မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, August 20, 2009

ကိုယ်တိုင်ရေး မိတ္တူ

ပြီးဆုံးခဲ့ပြီ ဆိုတဲ့
သတ်မှတ်ခြင်းတစ်ခုနဲ့ပဲ
အရှုံးလတ်လတ်ဆတ်ဆတ်တွေလည်း
တထပ်ပြီး တထပ်
ငိုက်သွားတဲ့ ခေါင်းကို ပြန်မတ်
ယိုင်သွားတဲ့ ကိုယ်ကို ပြန်တည့်
မကျွမ်းကျင်သေးရင်
အရှုံးတွေကို တပ်ဆင်
အထပ်ထပ် မောင်းနှင်ရမယ်။
ကြယ်ကလေး ပြိုးပြက်တာလောက်နဲ့တော့
ဘဝအဆင်းက မလင်းလက်နိုင်သေးဘူး။
ကြွေတလှည့်
ကြက်တခုန် တဲ့။
အသက်မှ မကုန်သေးဘဲ
ဘာကြောင့် တက်အစုံကို ချချင်တဲ့စိတ်
မွေးချင်ရသလဲ။
ကြွေလွယ်တဲ့ စိတ်ဟာ
တခါခါတော့ ဘဝအတွက် သက်လုံမကောင်းဘူး။
အထူးစီမံ ဖော်စပ်ထားတဲ့
အောင်မြင်မှု ဖိတ်စာလေးထဲမှာ
မင်းနာမည် ပါတာတော့ အသေအချာ
ဒါဟာ သီချင်းကောင်း မဟုတ်ဘူး
အိပ်မက်ဆန်း တစ်မက် မဟုတ်ဘူး။
(ဒါဟာ) ကိုယ့်ဆူးကိုယ်ထွင်ရမယ့်
အတ္ထုပ္ပတ္တိ စာတမ်း တစောင်လေ။



ညီမဝံဝံလေးနဲ့ကိုယ်ကိုယ်တိုင်အတွက် ရေးဖွဲ့တာပါ။

2 comments:

  1. မေလေးရဲ့ကဗျာကအရမ်းထိတယ်ရင်ဘက်ကို....(ဘာကြောင့်တက်အစုံကို
    ချချင်တဲ့စိတ်မွေးချင်ရတာလဲ ) ကြိုက်တယ်

    ReplyDelete
  2. ဆောင်းမြူခိုး21/8/09

    အသက်မှ မကုန်သေးဘဲ
    ဘာကြောင့် တက်အစုံကို ချချင်တဲ့စိတ်
    မွေးချင်ရသလဲ။
    ကြွေလွယ်တဲ့ စိတ်ဟာ
    တခါခါတော့ ဘဝအတွက် သက်လုံမကောင်းဘူး။
    ........
    ကိုယ့်ဆူးကိုယ်ထွင်ရမယ့်
    အတ္ထုပ္ပတ္တိ စာတမ်း တစောင်လေ။
    ...အဲဒီနားလေးကို ပိုကြိုက်တယ်

    ReplyDelete