မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Monday, September 7, 2009

ဆန္ဒ

အပိုင်းအစတွေနဲ့
ကျိုးပဲ့ကြွေမွ
ဘဝက မလှလေသမျှ
ပွေ့ယူကာ ထွေးပိုက်(တဲ့)
ချစ်သူ့လက်ကို ကျွန်မ နမ်းရှိုက်ခွင့်ရချင်တယ်။
သူ့ရင်ခွင်ဟာ အိုမင်းရင်း
ကျယ်ပြန့်ခြင်းတော့ မရှိပေမယ့်
ခိုဝင်ချင်စရာတော့ ကျွန်မ ရှာတွေ့ချင်တယ်။
ကောင်းကင်မှာ ကြယ်တွေလင်းတယ်။
မှောင်မဲတဲ့ အနာဂတ်ထဲ
ကြယ်တွေထက် ပိုလင်း
သူ့အလင်းရောင်နဲ့ ကျွန်မ ဆက်လျှောက်မယ်။
သူ့အကြည့်က အင်အား
သူ့အပြုံးက စွမ်းအင်တွေနဲ့
ဘဝတဆစ်ချိုးတွေကို ကျွန်မ ဖြတ်ကျော်ချင်တယ်။
သိုဝှက်ထားတဲ့ သစ္စာတရား
သူ့နှလုံးသားမှာ အခိုင်အမာ
ကျွန်မ ရှာတွေ့ချင်ပါတယ်။
လေပြည်တွေထဲ ပန်းတွေနဲ့အတူ
သူ့ရနံ့ကြောင့် ပိုသင်း
ကျွန်မချစ်ခြင်းက ကမ္ဘာကို ပိုလှစေမယ်။
ရေညှိလိမ်းတဲ့ အကြည့်စိမ်းစိမ်းတွေ
ခွဲခွါရခြင်း သင်္ကေတ
မုန်းတီးခြင်း ဝေဒနာ
အသူတရာ ချောက်နက်ထဲ လွှင့်ပစ်ကြမယ်။
ပန်းခင်းတဲ့ လမ်း မလိုပါဘူး။
ပန်းတွေကို ရှပ်တိုက်ပစ်လို့
ချစ်သူပြုံးရင်တော့
ငေးပဲ ငေးကြည့်နေချင်တဲ့ ကျွန်မ
သံသရာ ခရီးရှည်သမျှ
အချစ်တို့ဖြင့် လိုက်ပါ
ငြိမ်းအေးတဲ့ မေတ္တာကမ္ဘာမှာ ကျွန်မ ရှင်သန်ပါရစေ။





လူက ကိုယ့်ဘာကိုယ်ရေးပြီး အတော်ပီတိဖြစ်နေတယ်။ ဟိဟိ တနေ့လုံးလည်း အူမြူးနေတယ်လေ ။ ဝက်ဝံလေးက ပျော်အောင်နေပါတဲ့ ။ မေလေး နေ့တိုင်းပျော်ပါတယ်။(ဒါပေမယ့် လမင်းလိုပေါ့)ကျေးဇူးပါနော်။

9 comments:

  1. မေလေးရေ..

    ကဗျာလေးက အရမ်းကောင်းလွန်းနေတယ်ဗျ...
    ခံစားချက်တွေ အံထုတ်ထားလိုက်ပုံများ လမ်းတလျှောက် ချစ်ခြင်းတွေနဲ့ ပြည့်နေတယ်...

    မေလေးရေ...
    ဆန္ဒနဲ့ ဘ၀ မျှော်လင့်ချက်တွေ ပြည့်စုံပါစေ...
    မေလေးရဲ့ ချစ်ခြင်းဖြင့် မေလေးရဲ့ ချစ်သူနဲ့အတူ အေးချမ်းပျော်ရွှင်နိုင်တဲ့ဘ၀ လျှောက်လှမ်းနိုင်ပါစေ....

    ReplyDelete
  2. အချစ်နဲ့ ပြည့်ရွှန်းနေတဲ့ ကဗျာလေးပါလား
    ဖတ်ရင်းကြည်နူးစရာကောင်းတယ် သူငယ်ချင်းရေ
    ခင်တဲ့
    ရန်ကုန်သား :D
    အေးမြသာယာပါစေ

    ReplyDelete
  3. အခုတလော ဘလော့တွေလည်ရတာ ကျေနပ်တယ်
    ကဗျာကောင်းတော်တော်များများဖတ်ရတယ်
    မေလေးက ကိုယ့်ဘာသာကိုရေးပြီး အတော်ပီတိဖြစ်နေရသလို ကိုကလည်း လာဖတ်ပြီးအတော်
    ပီတိဖြစ်ရပါတယ်
    ဒီကဗျာထဲက ကောင်မလေး ချစ်သူရဲ့ခိုဝင်ချင်စရာရင်ခွင်ကိုရှာတွေ့ပါစေ
    ချစ်သူရဲ့အလင်းရောင် အပြုံးအင်အားတို့နဲ့ ဘဝတွေကိုကျော်ဖြတ်နိုင်ပါစေ
    မုန်းတီးခြင်းတွေ ခွဲခွာရခြင်းတွေက ဝေးပါစေ
    ချစ်ခြင်းနