မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label ကဗျာလိုလို. Show all posts
Showing posts with label ကဗျာလိုလို. Show all posts

Friday, April 22, 2011

နွေ

ရိုးတံကျဲကျဲ
ပင်အိုတွေ အလှကိုယ်စီ တွဲလို့
အသွေးမကွဲတော့တာက
အဝေးက လိပ်ပြာနဲ့ အနီးက ရွက်ဝါ။
ဖူးပုရစ်အစီအရီနဲ့
လွမ်းဘွဲ့တွေ ညီခဲ့တာ
ချစ်စရာ့ ဒီနွေ
သစ္စာရယ် မဆိုခဲ့ပါဘဲ
နွေဆိုတာ ပူနေဖို့ချည်းသာပ။
ဥသြ နဲ့ နွေ
ဘယ်သူပြိုင်လို့ ဘယ်သူနိုင်နိုင်ပေါ့။
တစ်နှစ်ထက် တစ်နှစ်တိုး
အန်တုဖို့လည်း အခက်ဆိုး
အပူနဲ့ အငွေ့စပ် ဒြပ် ဖြစ်ပေမယ့်
မတတ်သာတော့ လှုပ်ခတ်တာကပဲ ပိုပိုတိုးလာတယ်။
နွေအလှကို ဘယ်သူဖျက်
ဘယ်သူစွက်လိုက်လို့ နွေပျက်
နွေကကြိုးဆက်ဖို့ ခက်ပြီ။
ချစ်စရာ ဒီနွေထဲ
အနှစ်နှစ်အလီလီ ဖြတ်သန်း
ဆက်လှမ်းဖို့ နွေ လှပါရစေ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်