မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်
Wednesday, September 9, 2009
ဆံပင်လှလှလေး စည်းကြမလား
ဆံပင်လေးကို နှစ်ဖက်ခွဲ ကျစ်ဆံမြီးလေးကျစ် ဘေးချ ခေါင်းစည်းကွင်းလှလှလေးနဲ့နော်။
မမ က တည်တည်ငြိမ်ငြိမ်လေး
အင်းပေါ့ ဒီလိုလေးပဲ ဒီအတိုင်း ချထားလိုက်လည်း ရတာပါပဲ။
ကိုယ့်ဆံပင်လည်း ဒီလိုမျိုးသိမ်းထားအုံးမှ။ ကြိုးလေးနဲ့ ခေါင်းက ပတ်စည်းထားလိုက်တယ်လေ။
ဆံပင်ကို ဒီတိုင်းလေး ခွဲချည်ထားတယ်။ ပန်းလေးပန်ထားတော့ ဟန်မထွားဘူးလား။
နေဦး။ ပန်းခြံထဲ လျှောက်လိုက်အုံးမယ်။
မီးမီးလည်း ဆံပင်ချည်ထားပါတယ်နော်။ ဦးထုပ်လေးပါ ဆောင်းထားတယ်။
အဆင်သင့် အပြင်သွားဖို့လေ။
တို့က နှစ်ဖက်ခွဲချည်ထားတာ ခပ်မြင့်မြင့်လေးလေ။ ခေါင်းပေါ်မှာ ဖဲပြားလေးပါ တပ်ထားတယ်။
အင်္ကျီနဲ့ဖက်ရှင်အလိုက်ပေါ့။
ဆံပင်ကို အားလုံးသိမ်းစုချည်ပြီး ဖဲပြားပန်းပွင့်ပုံလေး တပ်ထားတယ်။
အိမ်မှာပဲလေ။ လှလှလေးလည်း အိမ်မှာနေလို့ဖြစ်ပါတယ်။
ကိုယ်က အဆင်သင့်ဖြစ်နေပြီ။ ခုမှ နားရွက်ကို လာသန့်ရှင်းလုပ်ပေးနေတယ်။
ပိုနီတေးလ် စည်းထားတာ မလှလား။
တွေ့လား ။ အားလုံးကို စုပြီး ခပ်မြင့်မြင့်လေးချည်လိုက်။
မျက်မှန်နဲ့ဆိုတော့ ခန့်သွားတယ်နော့်။
မမမေဖလားဝါးပိုးဆီက ပို့လာတဲ့ မေးလ်ကို ပြန်တင်ထားတာပါ။ ပုံလေးတွေချစ်စရာလေ။ အဲ့ဒိပုံတွေနဲ့ ဆန့်ကျင်စွာ မေလေးက လှလှမနေတတ်ပါဘူး။ ပုံလေးတင်တာကို သဘောကျနေလို့။ ပြုံးသွားမယ်မဟုတ်လား။ ကျေးဇူးတင်ပါတယ်။
19 comments:
  1. ရောက်စ်တယ်ဝေ့စ်
    ဘာမှပြောတတ်ဘူး မေလေးရ ဟဟ
    ပြန်ဘီ
    ကျန်းမာပါစေ
    ရန်ကုန်သား :)
    ReplyDelete
  2. မင်း9/9/09
    နင် ဘယ်တုန်းက ငှက်တို့ အမတို့ မြူခိုးတို့နဲ့ အပြင်မှာဆုံတာလဲ .. အားလုံးတွဲပြီး ဂရုပုံတော့ မရိုက်လာဘူး
    ReplyDelete
  3. ဟဟ..လုပ်ချလိုက်ပြီနော်..ဒီကချစ်သူကိုစည်းပေးဖို့လာလေ့လာတာ ဟီးဟီး
    ReplyDelete
  4. ဟုတ်ပါတယ်
    ပုံလေးတင်တာကို သဘောကျလို့ပြုံးသွားပါတယ်
    အဲဒီပုံတွေနဲ့ဆန့်ကျင်စွာ မေလေးက လှလှမနေတတ်ဘူးဆိုတာကိုလည်း မယုံပါဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုပါ
    တယ်
    ခွင့်ပြုမယ်ဆိုရင် ဒီအပုံတွေအားလုံးကိုကူးသွားပါရစေ
    ခွေးလေးတွေကိုအရမ်းချစ်တတ်တဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိနေလို့ပါ သူ့ကိုဒီအပုံတွေ ပို့ပေးချင်လို့ပါ ။
    ဒီအပုံတွေမြင်ရင် သူပျော်မှာပါပဲ
    ReplyDelete
  5. အရမ်းချစ်ဖို့ကောင်းတာပဲ မေလေးရေ မေးလ် ထဲမှာ အဲဒါမျိုးရဖူးတယ် သိပ်ချစ်ဖို့ကောင်းတာပဲ ဟဟဟ
    ReplyDelete
  6. အဟုတ်မှတ်လို့ လာကြည့်တာ ... သွား ... လူဆိုး...
