မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Friday, October 9, 2009

သေချာမသိသော သေချာခြင်း

နှစ်ဆယ့်ခုနစ်နှစ် စွန်းခဲ့ပြီ။
ငါ အသက်ရှူပြီး ထမင်းစားတတ်ခဲ့တာ
ပြီးတော့ ဆံပင်မညှပ်တတ်တာ
တခုခု အဆင်ပြေအောင် မလုပ်တတ်တာနဲ့ပဲ
ငါလည်း မာန မကြီးသင့်ဘူးလား။
ခုလိုပဲ အသံငြိမ်ခိုက်
ပန်းပွင့်ပြီး လူ မခူးခင်
လေထုမှာ တယ်လီပရင့်န် မတပ်ခင်
ဒါဟာ ပညာရှိ
ဒါဟာ ပလတ်စတစ်အိတ်ကောက်သူ
အပေါစား ဝတ္ထုရေးသူ
လိုရာပုံ ကားဘော်ဒီထုသမား
မြူထဲမှာ ဘွားခနဲ မျက်နှာ
ကျောက်တုံးလည်း ကျောက်တုံးအလျောက် ဆေးလိပ်မသောက်ခင်
'ဒါဝင်' ပြောတာကို မငြင်းနိုင်ဘူး။
နောက်တခါ ဒီလို အချိန်မျိုးရောက်ရင်
ဆင်ခြင်တုံတရားနဲ့
အသေလို ငြိမ်ငြိမ်လေး ထိုင်နေချင်ပါတယ်။
ဟော........
တဒေါက်ဒေါက်နဲ့
လမ်းလျှောက်လာပုံက
သေချာတာနဲ့ မသေချာတာလိုပဲ
တစ်သံတည်း ထွက်နေတယ်လေ။
ပြောနိုင်တာက....
မဟာပထဝီမြေကြီးပေါ်မှာ
အချိန်ရထားကို ခိုစီး
ငါလည်း အသက်တွေ ကြီးလာပြီ.....။



စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

9 comments:

  1. “ ပြောနိုင်တာက....
    မဟာပထဝီမြေကြီးပေါ်မှာ
    အချိန်ရထားကို ခိုစီး
    ငါလည်း အသက်တွေ ကြီးလာပြီ.....။”
    အဲဒီတော့
    သတိတွေဦးစီ အသိတရားတွေမကြီးပဲ
    မရှိတရားတွေနောက် တကောက်ကောက်လိုက်မိတဲ့ငါ
    အရှိတရားတွေရဲ့ အလှောင်အပြောင်ခံယုံပဲပေါ့။
    ဆက်ပြီးကဗျာဆက်ခဲ့ပါတယ် အမရယ်။
    နွားကြီးက အသက်တွေကြီး အသားတွေကြီးလာပေမယ် အသိတရားက နွားချိုလောက်မှ မကြီးသလို မဖြစ်စေနဲ့ပေါ့ အစ်မရယ်။ ခင်မင်လေးစားစွာဖြင့်- သော်ဇင်

    ReplyDelete
  2. ကောင်းလိုက်တဲ့ ကဗျာလေး...စိတ်နည်းနည်းပြေသွားတယ် ညီမလေးရေ

    ReplyDelete
  3. ဟုတ်ကဲ့ မေလေး လာဖတ်သွားတယ်နော်
    အချိန်ရထားကို ခိုစီး
    ငါလည်း အသက်တွေ ကြီးလာပြီ.....။
    ဒီနေရာလေးကျတော့ သံဝေဂ ရသလိုပဲ မေလေးရေ ဟီးးးးးးး

    ReplyDelete
  4. maylay ရေ...

    ကဗျာလေးက ခံစားမှု တမျိုးလေးပါလား....

    အော်.. သူတောင် 27 ကျော်ပြီကို .....

    တို့လည်း အတူတူပါပဲလေ... အချိန်ကြီးကို စီးလို့ပေါ့....

    နောင်နှစ်ပေါင်းများစွာမှာ
    ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

    ReplyDelete
  5. မင်္ဂလာပါ မေလေး ရေ...

    ဆင်ခြင်တုံတရားနဲ့
    အသေလို ငြိမ်ငြိမ်လေး ထိုင်နေချင်ပါတယ်။

    တကယ်ကိုပါ မေလေးရေ...
    အချိန်ရထားကြီးကို ခိုစီး နေရတာ... အသက်တွေ ကြီးလာလေလေ..
    ခိုစီးဘို့ အားမရှိလေ ဖြစ်ရတယ်..


    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  6. မင်း10/10/09

    သေချာတာကတော့ နင်ငါ့ထက်ငယ်တယ် ဆိုတဘဲ .. တရက်ကုန်သွားတိုင်း ကုန်သွားတဲ့ရက်တွေကို မှတ်မှတ်သားသားရှိဘူးလားးးး အဲဒီရက်တွေ အတွက် နင်ကျေနပ်အားရနေလားးး ငါတော့ ငါအသက်ကြီးလာတာ အလကားသက်သက်လို့ ကိုယ့်ကို ထင်နေတုန်းဘဲ ကုန်သွားတဲ့ အချိန်တွေမှာ ငါ့အတွက်တောင် တန်ဘိုးရှိအောင် မလုပ်နိုင်ခဲ့တာ အများအတွက်ဆို ဝေးရောဘဲ .... ဟူးးးးးးးးး ဘာဘဲဖြစ်ဖြစ်လေ ဘဝကို ဖြစ်သလိုနေပြီး အချိန်တန် သေကြရအုံးမယ် ( ဒါက အငဲ သီချင်း) အဲဒီ နှစ်ခုအလယ်မှာတော့ မင်းနဲ့ဒို့ တွေ့နိုင်မယ် မထင်ဘူးးး) နေကောင်းပါစေ .. ငါအိမ်ပြန်နေတဲ့ အချိန်မှာ နင်တို့နဲ့ ခဏ ဝေးနေမယ် .. ဘိုင် ဘိုင်

    ReplyDelete
  7. ဆင်ခြင်တုံတရားနဲ့
    အသေလို ငြိမ်ငြိမ်လေး ထိုင်နေချင်ပါတယ်။

    အဲဒါလေး ကြိုက်တယ်။

    ReplyDelete
  8. ပလပ်စတစ်ကောက်သူလည်း ပညာရှိဖြစ်နေတတ်ပါတယ် မေလေးရေ...

    "အချိန်ရထားကိုခိုစီး
    အသက်တွေလည်း ကြီးလာပြီ" ဆိုမှ သတိရတယ်.. အချိန်မရွေး ပြုတ်ကျသွားနိုင်ပါလားလို့...

    မြဲမြဲကိုင်ထား ညီမရေ...

းဝ)

    ReplyDelete
  9. အဟဲ ဒါတော့ နည်းနည်းမြင့်သွားပြီ ရေးတေးတေးပဲ သဘောပေါက်တယ်...

    ReplyDelete