြာ ဖတ်ပြီး ကိုယ့်ကို ပြောကြတော့မယ်။ တောထွက်တော့မယ်ဆိုပြိးလေ ဟဟားးးး။
    မတဂ်ထားဘူးထင်ထားပြိးမှ သယ်ရင်းတွေ တဂ်ထားတာတွေ့လို့ ရေးပေးလိုက်တာ…အမှန်တော့ ကိုယ်က ယုံကြည်တာ အများသားကွ။ သူငယ်ချင်းနှင့်တကွ မောင်နှမများ ကျန်းမာပျော်ရွှင်ပါစေ

စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Tuesday, October 13, 2009

M စီးရီး

မေလေးကို ညီမလေး ဝက်ဝံလေးက တဂ်ပါတယ်။(သူက သူ့အစ်မအကြောင်းမသိရှာဘူး eng လို အားနည်းတယ်ဆိုတာကိုလေ) ဒီတော့ မဖြစ်ဖြစ်အောင် ဂူဂယ်လ်ကလည်းရှာ ကိုယ်သိထားသလိုလည်း ရေးရင်းနဲ့ ရေးဖြစ်သွားတာပါပဲ။ အမှားလည်း ရှိမှာပါပဲ။ ညီမလေးရေ ကျေးဇူးပါနော်။ မေလေး မသိသေးတဲ့ ဝေါဟာရတွေကိုပါ ရှာဖြစ်သွားတော့ ပိုသိသွားရပါတယ်။

1. What is your name : Maylay ပြောစရာမလိုတာကို မေးထားတော့လည်း ထပ်ဖြေရတာပေါ့လေ
2.
M as four Letter Word : Meat (တခါတလေမှ စားပေမယ့် အာဟာရဖြစ်တယ်လေ့နော်)

3. boy's Name with M : Mahatma Gandhi (အိန္ဒိယက ခေါင်းဆောင်ကြီး သူ့လို ဖြစ်အောင် မလုပ်နိုင်ဘု)
4. girl's Name with M : Madonna (အဆိုတော်နော်...သိပ်နားမလည်ခင်တည်းက ကြိုက်တာ)
5. Occupation starts with M : Medical and Health Services Worker ဆေးနှင့်ကျန်းမာရေး လုပ်သား တကယ် ဖြစ်ချင်ခဲ့ပါတယ်။ ဖြစ်နေရတာက Manager and Officer (တစ်ပိုင်း တစ်ပိုင်းစီ)
6. Flower starts with M: Mini Carnation (
ကာနေရှင်း ပန်း) ဂူဂယ်လ်မှာရှာလို့သိတာပါ ကိုယ်က ပန်းတွေ သိပ်မသိတဲ့ အူတူတူမေလေးလေ
7. Something you'll wear starts with M: Mike ( I love Mike) ဒီ တီရှပ်လည်း ဂူဂယ်လ်က ရှာတင်ထားပါတယ်
8. Food starts with M : Mango သရက်သီးနော် ဟွင်းးးဟွင်းးး ချက်ပြီးတောင် မစားဘူး ဒီတိုင်းကိုစားတာ
9. Something found in the bathroom starts with M : Mineral Shampoo (
ခုထိတော့ မသုံးဖူးသေးပါဘူး။ ဂူဂယ်လ်ကောင်းမှုလေ ဟိဟိ)
10. Country starts with M : Myanmar, Malaysia (ကိုယ့်ရွှေပြည်ကို ရှေ့က ထားပါတယ်×)
11. Color starts with M: Misty rose
(နှင်းဆီပန်း ပန်းရောင် ဖျော့ဖျော့လေးကို ခေါ်ပါတယ်) ဒီအရောင် နှင်းဆီပန်းက ရှားပါတယ်။ အဝတ်အစားကျတော့ ဒီအရောင်နဲ့က လှသမှ
12. Exclamation starts with a M: Mrrrrrrrr; ( I use it when I write a sms to express my anger :P)
ဘာအဓိပ္ပါယ်မှန်းလည်း မသိ
13. Movie title starts with M : Mask of Zorro (
အိမ်ပြန်လို့ ဒီလိုဇာတ်ကားတွေ ထိုင်ကြည့်ဖြစ်ရင် လု လုပြီးတော့ကို ပြောတာ မောင်လေးအငယ်ကောင်လေးနဲ့ ဟိဟိ)
14. Something you drink starts with M:
Milk (သကြားမပါတဲ့ နွားနို့ကို နှစ်နှစ်ခြိုက်ခြိုက်ကို သောက်ပါတယ် )
15. A musical group starts with M : Myitzimhahlaing
(မဇ္ဈိမလှိုင်း) ခင်မောင်တိုး ဂရု(ပ့်)လေး
16. An animal starts with M : Monkey မျောက်နဲအလား မကွဲပြားအောင်ကို ဆော့တာ သစ်ပင်ပေါ်ကနေ ကိုယ်က ဓါတ်ပုံတောင် ရိုက်ဖူးသေးတယ် ဟိဟိ)
17. A street name starts with M : Myawaddy min gyi U Sa Street.
ကရင်ပြည်နယ် မြဝတီမြို့မှာရှိပါတယ်။
18. A type of car starts with M: Mitsubishi
အဲလို ကားဘော်ဒီမြင့်မြင့်တွေကိုမှ လူက အကောင်သေးသေးနဲ့ မလိုက်ဖက်စွာ ကြိုက်ပါတယ်
19. The title of a song starts with M : More Than I Can Say, LEO SAYER
ဒီသီချင်းလေး မဆိုပြတော့ဘူးနော်
20. A verb starts with M : Make
ဘာပဲလုပ်လုပ် ဘာပဲတီထွင် ဘယ်ကပဲ ထုတ်လုပ်ပစေ သူက ပါတယ်


