မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Sunday, September 6, 2009

တံတား

ခြေလှမ်းတစ်ချက်
ရှေ့ဆက်ဖို့ ခက်နေချိန်မှာ

သူက လည်စင်းပြီး လမ်းခင်းရှာတယ်။

သွားကြရမယ့် ခရီးမှာ

ဖဝါးများစွာ လိုရာရောက်ဖို့

သူ့ဘဝနဲ့ ပေါင်းကူးပေးတယ်။

သိမ့်မွေ့စွာပဲ လျှောက်လျှောက်

ခပ်ဆောင့်ဆောင့်ပဲ နင်းနင်း

သူ့ကိုယ်သူ ဖြန့်ခင်းလို့

အပြုံးမပျက် ဝပ်စင်းပေးတယ်။

သိပ်ဝမ်းနည်းဖို့ ကောင်းတာက

သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့

လိုရာခရီး ပေါက်ခဲ့ကြတဲ့အခါ

အပြုံးသဲ့သဲ့ နှင့်

ခေါင်းတချက်လောက် ငဲ့ပြီးတော့များ

အသိအမှတ် ပြုလေမလားလို့

အကြိမ်ကြိမ် မျှော်လင့်မိပေမဲ့

နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ

နာကျင်စွာ လက်ခံရမြဲပါလေ။

ပုံကို ကိုမြတ်သူရဲ့ချယ်ရီမြို့တော်မှ ကူးယူပါတယ်။ ပြင်ဦးလွင်မြို့က တံတားပုံလေးလို့ ထင်ပါတယ်။ မေလေးကတော့ တံတားလေးအတိုင်း တစုံတရာက ကိုယ့်ကြောင့် အဆင်ပြေသွားမယ်ဆိုရင် ကျေနပ်ချင်ပါတယ်။လှည့်မကြည့်လည်း ကိုယ့်ကြောင့် အဆင်ပြေသွားရင် တိတ်တိတ်လေးကြည်နူးချင်ပါတယ်။

10 comments:

  1. တံတားလေး ကဗျာ ဖတ်သွားတယ် မေလေးရေ

    ဆော်တီးးး မေလေးရေ ဟိုးးးတခါ သက်ကို ပြောတယ်လေ မေးလ် ဝင်ရမှာတောင် ပျင်းတယ်ဆိုတာနဲ့ ညီမ မတဂ်ပဲနေတာ စိတ်ထဲမရှိလို့ မဟုတ်ဘူးနော် မေလေးရေ တော်နေ စိတ်ကသိကအောက်ဖြစ်မှာ စိုးလို့ပါ မေလေးရေ အာဘွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  2. ကောင်းလိုက်တဲ့ကဗျာလေး
    ကောင်းလိုက်တဲ့စိတ်ထားကလေး
    မုဒိတာဟာ လူတွေရဲ့ ဘဝင်ကို သိပ်အေးချမ်းစေတာပဲဗျာ
    တံတားလေးက ကျွန်တော့်အထင်ပေါ့ သိလို့ ဟုတ်ဘူး မြင်ဘူး တယ်ထင်တာ ဟဲဟိုးက ရွှေညောင်တို့ ညောင်ရွှေတို့ အဆင်း
    ကတံတားလေးလို့ ထင်တယ်
    ခင်တဲ့
    ရန်ကုန်သား
    ဗြဟ္မစိုရ်တရားတွေနဲ့ အေးမြသာယာရှိပါစေ :)

    ReplyDelete
  3. တံတားတဲ့....

    ဆက်သွယ်မှု ပေါင်းကူးလေးပေါ့ဗျာ...

    ခံစားမှုအပြည့်နဲ့ကို ပုံဖော်ထားတဲ့ကဗျာလေးမို့လို့

    ထပ်တူခံစားမိပါတယ်...

    ( သိပ်ဝမ်းနည်းဖို့ ကောင်းတာက

    သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့

    လိုရာခရီး ပေါက်ခဲ့ကြတဲ့အခါ

    အပြုံးသဲ့သဲ့ နှင့်

    ခေါင်းတချက်လောက် ငဲ့ပြီးတော့များ

    အသိအမှတ် ပြုလေမလားလို့

    အကြိမ်ကြိမ် မျှော်လင့်မိပေမဲ့

    နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ

    နာကျင်စွာ လက်ခံရမြဲပါလေ....။)


    ပြည့်စုံ (ဝေါသားလေး)

    ReplyDelete
  4. ဆောင်းမြူခို6း/9/09

    ကိုယ်တို့ တွေလည်း ဒီ တံတားလေးလို ကျင့်ကြံနိုင်ဖို့  အများကြီး ကြိုးစားကြရဦးမယ်... အဲဒီလောက် သဘောထားကြီးတတ်ဖို့ အတုယူရဦးမယ်..

