မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Tuesday, September 1, 2009

စိတ်ရှိတိုင်း ကျဲထားတဲ့ ကဗျာအဟောင်း

ဒဏ်ရာတွေချည်းပဲ ပေးတတ်တာလား။
ငါ မနာကျည်းချင်ဘူး။
ဝမ်းနည်းနေရင်တောင်
အရမ်း ခါးသီးနေတော့
ဘယ်လို မျိုချရမလဲ။
ဘာဖြစ်လို့များ
တွေ့သမျှ သဏ္ဍာန်
အသံတွေ အားလုံးမှာ
မာယာတွေ ပြည့်နေရတာလဲ။
ငါလည်း ခရစ္စမတ်ဘိုးဘိုး မဟုတ်ဘူး။
ပေးနေရဲပေမယ့်
လမ်းစ မပျောက်ခင်လေး
စမ်းပြီး ထလျှောက်ချင်ပါသေးတယ်။
ငါ့အတွက် မရှိတဲ့
ကံတရားကိုတော့
ဒီအတိုင်း ထိုင်မစောင့်နေနိုင်ပါဘူး။
ဘယ်သူက ကြိုးဆွဲနေလို့
ငါက အချိုးဆညီညီ လိုက်က,နေရမှာလဲ။
ကော်ဖီရောင်လို မျက်နှာမျိုးတွေ
ခါးသက်နေလိုက်ပုံများ
အပြုံးတွေတောင် ကြောက်စရာ
ဆုံးနေတာလား ရှုံးနေတာလား။
ငါ့အတွက်တော့ ဝေါဟာရကွဲ သံတူပုဒ်တွေပါပဲ။
နေပါစေ
တန်လာရင် အနှစ်ရှိမယ်။
မှန်လာရင် အစစ်ရှိလာမယ့်
ဘဝသစ်တွေထဲ ငါ ပါဝင်ခွင့်ရှိပါတယ်။



ကိုယ့်ကဗျာစာအုပ်ထဲ ရေးထားတာကြာပြီဖြစ်တဲ့ကဗျာကို ချရေးလိုက်တာ ခေါင်းစဉ်မတပ်ရသေးတော့ အဟောင်းလို့ပဲ တပ်လိုက်တာပါ။ ဒီဒဏ်ရာကလည်း ဟောင်းတော့ဟောင်းနေခဲ့ပါပြီ။

9 comments:

  1. ဘဝရဲ့ စာမျက်နှာတိုင်းဟာ ကြမ်းတမ်းမှုတွေ ခက်ထန် မှုတွေ
    နားလည်ရခက်မှုတွေ နားအလည်မခံရမှုတွေ နဲ့ သာပြည့်နှက်
    နေတယ်သူငယ်ချင်းရေ .... သူ့ အလိုကျ ရောက်တဲ့ အရပ်မှာ
    လျော်အောင်နေဖို့ သာကြိုးစားကြပါစို့ လား ....ထင်တိုင်းကျဲ
    တယ်ဆိုတာထက် ခံစားချက်ကို ဖြေလျှော့ပစ်တယ်ပဲ မှတ်
    ပါတယ်ဗျာ ကဗျာလေးက ကောင်းလှပါတယ် .....
    ခင်တဲ့ 
    ရန်ကုန်သား :D

    ReplyDelete
  2. အော် ငါ ၁ မှတ်တယ် ရန်ကုန်သားက ဦးနေတယ် ဟိဟိ

    ကဗျာလေး ဖတ်သွားပါတယ် မေကြီး အဲလေ မေလေး ရှင့်

    ဘိုင် တာ့တာ

    ReplyDelete
  3. ၃ နဲ့ပဲမန့်လိုက်ပါတယ်မေလေးရေ...ဒါဏ်ရာအဟောင်းတွေကိုသိခွင့်ရတဲ့
    အတွက်စိတ်မကောင်းပါဘူး...နာ့အစ်မကြမ်းတမ်းတဲ့ပင်လယ်ပြင်ကြီးကို
    မေလေးချစ်တဲ့ မောင်နှမတွေနဲ့အတူတူရင်ဆိုင်ဖြတ်သန်းနိုင်ပါစေ......