တော်သေးတယ် ဝေါဟာရ နှစ်ဆယ်လောက်ပဲဆိုတော့...း)

သူ့အရင် တဂ်ပိုစ့်(ညည်းဖြစ်တဲ့သီချင်းများ)ရေးပြီးရင် ဘလော့ဝင်တာ လည်တာ ခဏနားပါမယ်ဆိုမှ ညီမလေးဝံလေးက ထပ်တဂ်ထားတော့ ဒီပိုစ့်ကို ရေးရပါတယ်။ ဒီပိုစ့်ပြီးလောက်တော့ ဘယ်သူမှ မတဂ်ထားဘူး ထင်ပါရဲ့။ မေလေး အလုပ်တွေက အားချိန်နည်းနေတာမို့ ဘလော့လည်တာ ပိုစ့်တင်တာကို ခဏနားထားပါမယ်။ ပြန်ဝင်ဖြစ်ခ်ျိန်ကျ တဝကြီး လည်ရမှာပေါ့လေ။ ကျေးဇူးတင်ပါတယ်နော် ကျန်းမာပျော်ရွှင်ပါစေ။







စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Sunday, October 11, 2009

ညည်းဖြစ်သော သီချင်းများ


  • မေလေးကို သူငယ်ချင်း နှင်းက တဂ်ပါတယ်။ တဂ်တယ်ဆိုတာ ကိုယ့်ကို ခင်မင်ရင်းနှီးလို့ဆိုတော့ကာ မရေးမဖြစ် ရေးပေးရမှာပေါ့နော်။ (နဂိုတည်းက ရေးချင်ချင်လေ သူ့ကို တည်လိုက်တာ အဟားးး) ကျေးဇူးတင်ပါတယ် နှင်းရေ ကိုယ့်ကို သတိတရ တဂ်ပေးတဲ့အတွက်ပါ။
  • မမမိုးချိုသင်းပြောသလိုဆိုရရင် မေလေးက သီချင်းကို ညည်းရုံတင်မဟုတ်၊ ဆိုကို ဆိုဖြစ်တာ။ လူနဲ့ သီချင်း တွဲရက်ပဲ။ ကိုယ့်ဖေဖေရဲ့ညီက သူတို့အရွယ်မှာ မြို့က စတိတ်ရှိုးတိုင်းကို ကိုင်ဇာ၊ စိုးပိုင် သီချင်းတွေနဲ့ တက်ဆိုတတ်တဲ့ အဆိုပျော်ပေါ့လေ။ ဟော....မေမေ့မောင်ကျတော့လည်း စိုင်းထီးဆိုင် သီချင်းတွေကို ထွက်သမျှခွေတိုင်း မလွတ်တမ်း ဆိုညည်း (သံစဉ် မရ ရအောင်)ဂစ်တာခေါက်တတ်တဲ့ ဦးလေးပေါ့။ ဖေဖေက လွှမ်းမိုးသီချင်းကို ဆိုက္ကားနင်းက ပြန်လာရင် ဆိုတတ်သလို မေမေကျတော့လည်း အလုပ်နဲ့ လက် မပြတ်ဘဲနဲ့ သီချင်းတညည်းညည်းနဲ့မို့ မေလေးကို သီချင်းဆိုတဲ့ ပိုးက မွေးတည်းက ပါလာတယ်ဆိုရပါမယ်။