    ReplyDelete
  7. ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ထပ်လာကြည့်တယ်
    ReplyDelete
  8. ကျေးဇူးတင်ပါတယ်နော်။
    ReplyDelete
  9. ဆောင်းမြူခိုး12/9/09
    ဩော် .. မေလေးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး .. အပေါ်ဆုံးက ကျစ်ဆံမြီးလေး ကျစ်ထားတာ "တပြည်သူ မရွှေထား" ကျနေတာပဲ ..
    ReplyDelete
  10. ခွေးလေးတွေပုံလေးတွေ
    လာကြည့်သွားတယ်ဗျ
    ပျော်ရွှင်ပါစေဗျာ။
    ခင်တဲ့
    ReplyDelete
  11. Anonymous13/9/09
    မရေ..........
    မွေးနေ့ ဆုတောင်းလေးအတွက် ကျေးဇူးနော် .....မမ
    ရုံလေးလဲလာလည်မယ်နော်........မမ
    ခင်တဲ့
    မြူးလေး
    ReplyDelete
  12. မေလေးရေ... လင့်ခ်ပါရစေနော်
    ReplyDelete
  13. မေလေးရေ...
    မှန်ရှေ့ထိုင်ပြီး....စည်းကြည့်လိုက်အုံးမယ်...
    လစ်ပြီ...တာ့တာနော်...
    ReplyDelete
  14. ဟယ်.......
    မေလေးဆိုတာ အဲ့ ဒီ ချစ်စရာ လေးလား ...ဆံပင်လေးများ စည်းထားလိုက်တာ တကဲ့ လူလေးလိုပါဘဲ ..ခိခိ ..ဘလောဂ်လဲ ရေးတတ်တယ်နော် .. အံ့ ရော.. အံ့ရော...
    ReplyDelete
  15. နေဒေးသစ်18/9/09
    ချစ်ဖို့ ကောင်းအောင် လုပ်ထားတတ်တယ် ..
    တိရစ္ဆာန် သိပ်မချစ်တာတောင် ဒီပုံလေးတွေတော့ ချစ်တယ် ..
    ကျစ်ဆံမြီးကျစ်ထားတဲ့ ထိပ်ဆုံးက ခွေးလေး ချစ်ဆုံး ..
    နေဒေးသစ်။
    ReplyDelete
  16. မမမေလေးမဟုတ်လားဟင် ဟိုလင့်ကြီးက ဘာဖြစ်သွားတာလည်းဟင် ဒီတခုရှိတာလည်း မသိပါလား။ ပုံလေးတွေက ချစ်စရာလေးတွေ သက်တန့်ချိုရဲ့ မမမလေးအတွက် ကဗျာကို ဖတ်ပြီးတော့မှပဲ ဖွင့်လိုက်တော့ မေလေးတဲ့။
    ခင်မင်လျှက်
    ညီမလေး ပါးလုံး
    ReplyDelete
  17. အရုပ်လေးတွေ သိပ်လှတယ်။ သားသားလိုပဲ အရုပ်သိပ်ကြိုက်ပုံရတယ်။ ကျွန်မသားလေးက ၁၀ နှစ် ရှိပြီ အခုထိ ဒီလိုအရုပ်တွေ ဆော့တုန်းပဲ။
    ReplyDelete
  18. ဆံပင်ပုံစံပြောင်းချင်နေလို့ လာပြီးကြည့်သွားတယ် မေလေးရေ....မေလေးကရော ဘယ်ပုံစံလေး အတုခိုးထားလဲ.....းp
    ခင်တဲ့ နှင်းဟေမာ
    ReplyDelete
  19. မျက်မှန်နဲ့ပုံလေး ညီမလေး ဘယ်တုန်းက ယူသွားတာလဲဟေ
    ReplyDelete