မီးဖိနပ်ကို စီးရတဲ့ ကချေသည်
သူ့အတွက် တီးလုံးကိုတော့
မိုးလေး နည်းနည်း အုံ့ပေးကြပါ။
-ကိုယ့်မြင်း ကိုယ်စိုင်းခဲ့တာပဲ။
ဘယ်အုတ်တံတိုင်းကို တွေ့တွေ့
ကွေ့ ဖြတ်ကျော်မယ်။
-ရနံ့ မရှိရင် ပန်း မဟုတ်ဘူးလို့တော့
တဖက်သတ် မပြောလိုက်ပါနဲ့။
လမ်းလျှောက်ထွက်လာသူတွေ
ငါ့ ရင်ထဲက စာတန်း တွေ့ မသွားကြဘူး။
…….လွမ်းမိတယ်……။
-တကယ်တော့
ကမ္ဘာ လောကကြီးဆိုတာကိုက
အကြိမ်ကြိမ် အကယ်ဒမီရနေတဲ့
ဂန္တဝင်မြောက် ရုပ်ရှင်ကားလေ။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
