အသက်တွေ ကြီးလာမှ
အချိန်တွေက တန်ဖိုးပိုကြီးလာ
ကျကွဲသွားတဲ့ အိပ်မက်တွေအတွက်
ဘယ်သူမှ လျော်ကြေးပေးမှာ မဟုတ်ဘူး။
ပုံမှန်အသက်ရှုနေရုံနဲ့
ဘဝကို ထုဆစ်လို့ရမယ် ထင်သလား...
ရွှေဖြစ်ကြောင်း သက်သေပြဖို့
ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ဘူး။
လွဲချော်မှုတွေနဲ့ နေသားကျဖို့
ပြောင်းလဲခြင်းကို လက်ခံရလိမ့်မယ်။
မျှော်လင့်လို့ မသင့်တဲ့အရာကို
မျှော်လင့်နေတာလောက်
နာကျင်စရာ ကောင်းတာ ရှိပါဦးမလား။
ဖြစ်ချင်တဲ့ ဆန္ဒတွေ များနေပေမယ့်
လမင်းက
ကမ္ဘာတခြမ်းမှာပဲ အမြဲသာနေတော့
ဘုရားရှိခိုးတိုင်း
ဆုမတောင်းဖြစ်တာ ကြာ.. ပြီ..။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

ကြေကွဲတေးလေး ခံစားအားပေးသွားတယ် မေလေးရေ။
ReplyDeleteဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျဘို့ရာ ခဲယဉ်းသည့်တိုင် ရက် လ နှစ်တွေရှိနေသမျှ အခွင့်အရေးရှိပါသေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လတ်တလော အဆင်မပြေမှုတွေကြားထဲ ကဗျာလေး ဖတ်ရချိန် ပိုမောသွားတယ်မမရေ.... ခံစားချက်တွေ တူနေပြီ ...:(
ReplyDeleteမေလေးရေ
ReplyDeleteကဗျာထဲကလိုပါဘဲ
ဆုမတောင်းဖြစ်တာကြာပြီ
ဘာလို့ဆိုတော့ ကိုယ့်အားကိုယ်ကိုးပြီးမှ ဘာမဆိုဖြစ်လာရသူမို့လေ
ကံကောင်းတယ်ဆိုတာ သိပ်မရှိဘူး
ကိုယ်ကြိုးစားမှဘဲ ကိုယ်ရသလိုဖြစ်နေတယ်
အစစ အဆင်ပြေပါစေ မေလေးရေ