  • မေလေးငယ်ငယ်တည်းက အိပ်ခါနီးရင် သီချင်းနဲ့ ချော့သိပ်မှ အိပ်သတဲ့ မေမေပြောပြပါတယ်။ မေမေရိုက်လို့ ငိုနေရင်းတောင် ဘေးခန်းက သီချင်းဖွင့်ရင် ရသလောက် အသံဝါးဝါးနဲ့ ရှိုက်သံရောပြီး လိုက်ညည်းတတ်ပါတယ်။ တခါတလေ မေမေ့ကို အတင်းပူဆာပြီး သီချင်းဆိုပြခိုင်းပါတယ် ကိုယ်မရတဲ့ မြန်မာသံစဉ်တွေကို နားထောင်ရင်း ရသလောက်လေး လိုက်ညည်းဖို့လေ။(ပိုးက အဲလိုဆို)
  • မေလေးက အကော်ဒီယံအုန်းကျော်ရဲ့ ယောင်ပေစူး ဆိုတာကိုလည်း ဆိုဖြစ်တယ်။ ငယ်ဘဝကို လွမ်းရင်ပေါ့။ ဟိုပြေးဒီပြေးကစားခဲ့ရတဲ့ အချိန်က နည်းပေမယ့် အမှတ်တရတွေနဲ့ပဲ။ အပူဆိုတာကိုလွယ်မထားတတ်ဘဲ အေးချမ်းတဲ့အရွယ်မို့လေ။ လွမ်းပါတယ် အဲဒီဘဝကို။
  • ဆောင်းဥိးလှိုင်ရဲ့ အဖြူရောင်နှလုံးသား (လူတွေကို အကောင်း ကျနော်မြင်ချင်ပေမယ့် ကိုယ်က ကောင်းတိုင်းလည်း သူတို့ပြန်ကောင်းနိုင်ပါ့မလား။။။ ဆိုးတဲ့လူတွေအတွက် ကျနော်ပြန်လည်း မဆိုးချင်ဘူး ။။။။ အဖြူရောင်နဲ့ နှလုံးသား ခုတော့ ပျက်စီးပြီးလားးးးးး) ကြိုက်ကိုကြိုက်လို့ ခဏခဏညည်းပါတယ်။ ဖြတ်စားလတ်လျားတွေ ပေါတဲ့ နေရာမှာ ကိုယ့်ရိုးသားမှုကို ခုတုံးလုပ်ခံရတာ။ ကိုယ့်အားနာမှုကို အခွင့်အရေးယူခံရတာများတဲ့အခါ ဒီသီချင်းက ကိုယ့်နဲ့ကွက်တိ။။။။
  • လွှမ်းမိုးသီချင်းတပုဒ်ဖြစ်တဲ့ ခုတော့ ပါးစပ်ရာဇဝင်လေး ဖြစ်ခဲ့ပြီ။။။။ ဘာမှ မဟုတ်ပါဘဲ စိတ်က ခပ်အေးအေးဖြစ်နေချိန်ကျ ဆိုပါတယ်။(ခု လက်ရှိ စိတ်က ရှုပ်နေပါတယ်း(
    ထူးအိမ်သင် ၊ စိုင်းထီးဆိုင်သီချင်းတွေကျ ပြောစရာမလိုအောင် ခဏခဏဆိုတာမို့လို့ မရေးတော့ပါဘူး။ အများကြီးပဲလေ့ ။(ကိုယ်က ရေချိုးခန်းနဲ့ ကိုယ့်အခန်းက အဆိုတော် :P)
    ဟိုးရှေးရှေးသီချင်းတွေပဲ ကြိုက်တာမဟုတ်ဘူးနော်။ မေလေးက ခုခေတ်ပေါ် ရော့ခ် ပေါ့ပ် ဟစ်ဟော့ပ် ကိုလည်း နားထဲဝင်သမျှ နားထောင် ပြီးရင် စိတ်နဲ့ အခန့်သင့်နေရင် အလွတ်ရအောင်ပါလုပ်ပြိး အော်ဆိုတတ်သေးတာ။။။( အော်ကောင်းလို့ အခန်းကို ခဲနဲ့ပေါက်ခံရဖူးတယ် :P )
