မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, September 5, 2009

သံယောဇဉ် အရှိဆုံးဆိုတာက

အလင်းဖြန့်သူပေမယ့်
ပူလိုက်တာလေ
'နေ' တဲ့။
အေးတော့အေးပါရဲ့။
ကိုယ်ပိုင်အလင်းနဲ့မဟုတ်
ဆုတ်တခါ ဆန်းတခါ
မသာတလှည့် သာတလှည့်
မာယာနဲ့ဟန်ပြ
'လ' တဲ့။
ကမ္ဘာက ကုန်းချော
ပြောရင် မောရုံ
စကြာဝဠာရဲ့ပတ်လမ်းတွေထဲ
သမုဒယဆွဲအားတွေနဲ့ လွင့်မျော
သံယောဇဉ်အရှိဆုံး ဆိုတာက
ချစ်သူတွေပါကွယ်။



ကဗျာတွေကို မေလေးကကြိုက်တော့ ကူးကူးထားတယ်။ကိုယ်တိုင်လည်းရေးဖြစ်တယ်။ ခုဒီကဗျာလေးက ကူးထားပြီး ရေးသူကို ဇဝေဇဝါဖြစ်နေတယ်(မောင်စိန်ဝင်းပုတီးကုန်းလို့တော့ ထင်တယ်) ပြန်တင်ထားတာ။ နည်းနည်း အဲဒီကဗျာကို ပြန်ဖတ်ရင်းနဲ့ feel ဝင်သွားလို့လေ။ ဟိဟိ (ဆားမချက်ဘူးနော်။ မေလေးက မအားလို့ရယ်) ဟုတ်တယ်နော် သံယောဇဉ်အရှိဆုံးဆိုတာက ချစ်သူတွေပဲ ။ ချစ်သူတွေပျော်ရွှင်နိုင်ပါစေနော်။

6 comments:

  1. မေလေးရေ....
    ကဗျာလေး လာရောက်ခံစားသွားပါတယ်...။
    ပျော်ရွှင်ပါစေနော်
    ခင်မင်စွာဖြင့်
    နှင်း

    ReplyDelete
  2. အေးပါ မေလေးရေ ပျော်ရွှင်ပါတယ် မေလေးလဲ ပျော်အောင်နေဦး တာ့တာနော် ဘိုင်

    ReplyDelete
  3. ကျော်ကျော်အောင်5/9/09

    ဒီကဗျာလေးရေးတာငါထင်ပါတယ်...အလကားးစတာနော်ကဗျာတွေ
    လာခံစားသွားတယ်

    ReplyDelete
  4. ဘာပဲဖြစ်ဖြစ် ကဗျာလေးကအရမ်းကောင်းတယ် သယ်ချင်းရေ
    ခင်တဲ့
    ရန်ကုန်
    အေးမြသာယာပါစေ :D

    ReplyDelete
  5. ဒီကဗျာနဲ့ပတ်သက်ပြီးပြောရရင်
    အသံ အယူအဆ စကားလုံးအထားအသို
    ပေးချင်တဲ့ message အားလုံးကို သဘောခွေ့တယ်
    ဝါရင့်ကဗျာဆရာကြီးတစ်ယောက်ရဲ့ကဗျာကို ကဗျာလေးတစ်ပုဒ်တောင် ဖြစ်ဖြစ်မြောက်မြောက်မရေးနိုင်တဲ့
    သားကြီးလို ကောင်တစ်ကောင်က ဒီလိုရေးရတာ သိပ်တော့
    လည်းမမိုက်ပါ
    မေလေးရေးတဲ့ကဗျာတွေကိုရော ကြိုက်လို့စုထားတယ် မှတ်ထားတယ်ဆိုတဲ့ ကဗျာတွေကိုရော
    အကုန်ကြိုက်တယ် ဒါပါပဲ ။
    သံယောဇဉ်အရှိဆုံးနဲ့ အရင်းနှီးဆုံးလူဆိုတာ ဒီကမ္ဘာမှာ
    ချစ်သူအချင်းချင်းတွေပဲ ဖြစ်လိမ့်မယ်ဆိုတာလည်း လက်ခံလိုက်တယ်

    ReplyDelete
  6. သံယောဇဉ်အရှိဆုံးဆိုတာ ချစ်သူတွေပါတဲ့ ......
    ကျွန်တော် သံယောဇဉ်ရှိမိတာ မှားများနေမလားဗျာ .......

    ReplyDelete