မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, September 26, 2009

ခဏ



ပြုံးချင်နေတဲ့ ဆန္ဒနဲ့
ရှုံးပြီးရင်း ရှုံးနေတဲ့ ဘဝမှာ
အတုံးအရုန်းလဲကျရတာလည်း
ခဏခဏပါပဲလား။
အနုသယ မကင်းသမျှ
သမုဒယ တင်းရတာမို့
ဝေခွဲမရစွာ
တွေဆဲ ခဏမှာ
သေလည်း ခဏသာ။



အလုပ်မအားတော့ လူက ခဏလေးဖြစ်ဖြစ် သေချင်စိတ်ပေါက်ပေါက်နေတယ်။ တွေးမိတွေးရာ တွေးရင်းတောင် သေတာတောင် ခဏလေးပဲ သေချင်နေသေးတော့ ဒီကဗျာလေး ရေးဖြစ်တာပါပဲ။ ဟုတ်တယ်နော်။ ဘယ်နှခါပဲသေသေ အနုသယ မကင်းသမျှတော့ ခဏခဏလည်း သေနေရဦးမှာပဲ။ သေလည်း ခဏပဲ သေရမှာပါပဲ။ နောက်ထပ်တွေမှာ အသက်ဆက်ချင်နေသေးတာကိုက လူ့အတ္တ......