    ReplyDelete
  5. ခြေဖဝါးများရဲ့ ရိုင်းပြစော်ကားမှုကို ခံနိုင်ရည်ရှိတာက မြေကြီး...
    သမီးများရဲ့ ရိုင်းပြစော်ကားမှုကို ခံနိုင်ရည်ရှိတာက အမေ...
    အခုတော့ တံတားကိုပါ ထည့်ရတော့မှာပေါ့....။
    ကောင်းလိုက်တဲ့ ကဗျာလေး..ကြိုက်တယ်ဗျာ.....
    သြော်..မေလေးရေ ပုံထဲက တံတားက ဂုတ်ထိပ်တံတားပါ။ နောင်ချိုနဲ့ကျောက်မဲကြားမှာရှိပါတယ်။မြန်မာပြည်အလယ်ပိုင်းနဲရှမ်းပြည် မြောက်ပိုင်းရထားလမ်း ဆက်သွယ်ရေးအတွက် အရေးပါတဲ့တံတားပေါ့။ သက်တမ်းကတော့ လွန်နေပါပြီ။
    ခုချိန်ထိ အစားထိုးတည်ဆောက်မှု မလုပ်နိုင်သေးဘူးလေ။ လက်ရှိ
    န အ ဖ ပြောနေတဲ့ ခောတ်မှီဖွံ့ ဖြိုးတိုးတက်မှုဆိုတာ ဘယ်လိုဟာမျိုးလဲမ
    သိဘူးနော်....?စဉ်းစားစရာပဲ.....?

    ReplyDelete
  6. တံတားတစ်စင်းနေရာကကိုခံစားပြီးဖွဲ့သီထားတဲ့ကဗျာလေးက သိမ်မွေ့လှပပြီး အဓိပ္ပါယ်ရှိလွန်းတယ်
    တခါခါ ကိုယ်တိုင်လည်းတံတားဖြစ်ဖူးတယ်
    တံပါးသူကိုလည်းတံတားအဖြင့်နင်းခင်းဖူးတယ်
    ဒီကဗျာထဲကလိုပါပဲ
    စိတ်မကောင်းစရာက လိုရာခရီးရောက်သွားတဲ့အခါ
    တံတားဆိုတာကို ပြန်လှည့်ကြည့်ဖို့ဝန်လေးနေတတ်တာပဲ

    ReplyDelete
  7. တိတ်တိတ်လေးလာလာဖတ်ပေမဲ့ ခြေရာမချန်ခဲ့သလို ဝေဖန်ချက်လေးတောင် မပေးဖြစ်ခဲ့ဘူး သူငယ်ချင်းရေ
    စစဦး ကဗျာလေးကို ဖတ်ကတည်းက ရင်ဘတ်ထဲက ကဗျာတွေမှန်းသိလို့ အမြဲရောက်ဖြစ်ပါတယ်
    ဒီကဗျာလေးကို ဖတ်မိတဲ့အချိန်မှာတော့ ကဗျာရေးတဲ့သူကို တခုခု ပြောခဲ့ဖို့ တာဝန်ရှိတယ်လို့ကို ထင်မိတယ်... ခွင့်လွှတ်ပါနော်
    ကဗျာလေးထဲက ကဗျာရေးသူရဲ့ စိတ်ဓာတ်လေးကို အသေအချာ တွေ့လိုက်ရတယ်
    တံတားလေးအတိုင်း ထားရှိတဲ့ စိတ်ထားလေးအတွက် လေးစားမိပါတယ်..
    တလက်စတည်း လင့်ခဲ့ပါရစေနော်
    ခင်တဲ့
    အနော်

    ReplyDelete
  8. လန်းတယ်ဟေ့ လန်းတယ်ဟ အိုင်ဒီယာတွေ တို့များ အဲ့လိုတွေခုထိကို တွေးတတ်သေးဘူး... အားကျတယ် ဂယ်...

    ReplyDelete
  9. အဲ.ဒါလားရိုးကဂုတ်ထိပ်တံတားဖြစ် ခေါင်းတချက်လောက် ငဲ့ပြီးတော့များမဟုတ်ဘူး အဲ့ဒီ အပေါ်ရောက်ရင်ကို မကြည့် ရဲတာာာ

    ReplyDelete
  10. နူ့ညံ့သိမ်မွေ့စွာခံစားရင်း…Thanks.

    ReplyDelete