မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Saturday, September 26, 2009
ခဏ
ပြုံးချင်နေတဲ့ ဆန္ဒနဲ့
ရှုံးပြီးရင်း ရှုံးနေတဲ့ ဘဝမှာ
အတုံးအရုန်းလဲကျရတာလည်း
ခဏခဏပါပဲလား။
အနုသယ မကင်းသမျှ
သမုဒယ တင်းရတာမို့
ဝေခွဲမရစွာ
တွေဆဲ ခဏမှာ
သေလည်း ခဏသာ။
အလုပ်မအားတော့ လူက ခဏလေးဖြစ်ဖြစ် သေချင်စိတ်ပေါက်ပေါက်နေတယ်။ တွေးမိတွေးရာ တွေးရင်းတောင် သေတာတောင် ခဏလေးပဲ သေချင်နေသေးတော့ ဒီကဗျာလေး ရေးဖြစ်တာပါပဲ။ ဟုတ်တယ်နော်။ ဘယ်နှခါပဲသေသေ အနုသယ မကင်းသမျှတော့ ခဏခဏလည်း သေနေရဦးမှာပဲ။ သေလည်း ခဏပဲ သေရမှာပါပဲ။ နောက်ထပ်တွေမှာ အသက်ဆက်ချင်နေသေးတာကိုက လူ့အတ္တ......
10 comments:
  1. This comment has been removed by the author.
    ReplyDelete
  2. စိတ်ညစ်တာတောင် ကဗျာတစ်ပုဒ်ထွက်အောင်ရေးတတ်တယ်
    တော်ချက်... တို့များနဲ့တော့ ကွာပါ့....
    တရားသဘောတွေတောင်ပါလာပြီ....
    ReplyDelete
  3. Anonymous26/9/09
    ခဏ ကဗျာလေးကို
    လာခံစားသွားပါတယ်
    စိတ်ညစ်တာလည်း
    ခဏ ပါပဲ
    နောက်ဆိုအဆင်ပြေသွားမှာပါ
    ခင်မင်လျက်
    ReplyDelete
  4. ဟုတ်ပါ့..သေချင်လည်းခဏနော်..နောက်လည်းပျင်းစရာကြီး..ဟီး
    ReplyDelete
  5. စိတ်မညစ်ပါနဲ့ သယ်ချင်းရာ ဒီလိုပေါ့ ဘဝဆိုတာ .... လဲကျရာက ပြန်ထပြီး ရှေ့ ဆက်ဖို့ ကြိုးစားရင်း အောင်မြင်မှု တွေ ရပါစေ
    ခင်တဲ့
    ရန်ကုန်သား
    ReplyDelete
  6. ခဏခဏ ရန်မဖြစ်တာတော်သေးတာပေါ့ဗျ... ဟဲဟဲ..
    စိတ်ညစ်နေတယ်ဆိုလို့ပါ...
    စိတ်ညစ်စရာတွေ ပြေပျောက်ပါစေဗျာ...
    ReplyDelete
  7. ဝက်ဝံလေး26/9/09
    အယ် မသေချင်ပါနဲ့ဦး မေလေးရယ်
    ခဏ ကဗျာလေး ဖတ်သွားတယ် သိလား စိမ်းပြောသလိုပဲ သေချာတာတောင် ကဗျာလေး ထွက်အောင် ရေးနိုင်တယ်နော် တော်ချက် ငါ့မေမေကြီးတို့များ ဟိဟိ
    ReplyDelete
  8. ohh... ငါ့အစ်မက ကဗျာတွေ ရေးကောင်းပါ့လားဗျာ ... ဟုတ်တယ်လေ အစ်မရဲ့ အစ်မရဲ့ ကလေးလေးပါ... အစ်မဘလော့ရှိတာ ကျွန်တော်လဲ မသိဘူးလေ..... အခုလင့်ပါချိန်ထားမယ်နော် ကျွန်တော့်ကိုလဲ ပြန်လင့်ပေးထား အိုကေ?
    ReplyDelete
  9. ဆောင်းမြူခိုး26/9/09
    တင်းထားးး တင်းထားး စိတ်ကိုလေ..ဟီးး ဘဝဟာတိုက်ပွဲမို့ တုံးတိုက်တိုက် ကျားကိုက်ကိုက် fight သာ fight ဟ...pressure အရမ်းများလာရင် ငိုချပစ်လိုက်။ ပြီးရင် မျက်ရည်သုတ် (နှပ်ပါ စင်အောင် ဆက်သုတ်) ပြီးရင်မေ့ပစ်ပြီး လုပ်စရာရှိတာသာ ဆက်လုပ်..ရဲဘော်...ဆက်လုပ် :P
    ReplyDelete
  10. ခဏ ဆိုတဲ့ ကဗျာလေးအတိုင်း ခဏလေးပါပဲ မေလေးရေ
    အဆင်ပြေသွားမှာပါ
    ReplyDelete