မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Friday, March 11, 2011

ပင့်ကူနဲ့ အိမ်

ရင်ဘတ်ထဲ ပွေ့ထားရင်းနဲ့
သိမ်း ထုတ် ငင် ယှက်
လက်တွေနဲ့ ယက်ခဲ့ရတယ်။
အမှောင်ကို ကြို အရိပ်ကိုခိုရင်း
ရေတွေစိုမှာလည်း စိုးခဲ့ရတာပါ့။
တမျှင်ပြီး တမျှင်တိုး
ခြေထိုးရင်တောင် မပြိုဘူး ထင်ခဲ့တာလေ။
ရင်ဘတ်တွေ နာအောင် အန်ထွေးရင်း
ပိုက်ထားမိသမျှတွေ လျှံကျနေအောင်
ဒီအိမ်ကလေးက ခံနေပါ့မလား။
မဝံ့မရဲပေမယ့်
တွန့်ဆွဲလည်း မနေခဲ့ပါဘဲ
ဝင်ရပ်ကာ အမောဖြေမယ်ကြံ
လေသင်တုန်ဲး မာန်အဟုန်နဲ့
ကျီစာသန် ပြန်အဝှေ့မှာတော့
ဟန်ကလေးနဲ့ တောင် နှုတ်မဆက်
ရုတ်တရက်ပဲ ခွဲခဲ့ရတာလေ။
ပြန်ဆင်မယ် ဒီစိတ်ကူးတွေနဲ့
မာန်ကြိုတင် မိန့်မူးပေမယ့်
ယိမ်းနွဲ့အား မမျှလေသမျှ
တိတ်တိတ်သာ အရိပ်လေးထဲ
ခပ်မဆိတ်ဘဲ ရပ်နေပါရစေတော့။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်