    ReplyDelete
  4. ပြောကြည့်မယ်နော် .. ကဗျာဖတ်ကြည့်တာ နဲနဲ ထောက်နေသလိုဘဲ .. စကားလုံးတွေ သေချာရွှေးကြည့်ပါလား နောက်..
    (ငါ့အတွက် မရှိတဲ့
    အဲဒီကံတရား ကိုတော့).. အစား
    ငါ့အတွက်မရှိတဲ့ .. ကံတရား..... စသဖြင့်ပေါ့..

    ငါမသိဘူးနော် ..ပြောကြည့်တာ

    ReplyDelete
  5. ကျေးဇူးပါနော် ငါလည်း ကိုယ့်ဘာကိုယ်ခံစားရသလိုသာ ရေးထားတာ။ ခု ပြန်ဖတ်ပြီးတော့ ဟုတ်တယ် ။ ထောက်နေတယ်။ ဒါပေမယ့် မပြင်တတ်တော့ဘူး ။ နင်ပြောတာလေးပဲ ပြင်လိုက်မယ်နော် နောက် တွေ့ရင်လည်း အဲလို ပြောပြပါ။ ကျေးဇူး ရန်ကုန်သား ။ ဝံလေး။သက်တန့်နဲ့ မင်း နော်

    ReplyDelete
  6. ဒီဒဏ်ရာက ဟောင်းပြီတဲ့လား?
    ဒီကဗျာကတော့ သစ်တုန်းပါပဲလား?
    မနက်လင်းကတည်းက ညမှောင်တဲ့အထိတွေ့သမျှ သဏ္ဍာန်
    အသံတွေ အရာတွေအားလုံး မာယာတွေချည်းပါပဲကွယ်
    ဒါပေါ့...ကြိုးဆွဲတိုင်း က ရအောင်လည်း ရုပ်သေးရုပ်မှမဟုတ်ခဲ့ဘဲ အသက်ဝိညာဉ်ရှိတဲ့လူတစ်ယောက်အနေနဲ့ ရှင်သန်ခြင်းရဲ့
    လွတ်လပ်မှုလေးကိုတော့ ဘယ်အဆုံးရှုံးခံလို့ဖြစ်ပါ့မလဲ
    တန်လာရင် အနှစ်ရှိမယ် မှန်လာရင် အစစ်ရှိလာမယ့်
    ဘဝသစ်တွေထဲ မေလေး အေးမြစွာ ပျော်ဝင်စီးဆင်းနိုင်ပါစေ ။
    ကဗျာလေးတွေကတော့ အကုန်အလန်းချည်းပဲ
    ဒါတောင်အဟောင်းတဲ့ အသစ်ဆို ဘယ်လိုနေမလဲမသိဘူး

    ReplyDelete
  7. မေလေးရေ...

    ဟောင်းပေမယ့် ကောင်းနေဆဲပါ....

    ထပ်တူခံစားမိပါတယ်...

    ReplyDelete
  8. ဆောင်းမြူခိုး5/9/09

    ကော်ဖီခါးခါးက ကောင်းပါတယ်..ဟ ..အဲ ..အပြုံးမျက်နှာကတော့ ငါလည်းခုချိန်ထိ ခွဲတတ်သေးဘူးး ချိုပြုံးကြီးဆိုခဲ့သလို စိန်ခဲကျောက်ခဲတွေထက် လူကဲခတ်ရ ခက်တယ်..ဆိုတော့ကာပေါ့နော်.. မဲ့ပြုံးလား ခနဲ့ ပြုံးလား ဟန်ဆောင်ပြုံးလားးး

    ReplyDelete
  9. ဆလံပေးတယ် အားကြီးကြိုက်...

    ReplyDelete