မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Showing posts with label ရယ်စရာ ပြုံးစရာ. Show all posts
Showing posts with label ရယ်စရာ ပြုံးစရာ. Show all posts

Saturday, July 31, 2010

မေရီရဲ့ မုန့်လုပ်နည်း

့ကျွန်တော့်ဇနီးသည် မေရီက အရမ်းအရသာရှိတဲ့ ကိတ်မုန့်ကို လုပ်တတ်တယ်။ သူ မုန့်လုပ်ပုံက ဒီလိုပါ........
သူဟာ မုန့်ဖုတ်ဖို့ ဒယ်အိုးကြီးကြီးကို အရင်ရှာတယ်။ ရှူးဆိုပြီး မီးဖိုချောင်ထဲက ခွေးကို မောင်းထုတ်လိုက်ဦး။ အငယ်ဆုံးကောင် ဂျွန်ရဲ့(ကစားစရာ)အိမ်ဆောက်အုတ်တွေကို စားပွဲပေါ်က ဖယ်လိုက်၊ ဒယ်အိုးကို ထောပတ်ကောင်းကောင်းသုတ်။ ပြီးရင် စပျစ်ခြောက်နဲ့ ဂျုံမှုန့် ၇ အောင်စကို ချိန်တွယ်ပြီးထည့်၊
အဲဒီအချိန်မှာ ဂျုံဒယ်အိုးထဲရောက်နေတဲ့ ဂျွန်ရဲ့လက်ကို ဆွဲဖယ်လိုက်။ ဂျွန်ကြောင့် ကျသွားတဲ့ ကြမ်းပြင်ပေါ်က ဂျုံမှုန့်တွေကို လှဲကျင်းရမယ်။ ပြီးမှ ဘေးအိမ်ကို ဖုန်းဆက်ပြီး လိုနေတဲ့ ဂျုံမှုန့်နည်းနည်း ချေးဖို့ လှမ်းပြောဦးပေါ့၊
နောက်ပြီး ဂျုံမှုန့်ကို ဆန်ကာချနေချိန်၊ ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ ရစ်ချတ်ရဲ့ ကားကလေးကို လှမ်းမြင်ရတယ်။ ကြက်ဥဖောက်ထည့်ဖို့ ခွက်တစ်လုံးကို ထုတ်တယ်။ ရေခဲသေတ္တာထဲက ကြက်ဥတွေ ထုတ်ခဲ့ဖို့ သားအကြီးကောင် ရောဘတ်တာကို လှမ်းပြောလိုက်။ ရောဘတ်တာကြောင့် လွတ်ကျသွားတဲ့ ကြက်ဥတွေကို ရှင်းလင်းပစ်ရသေးတယ်။ နောက်ဆုံး ကိုယ်တိုင်ပဲ ကြက်ဥတွေကို သွားယူဦး။
ဖုန်းသံကြားတယ်။ ဖုန်းသွားဖြေဖို့ ရစ်ချတ်ကို လှမ်းပြောလိုက်။ ဖုန်းဆီကို ရစ်ချတ် မရောက်ခင် ကိုယ်တိုင်ပဲ ဖုန်းပြောပါဦး၊ ဖုန်းလက်ကိုင်ခွက်က ဂျုံမှုန့်နဲ့ ထောပတ်တွေကို ပြန်ပြီး သုတ်ပစ်ပါဦး။ ပြီးမှ မီးဖိုချောင်ဝင်။
ဂျွန်ရဲ့လက်ကို မုန့်ဒယ်အိုးထဲက လှမ်းပြီးဆွဲဖယ်၊ ပြီးတော့ ဂျွန်ရဲ့လက်ကို ဆေးကြောပေးဖို့ ရေခွက်ကိုယူ၊ တံခါးခေါက်သံကြားလို့ ရောဘတ်တာကို သွားကြည့်ပေးဖို့ လှမ်းပြောလိုက်ဦး။ ရောဘတ်တာ မရောက်ခင် ကိုယ်တိုင်ပဲ တံခါးကို ဆွဲဖွင့်လိုက်၊ ပြီးတော့ တံခါးလက်ကိုင်မှာ ပေနေတဲ့ ဂျုံမှုန့်နဲ့ ကြက်ဥတွေကို ပြန်သုတ်ပစ်ဦး၊ နောက်မှ မီးဖိုချောင်ထဲ ဝင်......