  • လေးဖြူရဲ့ သံယောဇဉ် လည်း ခဏခဏ ဆိုပါတယ်။ စိုင်းစိုင်းသီချင်းလေ စပ်မိစပ်ရာ ကွစိကွစ ကိုယ့်နှုတ်ဖျားမှာ အစပ်အဟပ် တည့်လို့ ။ ရဲလေးက ၆နာရီဆို အဖေရယ်ပြန်လာပေးပါ တဲ့။ ကိုယ့်ဖေဖေ့ကို တောင်းဆိုဖူးတာလေး။ မျိုးကြီးက အစိမ်းရောင်လမ်း ဘာရယ်မဟုတ် စိမ်းရဲ့ရင်ဖွင့်ရာကို သွားသွားပြီး သူ့တန်းပလိတ်ကိုမြင်ပြီးတော့ အဲဒီသီချင်းကို အော်အော်ဆိုတာ ဟဟ။
  • အိုင်အမ်ပီတို့လို ဂရု(ပ့်)သီချင်းလေးအေးအေးတွေလည်း ဆိုတယ် ။ နောက်ထပ်ဆိုဖြစ်တာက အများကြီးရယ် ခုနောက်ပိုင်းလက်လှမ်းမီသမျှ နားထဲရောက်လာတာကို ပါးစပ်က လိုက်ဆို ။ သီချင်းနာမည်နဲ့ အဆိုရှင်တွေကိုတော့ မသိနိုင်တော့ မရေးတော့ဘူးနော်။ ခုရေးတာတောင်များလှပြီ။ လင့်ခ်မချိတ်တတ်တဲ့အပြင် ကိုယ်ကြိုက်တဲ့သီချင်းကိုလည်း လင့်ခ်သိပ်မရှာတတ်တော့ နည်းနည်း ခံစားဖြစ်နေတာလေးကိုပဲ သီချင်းလေး ရေးပေးလိုက်ပါတယ်။
  • ထူးအိမ်သင်ရဲ့ သံယောဇဉ် သံသရာ တဲ့။
  • ****အဆုံးမဲ့ပေးဆပ်ခွင့်ကို လိုချင်တယ်****အပြုံးနဲ့ ဆုံးရှုံးမှုအား ရွေးချယ်***မြေကြီးဟာ ရှင်သန်လို့ ပန်းကလေးများ ပွင့်နိုင်ဖို့***ရင်ခွင်ကို စိုက်ပျိုးတူးဆွ ကွဲအက် ခံတယ်***
  • ***အမုန်းမဲ့ ချစ်ခြင်းတရားတခုသာ ရည်ရွယ်ခဲ့***အတုံ့အလှည့် မရတော့နိုင်မှန်း သိပါတယ်***မြတ်နိုးစွာ ဝေဆာလို့ ပန်းကလေးများ ပွင့်နိုင်ဖို့***ခန္ဓာကိုယ် အသွေးအသားတို့ ခမ်းခြောက်ပစေတော့ကွယ်****
  • (*****ဒါကို အသိအမှတ်ပြုစေချင်လည်း****နှလုံးသားထဲက နီရဲ****အိုးးးး ကိုယ်မျှော်လင့်မိတာ နားလည်ပါစေကွယ်***သာယာလှပတဲ့ အနာဂတ်ထဲ ငြိမ်းချမ်းအေးမြစွာနဲ့***မြင်နေရင် ကြည်နူးမိတယ် ***အဝေးကနေပဲ ****ကြည့်နေလိုက်တာပဲ ကောင်းတယ်***)။။
