မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, August 20, 2009

ခရီးသည်

နေ့ပြောင်း ညဖြစ်
အဟောင်းပြီး အသစ် သံသရာထဲမှာပေါ့။
လမ်းလို့သာ ခေါ်လျက်
ခရီးမတွင်တဲ့ လမ်းပေါ်မှာလေ။
ကမ္ဘာကြီးရေ
မင်းက မင်းရဲ့ဝင်ရိုးစွန်းအပေါ်
စောင်းလျက် လည်နေသမျှတော့
ငါ့အတွက် လမ်းဆိုတာ ရှိနေဦးမှာပါ။
မင်းရဲ့ဆွဲအားတွေနဲ့
ငါ ရပ်တည်ခဲ့ပေမယ့်
(ငါ့မှာ) ဘယ်ကလာလို့ ဘယ်ကို ဆက်နေတာလဲ။
အစလည်းမသိ၊ အဆုံးလည်းမရှိ
ပန်းတိုင်လည်းမမြင်
လွမ်းတိုင်းတောင် မကြင်ချင်သူကများများ
ဘာတွေ ဘယ်လိုဖြစ်ဖြစ်ပေါ့ ကမ္ဘာကြီးရယ်
နေ့ပြောင်း ညဖြစ်
အဟောင်းပြီး အသစ် သံသရာထဲမှာ
ငါ ဆိုတဲ့ ကောင်မလေး
ပခုံးသေးသေးလေးနဲ့ မင်းကို ထမ်းလို့
ပြုံးပြုံးလေး ခရီးဆက်နေဆဲပါ။

2 comments:

  1. ဘယ်သူများပါလိမ့်ထမ်းထားတာ

    ReplyDelete
  2. ဆောင်းမြူခိုး21/8/09

    ငါတော့ ကိုယ့်တာဝန်တောင် ကိုယ်ယူချင်တာ မဟုတ်ဘူးး ကမ္ဘာကြီးထမ်းဖို့  ကတော့ ဝေးစွ ခြောက်ပါးပဲ... ပျင်းတယ်... ဘာမှ တာဝန်ယူချင်ဘူးး

    ReplyDelete