ထောပတ်သုတ်ထားတဲ့ ဒယ်အိုးထဲကို ဂျွန်ပစ်ထည့်ထားတဲ့ ဆားထုပ်သေးသေးလေးကို အရင်ဆုံး ဖယ်ပစ်။ ကြက်ဥနဲ့ ဂျုံမှုန့်တွေကို စားပစ်လိုက်တဲ့ ခွေးကို ညစာမကျွေးဖို့ ဘယ်လာရီ(အိမ်ဖော်)ကို လှမ်းပြောလိုက်။ ပြီးတော့ ကြက်ဥနှစ်လုံးထပ်ယူပြီး ဂျုံမှုန့်အသစ်တစ်ထုပ်ကို ဖောက်၊ ဂျွန်ရဲ့လက်ကို ဂျုံအိတ်ထဲက ဆွဲဖယ်၊ နောက်မလုပ်ဖို့ သူ့ရဲ့လက်ဖဝါးကို ရိုက်၊ ဂျွန်ကိုတော့ စိတ်မကောင်းပါဘူးလို့ ပြော၊ ပြန်ချော့။ နောက်ပြီး သူ့ကို ဂျုံအပြည့်တစ်ခွက်နဲ့ နို့တစ်ခွက်ပေးပြီး သူ့ကိုယ်ပိုင် ကိတ်မုန့်ဖုတ်ခွင့် ပေးလိုက်မှ အေးမယ်။။။။
အဲဒီအချိန်မှာ ထောပတ်သုတ်ထားတဲ့ ဒယ်အိုးထဲ ရစ်ချတ်ရဲ့ ကားလေးတွေက လျောဆင်းနေပြီ။ ရစ်ချတ်ရဲ့ ကားလေးတွေကို ပြန်ဆယ်ထုတ်ပြီး မင်းကို ကျောင်းအိပ်ကျောင်းစား ပို့ပစ်မယ်လို့ ခြိမ်းခြောက်၊ ပြီးတော့ နောက်ဒယ်အိုးတစ်လုံးကို ထောပတ်ထပ်သုတ်....
စပျစ်ခြောက်တွေ ယူပြေးသွားတဲ့ ရောဘတ်တာကို မိအောင်လိုက်ဖမ်း၊ စပျစ်ခြောက်တွေ ပြန်ပေးအောင်လုပ်၊ မုန့်ဖုတ်ပေါင်ဒါကို လိုက်ရှာ၊ မတွေ့တဲ့အခါကျတော့ အနီးက ကုန်စုံဆိုင်ကို ဖုန်းဆက်ပြီး လှမ်းမှာ၊ သူ့လက်ကြောင့် တယ်လီဖုန်းမှာ ပေသွားတဲ့ ဂျုံမှုန့်နဲ့ ကြက်ဥတွေကို ပြန်သုတ်ပစ်၊ ပြီးတော့ မီးဖိုချောင်ထဲ ပြန်ဝင်......
အဲဒီအချိန်မှာ အရာရာအားလုံးဟာ ကြမ်းပြင်ပေါ် မွစာ ကျဲနေတာကို တွေ့ရတယ်။ ဂျွန်ရဲ့မျက်ခုံးပေါ်မှာ ဂျုံမှုန့်တွေ စပျစ်ခြောက်တွေ ပေနေပြီပေါ့။ ဒါကြောင့် ညစ်ပတ်နေတာတွေကို လျှာနဲ့ လျက်ပေးဖို့ ခွေးကို တောင်းပန်။
နောက်ဆုံးဆိုရင်တော့ Text Colorကိတ်မုန့်ဆိုင်ကို အကောင်းဆုံးကိတ်မုန့်တစ်လုံးလောက် ပို့ပေးပါလို့ ဖုန်းဆက်ပြောလိုက်တယ်။။။။။ ကိုင်းးးး မကောင်းဘူးလား။ ကျွန်တော့်မိန်းမ မေရီ့မုန့်လုပ်နည်းက........