  • တစုံတရာက ကိုယ့်အတွက် မဟုတ်ခဲ့ဘူးဆိုရင် ကိုယ်က ပြုံးပြီးငေးကြည့်နေလိုက်ဖို့ပဲ စိတ်ကူးရှိတော့ ဒီသီချင်းလေးက ကိုယ်တိုင် ကိုငှက်သီချင်းကြိုက်သူပီပီ ကွက်တိ။။။
  • ပြီး ခု အရိုးရဲ့သီချင်းလေး ဘာများ နောက်ဆုံးသယ်သွားနိုင်သလဲ ကိုယ်တွေ ဘယ်သူက ဘယ်လမ်းကို သွားနေကြသလဲ ဆိုတာကိုပြောပြတဲ့ နောက်ဆုံးမှာတော့----
  • ****နောက်ဆုံးမှာတော့ အခြွေအရံတွေ နည်းနည်းများများ အိုးကိုခွဲ***ကျန်ရစ်သူတို့ အယူဘာသာ နီးနီးဝေးဝေး ကြေးစည်နဲ့****အရင်သွားသူနဲ့ နောက်သွားမယ့်သူ **လူတိုင်း ဒီလမ်းးးးးးမတူ ဘယ်လမ်းရှိမလဲ****
  • ****ဘာပြောနိုင်လဲ ဘယ်သူဘာတွေဖြစ်ဖြစ် စကားဆက်ပြောရန်မရှိ* ***ဆက်ကြားနိုင်လား အချိန်မတန်ခင် အတင်းမေ့ထားတဲ့ တို့ သေခြင်း *****လိုဦးမှာလား ခဏလေးအတွင်းမှာ ဒီမနက်ဖြန်ရော ဘယ်သူ အာမခံမလဲ****
  • (*** မင်းစိတ်နဲ့ မင်းအောက် ခန္ဓာက အခေါင်းတခုစာ**** မင်းအတ္တနဲ့ မင်းနာမည်က မီးခိုးပြာ***ဘာငြင်းနိုင်မလဲ***)
  • ****ငါတွေးတွေနဲ့ ငါတွေ တကယ်ရှိခဲ့ဖူးတာ ဟုတ်ရဲ့လား***သေမယ့်သူချင်း အခြေအနေတွေ အတင်းခွဲကြလို့ ထူးရဲ့လား****ငါ မွေးခဲ့ခြင်း ငါ အသက်ရှိခြင်း ငါ ရုန်းကန်ခြင်း ငါတွေရဲ့သေခြင်း(ငါတွေရဲ့သေခြင်း)
  • (****ဟေးးကောင်းတဲ့စိတ်နဲ့ တံခါးတွေဖွင့်ပြီးကြည့်လိုက်ပါ**** ခဏလောက်ဖြစ်ဖြစ် အကောင်းတွေရှာဖို့ ရပ်လိုက်ပါ****)
  • ဖတ်ပြီး မောသွားလောက်ရောပေါ့နော်။ မေလေးကိုယ်တိုင်လည်း နှစ်ရက်လောက် အချိန်ပေးရေးရပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နှင်းကလေးရေ ကျေနပ်ပါတော့ အဟီးးစိုင်းထီးဆိုင်သီချင်းလေးနဲ့ ပေါ့လေ နေရစ်တော့ကွယ် သွားတော့မယ်****



