အဆင်း သာမည
မဝင်း မဝါလှပေမယ့်
အချင်း ပဓာနမို့
သင်းပျပျရနံ့သွေးကြွယ်လျက်
မြေသနင်းမှာ ကျရပေသည့်
အို.... ခရေငယ်။
ရေ ဘယ်ဆီ မှန်း... တမ်းစရာ မလိုပေဘု
အိုနေလုရင်သော်မျှ
တပွင့်ချင်းစီ တကိုင်းချင်းဆက်
ခက်လက်ဝေဆဲ
ကြွေဆဲ ခြေရင်း
ဒီလမ်းထက်ဆင်း... ခင်းမြဲပါလေ။
ယွင်းလဲ ရာသီ
အခါမမီရင်ဖြင့်
မသာမကြည် ထွေးသူ့ရင်မှာ
ကဗျာမပီမှာ စိုးမိတယ်။
စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်
ခရေပန်းအကြောင်း ဖွဲ့ဆိုထားတာလေး အားပေးသွားတယ် မေလေးရေ
ReplyDeleteကျန်းမာပျော်ရွှင် အဆင်ပြေပါစေနော်
ကဗျာ ဆရာမကြီးပီသပါပေတယ် အရမ်းကောင်းတဲ့ကဗျာလေးပါပဲ အစ်မ ရေ ကဗျာအရေးကျဲတယ်နော် ကြိုးစားပြီးရေးပါဦး အမြဲအားပေးနေတဲ့ .......မောင်ငယ်.......သက်တန့်ချို
ReplyDeleteကျွန်တော့် ဘလော့ ဂ်မှာအရှည်ဆုံးကွန်မန့် လို့ ဆိုနိုင်ရမည့် 
ReplyDeleteမှတ်ချက်လေးရေးသွားလို့ ကျေးဇူးပါ...
နှလုံးသွေးတို့ နဲ့ စာပန်းချီချယ်ကာသတဲ့ 
ကဗျာလှလှလေးတွေ အစဉ်တစ်စိုက်ရေးနိုင်ပါစေ...
ရွှင်လန်းချမ်းမြေ့ ပါစေ...
ကိုပီတာ