Take Four Children and a pinch by Antonio Amuri ကို ရယ်စရာအဖြစ် တင်ထားတာပါ။။ ဖတ်ရင်း ဖတ်ရင်း မျက်စိထဲ မြင်လာတာကို ရယ်မိနေလို့ပါ။ သူငယ်ချင်းများ မောင်နှမများ ကျန်းမာပျော်ရွှင် ဘဝအမော ပြေနိုင်ပါစေ။






စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

Wednesday, September 30, 2009

ရယ်ရအောင်လို့ (၂)

  • ၁၊ ၊ဆောင်းခိုငှက် ပုစ္ဆာ
  • မေး။ ။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ဆောင်းရာသီ ကျရောက်တဲ့အခါတိုင်း ငှက်တွေ ဘာကြောင့် မိုင်ပေါင်း ထောင်ချီပြီး ကမ္ဘာ့တောင်ဘက်ခြမ်းကို ပျံသန်းကြသလဲကွာ။
  • ဖြေ။ ။ ဘာဖြစ်လို့ ပျံသန်းရသလဲ ဆိုတော့.....မပျံသန်းဘဲ လမ်းလျှောက်သွားရင် ဟိုလည်းရောက်ရော ဆောင်းခိုငှက်တွေကို ဆောင်းရာသီ ဆီးကြိုနေမှာမို့လို့ပဲကွ။။။။။
  • ၂၊ ၊ဇီးကွက် သို့မဟုတ် မျက်မှန်ကြီးနဲ့ ငှက်
တောစခန်း တစ်ခုတွင် ညအိပ်စခန်းချနေသူ နှစ်ယောက် အချီအချ ပြောနေသည်က.......
'ဝှီးးးးဝှူးးးဒီညလောက် အလင်းရောင် ကင်းမဲ့ပြီး မှောင်မိုက်တဲ့ မဟူရာညမျိုး တသက်မှာ တခါမှ မတွေ့ဖူးပေါင်ကွာ'
'အိုင်ဆေး၊ မင်းကသာ ပိန်းပိတ်အောင် မှောင်နေ၊ ငါကတော့ ခုနကပဲ ငှက်ကြီးတစ်ကောင်တောင် မြင်လိုက်၊ တွေ့လိုက်သေးကွ။ ငှက်ကြီးမှ မျက်မှန်နက်ကြီးတပ်လို့' ........

၃။ ညောင် မြည်တဲ့ ခွေး

ခွေးတစ်ကောင် ဆွဲလာသူတစ်ယောက်က ပြောသည်။
'ငါတို့ မှုခင်း တပ်ဖွဲ့ရဲခွေးကွ၊ တွေ့လား၊ ဘယ်လောက် ခံ့ညားလဲ'
'ဘာကွ ခွေး ဟုတ်လား၊ မင့်ကောင် အော်သံကြီးကလည်း ညောင် ဆိုပါလား'
'ဪ ကြောင် အသွင်ယူ ရုပ်ဖျက်ထားတဲ့ ခွေးမို့လို့ပါကွ'


၎၊ ၊ခဲလေသမျှ သဲရေကျ
မြင့်မား မတ်စောက်သော တောင်တခုကို ကျားခုတ် ကျားခဲ ကြိုးစားပမ်းစား တက်ရောက်လာကြ သော တောင်တက်သမား နှစ်ယောက်သည် တောင်ထိပ်သို့ ရောက်သောအခါ ခြေကုန်လက်ပန်း ကျနေကြပြီ။ မောမောနှင့် ပစ်လဲရာမှ တစ်ယောက်က ပြောသည်။
'ဝှူး....ဒီတောင်ကို တက်လိုက်ရတာ သေလုမျောပါးပါပဲလားကွာ၊ ဒီလောက် တက်ရခက် တဲ့ တောင်ထိပ်ကို ရောက်ရကျိုးနပ်အောင် တို့နိုင်ငံတော် အလံကို စိုက်ထူပြီး အောင်ပွဲခံရမယ်ကွ၊ တို့ဘဝမှာ အဲဒါ ဂုဏ်ယူ ဝမ်းမြောက်စရာ အကောင်းဆုံးအချိန်ပဲ၊ ကိုင်း......ကိုယ့်လူရေ၊ နိုင်ငံတော် အလံကို ကျေးဇူးပြုပြီး ထုတ်ပေတော့ကွာ'
ကျန်တစ်ယောက် ပြန်ပြောလိုက်သံ အကြားတွင် တောင်းသူ ပက်လက်လန်လေသည်။
'ဟာ....သေလိုက်ပါတော့ကွာ၊ ငါ့မှာ အလံ ပါမလာဘူး။ ငါက မင်းနှင့်အတူ ပါလာမယ် မှတ်နေတာကွ'..

