ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဖရိုဖရဲ
ဇူလိုင်သုံးဆယ့်တစ်မှာပေါ့။
ကမ်းပါးမရှိပေမယ့်
ငါလည်း ပြိုလဲတတ်ပါတယ်။
ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့
ကမှူးရှူးထိုးကြားမှာ
ငါဘာဖြစ်ခဲ့တာလဲ။
ဒီလိုပဲ မသိလိုက်မသိဘာသာ
မျက်စိမှိတ်နေလိုက်ရမှာလား။
တခါတခါ
ဘယ်ကိုစီးဝင်ရမယ်မှန်း မသိချင်လောက်အောင်
ငါ့အတွက် မရှိနိုင်တဲ့ ကမ်းပါးကို လွမ်းတယ်။
သွားချင်ရာသွားကွယ်။
ငါ့ကို ပြန်ပြန်လှည့်မကြည့်နေပါနဲ့။
ဟိုမှာဘက်ကမ်း
မင်းသွားချင်တဲ့ဆီပဲ လှမ်းလှမ်း
ဒီမှာဘက်ကိုပဲ လူးလားခေါက်တုံ့လျှောက်လျှောက်ပေါ့။
ဒီရင်ကျယ်သမျှ
မင်းဖြတ်သန်းနေသရွေ့
ဒီတိုင်းပဲ ငါစီးဆင်းနေလိုက်ပါ့မယ်။
ကိုယ်တိုင်က ချောင်းလေးလား မေလေးရဲ့...။
ReplyDeleteကမ်းနားက ရွာတွေတော့ သတိထားပေါ့ဟာ ...။ သူတို့က အခင်းကြီးတွေကို ကမ်းနားဘက်ကို စွန့်တတ်တယ်ဟ။
ဝဲလ်ကမ်းတူ ဘလော့ရွာ
ဝေ့.....မျက်စိ လည်လာတာ ဟုတ်ဘူး...တမင်လာတာ... ကဗျာလေး မိုက်တယ် ကွယ်.. တကယ်..။
ReplyDeleteမန့်လို့ရပါတယ်
ReplyDeleteမေလေးကကဗျာရေးတာလဲအရမ်းကောင်းတာကို လျှိုထားတယ် ..ဟင်း
ReplyDeleteThis comment has been removed by the author.
ReplyDelete