အပြစ်ရယ်လို့
မြှုတမှုံမျှ မဆိုပေမယ့်
ငိုချင်အောင်တော့ လက်ပြခဲ့တာပဲလေ။
ခပ်ဖွဖွ ချခဲ့ရတဲ့ ပင့်သက်တွေကြား
မင်း ပြန်လာမလား
တစ တစ မျှော်လင့်မိချင်ရဲ့။
ခေါ်ခွင့်ရှိရင်တော့
ခဏလေးဖြစ်ဖြစ် ငဲ့ကြည့်ပေးခဲ့ပါ။
ခွဲရမယ်ဆိုတိုင်း
အသင့်မဖြစ်နေတဲ့ ငါ…။
သမုဒယနွံထဲ
ကျွံ မနစ်ချင်ပါဘူးကွယ်။
ဥပေက္ခာတရားကို အဖော်ပြု
နှလုံးသားကို အဖေးတက်အောင်
ခပ်ပါးပါးလေး ထုဆစ်ပြီးတဲ့အခါ
ခုလိုလေး နင် ချစ်ခဲ့တာကို ငါ မေ့ထားချင်လို့ပါ။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