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Thursday, September 3, 2009

သက်တန့်ရဲ့တဂ်

တော်တော်ဆိုးတဲ့သက်တန့်လေး။ လူကို လည်နေအောင်လုပ်တယ်။ မေလေးက အားလုံးဆီ သွားတယ်။ တစ်အိမ်ဝင်မိရင် အဲဒီအိမ်ထဲက တခြားအိမ်တွေကိုပါ ရောက်တယ်။ ကော်မန့်သာ မပေးခဲ့တာ။ သိပ်မပေးတတ်လို့။ ပြီးတော့ တနေရာရောက်ရင် တမျိုးကြိုက်ရတာပါပဲ။ သုတ ရသ အသိပညာ တခုလောက်တော့ ရလိုက်တာပါပဲ။ စာစုံဖတ်သူမို့ ဘလော့ဂ်တိုင်းကိုကြိုက်နေတော့ ခု ငါးခုတည်းကိုဆိုတော့
ဟီးးးးနည်းနည်းပဲရေးရတော့မှာပေါ့.ကျေးဇူးလည်းတင်ပါတယ်။ သက်တန့်က ငါးခုပဲပြောလို့နော်။ ပိုစ့်ရေးတတ်စ ခုမှ လပြည့်လေးတောင် မရှိသေးတဲ့ မေလေးအတွက် တဂ် ဆိုတဲ့ စကားလုံးကိုတောင် သူ့ကို အဓိပ္ပါယ် ပြန်မေးထားရတာဆိုတော့ မရေးတတ်ဘူးလေ။ စီလုပ်လေသံနဲ့ဆိုရင် ဝ ဘီလိုလုပ်ရမီလဲပေါ့နော်။ အမှန်တော့ မေလေး စီလုပ် မဟုတ်ပါ။ (ဒီလိုပဲ မေလေးက ဟိုစပ်စပ်ဒီစပ်စပ် ဘာသာစကား ရှစ်မျိုးလောက် တစ်ခွန်းစီရပါတယ် ဟီးး) ပိုစ့်ထဲမပါတဲ့ ကိုကိုများ၊ မမများ၊သယ်ရင်းများ၊ မောင်နှမများအားလုံးနော် မေလေးကို စိတ်ဆိုးရင် သီချင်းတစ်ပုဒ်စီ ဆိုသွားပါ။ ဒါမှမဟုတ် ကဗျာတပုဒ်စီလောက် စပ်သွားပါ။ မကျေနပ်သေးရင် မေလေးက တဂ်တယ်လို့ ပိုစ့်လေးတွေ တင်ပေးပါ။ မေလေးပိုစ့်ထဲမယ် မရေးတတ်လို့ အမှားတွေ ပါခဲ့ရင်လည်း ဘလော့ပိုင်ရှင်မောင်နှမများ နားလည်ပေးပါလို့ မေလေးက စာကို သိပ်မရေးတတ်လို့ပါ။ (ဟီးးးကဗျာတော့ နည်းနည်းလေး မြည်းတတ်တာပါ) ။ ပေတွေရှည်နေတာ ဘယ်ရောက်ကုန်ပြီလဲ မသိဘူး ။
မေလေးဘလော့တွေ အရင်ဆုံးလည်ဖြစ်တော့ အိပ်မက်များ ကို ရောက်ပါတယ်။ အဲ့ကမှ နောက်ထပ်အိမ်တွေကို ရောက်တာပါ။ အဲဒီကနေ အရင်ဆုံးသွားဖြစ်တာ မမတပြည်သူ အိမ့်ချမ်းမြေ့ ဆီကိုပေါ့။ သူ့မှာ နွေကိုရောက်ဖို့ စောင့်နေတဲ့ အနောက်နိုင်ငံကမို့ သူရေးတာက အနောက်နိုင်ငံက အခြေအနေတွေကိုရော ဆိုင်ရာ ဗဟုသုတတွေကိုပါ ရသမွှေပြီး ရေးစွမ်းနိုင်ပါတယ်။ ပြီးရင် ခု မေလေးရဲ့ မသွားရမနေနိုင်တဲ့စိတ် ဖြစ်လာစေတဲ့ မမနိုင်းနိုင်းစနေ အိမ်ပါ။ မမအိမ်မှာ သင်ခန်းစာ၊ ရင်ဆိုင်ရမယ့် အခြေအနေတွေကို လက်ခံဖြေရှင်းနိုင်တဲ့စိတ်ရှိလာအောင်၊ ဗဟုသုတလည်းရစေတဲ့ ဘာသာပြန်ပိုစ့်တွေ၊ ဒေသဆိုင်ရာ အထွေထွေ ရသ.