မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, September 5, 2009

သံယောဇဉ် အရှိဆုံးဆိုတာက

အလင်းဖြန့်သူပေမယ့်
ပူလိုက်တာလေ
'နေ' တဲ့။
အေးတော့အေးပါရဲ့။
ကိုယ်ပိုင်အလင်းနဲ့မဟုတ်
ဆုတ်တခါ ဆန်းတခါ
မသာတလှည့် သာတလှည့်
မာယာနဲ့ဟန်ပြ
'လ' တဲ့။
ကမ္ဘာက ကုန်းချော
ပြောရင် မောရုံ
စကြာဝဠာရဲ့ပတ်လမ်းတွေထဲ
သမုဒယဆွဲအားတွေနဲ့ လွင့်မျော
သံယောဇဉ်အရှိဆုံး ဆိုတာက
ချစ်သူတွေပါကွယ်။



ကဗျာတွေကို မေလေးကကြိုက်တော့ ကူးကူးထားတယ်။ကိုယ်တိုင်လည်းရေးဖြစ်တယ်။ ခုဒီကဗျာလေးက ကူးထားပြီး ရေးသူကို ဇဝေဇဝါဖြစ်နေတယ်(မောင်စိန်ဝင်းပုတီးကုန်းလို့တော့ ထင်တယ်) ပြန်တင်ထားတာ။ နည်းနည်း အဲဒီကဗျာကို ပြန်ဖတ်ရင်းနဲ့ feel ဝင်သွားလို့လေ။ ဟိဟိ (ဆားမချက်ဘူးနော်။ မေလေးက မအားလို့ရယ်) ဟုတ်တယ်နော် သံယောဇဉ်အရှိဆုံးဆိုတာက ချစ်သူတွေပဲ ။ ချစ်သူတွေပျော်ရွှင်နိုင်ပါစေနော်။