မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label ကဗျာလိုလို. Show all posts
Showing posts with label ကဗျာလိုလို. Show all posts

Saturday, February 5, 2011

ဘဝဆိုတာ

မေ့ချင်ရဲ့နဲ့ အမေ့ခက်နေတဲ့
မေ့လည်း မမေ့နိုင်တဲ့
ဘဝဆိုတာ...
ပြန်ပြောင်းယူမရတဲ့ ပုစ္ဆာ ... ။
ဘဲ့ပြားပင်ဆန်ခဲ့တဲ့ နှလုံးသားက
ယိမ်းလည်း ယိမ်း၊ တိမ်းလည်း တိမ်းဖူးပါရဲ့။
နေနဲ့ လည်း မစိမ်းခဲ့သလို
လေအနွဲ့မှာလည်း ဟိုဒီလေး... ယီးလေးခို
မြေအပဲ့ကလေး ပြိုမှာတောင် စိုးခဲ့ရတာပါ့။
သယောင်းနေတဲ့ လမ်းမှာလည်း
အလှမ်းခက်ရင်း ဆက်လှမ်း
ကြမ်းနေခဲ့တဲ့ ဝမ်းစာ။။။
ဒီမိုး ဒီနေ ဒီလေနဲ့အားပြု
ဘဝကို ကိုယ် စိတ်မခုခဲ့ဖူးဘူး။
တခုပြီး တခုတိုးတဲ့ ဂဏန်းသင်္ချာလို
ကိန်းတန်ခိုးတွေ စိုး မနေခဲ့ပေမယ့်
အခြေအနေတွေလည်း
တစုပြီး တစု တိုးရင်း ထပ်ထပ်ဆိုး
ဘဝကို အစ ပြန်ပျိုးချင်တယ်။
နေဖို့နဲ့ သေဖို့ ဘယ်ဟာက ပိုခက်မှန်း
သိပ်မသိခဲ့သမျှ
ခက်ခက်ခဲခဲတွေက ဝေါဟာရ မလိုဘဲ ပြိုဆင်း
ကိုယ် ငိုချင်းတော့ မချခဲ့ဖူးဘူး ထင်တာပဲ။
နင်းခဲ့တဲ့လမ်း တခုစီကို ဖြန့်.ဆက်.. စမ်း...ဦး တော့
အစ ကို ဘယ်အခါမှ ပြန်မရနိုင်ပါလားကွယ်။
တကယ်တော့လည်း
မေ့ချင်ရဲ့နဲ့ အမေ့ခက်နေတဲ့
မေ့လည်း မမေ့နိုင်တဲ့
ဘဝဆိုတာ...
ပြန်ပြောင်းယူမရတဲ့ ပုစ္ဆာ ... ။










စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်