သုတတွေ ပြီးတော့ ဟာသ နဲ့ ခဏခဏစိတ်ကျလွယ်တဲ့ မေလေးအတွက် တန်ဖိုးရှိတဲ့ အားဆေးခွက်တွေ ရပါတယ်။ သူနိုင်သလောက်လေးနဲ့ အလင်းတန်းပေးနိုင်တဲ့ ကြယ်စင်အလင်းတန်းလေးပါ။(မေလေးရဲ့ဘော်ဘော်။မောင်နှမတွေကို လည်း အဲဒီကမှ အများကြီး ရထားတာပါ)။ ကိုကြီးဘွိုင်းဇ် တဲ့ ။ သူကိုတော့ မနိုင်းဆီမှာ သိခဲ့ပြီးမှ ရောက်ဖြစ်တာ နေ့တိုင်းရောက်ပါတယ်။ သူ့ဆီမှာ ဒေသန္တရ ဗဟုသုတနဲ့ တခြား သိမှတ်ဖွယ်ရာတွေ.ကိုယ်တွေ သတိမမူမိလိုက်တဲ့အရာတွေကို ပြန်သိရပါတယ်။ ကိုကြီးသားကြီးကိုတော့ ညီမလေး ဝက်ဝံလေးအိမ်ကနေ သွားဖြစ်တာပါ။ သူ့ဆီက ပိုစ့်တွေမှာ ဟာသဆန်နေပေမယ့် ကြုံနေတဲ့ ဒုက္ခ။သုခတွေကိုရော ပြီးခဲ့တဲ့အဖြစ်တွေကိုပါ ဟာသနှောရေးထားတာပေမယ့် အခြေအနေကိုထင်ဟပ်လာအောင် ဆန့်ကျင်ဘက်အတွေးတွေကိုပါ ရောရေးထားတတ်သူပါ။ သူဘာရေးရေး ဘာပိုစ့်တင်တင် ကြိုက်ပါတယ်။ ခု သိပ်မရေးတော့ဘူးလို့တော့ ဆိုပါတယ်။ ခုနောက်ဆုံးက တဂ်ဖို့ဆိုလာတဲ့ သက်တန့်လေး ပါ။ သူ့ဆီကို မေလေး နေ့တိုင်းရောက်ပါတယ်။ ရောက်ဆို နေရာသစ်တွေ ကဗျာသစ်တွေ သမိုင်းသစ်တွေဆီကို သူက ရသ နှောပြီး ဆွဲခေါ်သွားလို့ပါ။ကိုယ်မမြင်ဖူးတာ မြင်ရတာက အံ့သြဘနန်းဖြစ်စေတာတွေလေ။ သူတင်တင်နေတဲ့ အစီအစဉ်ကို ရုပ်မြင်သံကြားမှာ လွှင့်တိုင်း ဘာသာစကားနားမလည်လို့ လက်လျှော့ထားရတော့ ခု သူ့ပိုစ့်တွေမှာ အတော်ကျေးဇူးတင်စရာကောင်းအောင် တွေ့ရ သိရပါတယ်။ ပြီးတော့ မေလေးလွင်ဆိုတဲ့ ဒိအိမ်လေးဖြစ်လာဖို့ထဲ သူလည်း အကူအညီ အများကြီးပေးခဲ့တာပါ။ (ကျေးဇူးတင်လွှာကို နောက်မှ သပ်သပ်ရေးပါအုံးမယ်)။။



ပိုစ့်ထဲမပါခဲ့သော ကိုကို.မမများနဲ့ သယ်ရင်း မောင်နှမများ မေလေးကို စိတ်မဆိုးပါနဲ့နော်(ဆိုးချင်လည်း ဆိုးပါ။။။စိတ်ဆိုးရင် သီချင်းတစ်ပုဒ်)ဆိုးမယ်ဆိုရင် သက်တန့်ကိုသာ။။။။။အဲလေ မေလေးရဲ့အရင်ဆုံးတဂ်ပိုစ့်လေးကို ကျေးဇူးတင်စွာ ပြီးတော့ ဝမ်းသာစွာ ရေးပြီးပါကြောင်းးးးးးးမတတ်တခေါက်မို့ ရေးတာထောင့်တောင့်တောင့်ဖြစ်နေရင်လည်းးးးအဟီးးးးး(ပြောခဲ့နော် ပြန်ပြင်လို့တတ်အောင်)