၅၊ ၊ နွားမြီး ပုစ္ဆာ
ဝိတ်ဒ်။ ။ တကယ်လို့ နွားတစ်ကောင်ဟာ အရှေ့ဘက်ကို ဦးတည် ရပ်နေမယ်ဆိုရင် အဲဒီနွားရဲ့ အမြီးဟာ ဘယ်ဘက်ကို လှည့်နေမလဲကွာ။
ဝိုင်ယတ်။ ။ အနောက်ဘက်ကို လှည့်နေမှာပေါ့ကွ။
ဝိတ်ဒ်။ ။ မှားတယ်၊ မသေမချင်း မှတ်ထား၊ နွားမြီးဆိုတာ ဘယ်တော့မဆို အောက်စိုက်နေတာ ကွ။ အောက်ဘက်ကို လှည့်နေတယ် ဆိုမှ အဖြေမှန်တယ်။


၆၊ ၊ ပင်းကျင့် ပါနေလို့ ဗျို့။

မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါကု ဆရာဝန်တစ်ယောက်သည် နားရောဂါ လူနာ တစ်ယောက်ကို စမ်းသပ် ကုသပြီး ပြောသည်။
'အိုကေ၊ ဟန်ကျလိုက်လေဗျာ၊ ခင့်ဗျာ့း နား အကြား ချွတ်ယွင်းမှု ပြဿနာတော့ ပြေလည်သွားပြီ၊ ကဲ ခင်ဗျာ့ကို ကျွန်တော် ခုနက တပ်ပေးလိုက်တဲ့ နားကြားကိရိယာအတွက် ကျသင့်ငွေ ဒေါ်လာ ၉၀၀ ကိုသာ ခင်ဗျား ရှင်းပေရော့'
လူနာကမူ ဆရာဝန် ပြောတာ ဘာမှ မကြားသယောင် မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ဆေးခန်းထဲမှ လျှောက်ထွက်သွားလေ၏။

၇၊ ၊ လူပါးဝတဲ့ ခွေး

ပင်လယ်ကမ်းခြေ အပန်းဖြေရန်အတွက် လူစကား ပြောတတ်သော ခွေးတစ်ကောင်နှင့် လူစကား ပြော သင်ပေးသူ လူတစ်ယောက်တို့ ကားတစ်စီးဖြင့် ခရီးထွက်လာသည်။
စပို့ကား အသစ်စက်စက်ကို မောင်းကောင်းကောင်းနှင့် အရှိန်ပြင်းပြင်း မောင်းလာသောကြောင့် နောက်မှ ယာဉ်ထိန်းရဲကား တစ်စီး လိုက်ဖမ်းခြင်းကို ခံရသည်။
ကားပေါ်ပါ ခွေးက သူ့ဆရာ ကားမောင်းသူကို အားပေးစကား ပြောသည်။
'ဆရာ ရပ်ပေးလိုက်၊ ရပ်ပေးလိုက်၊ လမ်းဘေး ထိုးရပ်ပေးလိုက်၊ ကိစ္စ မရှိဘူး၊ ဆရာ ဘာမှ မပူနဲ့၊ မပြောနဲ့၊ အဲဒီ ရဲ ပြဿနာ ရှာလာရင် ကျွန်တော် ပြေလည်အောင် ကြည့်လှိမ့်လိုက်မယ်'

မေလေး ဖတ်ဖူးတဲ့ ဟာသလေးပါ။ ကိုယ့်ဘာကိုယ် တွေးတွေးပြိး ရယ်နေမိလို့ တင်ထားတာပါ။
'ဆောင်းခိုဖို့ မျက်မှန်နက်နဲ့ ရှာ၊ ညောင်တဲ့ခွေးက တောင်တက်တော့၊ နွားမြီးကအောက်လှည့် ၊ ပင်းနေရင်းလေးပဲ၊ လူပါးဝတဲ့ခွေးက ကြည့်လှိမ့်လိုက်မယ်' ဒါက မေလေးဘာသာ ဖတ်ရင်းပြုံးရင်း ခု ပိုစ့်တင်ရင်း တွေးမိလို့ ရေးထားတာပါ။ စိတ်လေးတွေ ပေါ့ပါးနိုင်ပါစေ။







Wednesday, September 23, 2009

ရယ်ရအောင်လို့

စကားနားထောင်သူ

အရက်မူးနေသော ယောင်္ကျားက သူငယ်ချင်းတစ်ယောက်နှင့်အတူ အိမ်ပြန်လာသည်။ အိမ်အရောက်တွင် မိန်းမက
"ရှင် ဒီအရည်တွေ သောက်လာပြန်ပြီလား။ ပြောပြော မောတာပဲရှိမယ်။ သေချင်းဆိုးကြီး"(နည်းနည်းသီးခံဖတ်ပါ)
ယောင်္ကျားက အတူပါလာသူ သူငယ်ချင်းဘက်လှည့်ကြည့်ပြီး မိန်းမကို ပြန်ကြည့်ကာ
"နောက်တခေါက်လောက် ပြန်ပြောပါဦး မိန်းမရာ"
"သေချင်းဆိုးကြီး သေချင်းဆိုးကြီး ကဲ...."
ဤတွင် ယောင်္ကျားဖြစ်သူက သူ့သူငယ်ချင်းအား သေချာကြည့်ပြ်ီးပြောလိုက်သည်မှာ...
"တွေ့လား ငါ့မိန်းမ ငါ့စကား ဘယ်လောက်နားထောင်တယ်ဆိုတာ...."


နားလည်ပါ။

ခဏခဏ ရန်ဖြစ် စကားများရသော လင်မယားနှစ်ယောက်ရှိသည်။ ယောင်္ကျားဖြစ်သူက တနေ့တွင် စိတ်ရောဂါကု ဆရာဝန်ထံသွားကာ အကြံဥာဏ်တောင်းသည်။ ဆရာဝန်က ရန်ဖြစ်နည်းစေရန် တဦးဦးက စိတ်တို စိတ်ဆိုးနေချိန်တွင် ကျန်တဦးက အမူအရာအားဖြင့် ကြိုတင်သိနိုင်ရန် ညှိနှိုင်းထားသင့်ကြောင်း အကြံဥာဏ်ပေးလိုက်သည်။ ယောင်္ကျားဖြစ်သူ အိမ်ပြန်ရောက်သောအခါ မိန်းမအား....
"မိန်းမရေ ငါတို့တွေ ညှိနှိုင်းထားရအောင်။ ဒါမှ တယောက်ယောက် စိတ်ဆိုးဒေါသဖြစ်နေရင် နောက်တစ်ယောက်က ကြိုတင်ပြီး ရန်ရှောင်လို့ရတာပေါ့။ ငါ အပြင်က ပြန်လာလို့ ဦးထုပ်ကို ရှေ့ခပ်ငိုက်ငိုက် ဆောင်းထားရင် ဒါ စိတ်ကောင်းဝင်နေလို့ပဲ။ ဦးထုပ်ကို ခပ်စောင်းစောင်းဘေးဘက် ဆောင်းထားရင်တော့ မိန်းမရေ မင်း...ခပ်ဝေးဝေးသာ နေပေတော့"
" ဪ...ဒီမယ် ရှင်ပြန်လာတဲ့အခါ ကျမ လက်ကို ခါးပေါ်စောင်းတင်ထားရင်တော့ စိတ်ကောင်းနေတာပဲ။
လက်ကို ရင်ဘတ်ပေါ် ပိုက်ထားတယ်ဆိုရင်တော့ အလကားဒေါဖောင်းနေလို့ပဲ။ အေး...အဲဒီအချိန်ကျ ရှင့်ဘာသာရှင် ဦးထုပ် ဘယ်လိုဆောင်းလာလာ ကျမ ဂရုမစိုက်ဘူးဆိုတာ မှတ်ထားပါ...."


ယုံစမ်းပါ။

ယောင်္ကျားဖြစ်သူ ည (၁)နာရီတွင် အိမ်ပြန်ရောက်လာသည်။ မိန်းမက အခန်းတွင်းမှ အော်မေးသည်။
"ဘယ်နှနာရီ ရှိပြီလဲ"
"(၁၀)နာရီပါကွာ"
ဧည့်ခန်းတိုင်ကပ်နာရီက အချိန်ကိုက် (၁) ချက်တီးလေသည်။
"ရှင် ကျမကို လိမ်ပြန်ပလား"
"မင်းက သုည (၀)ကိုပါ ထည့်တီးစေချင်လို့လား..."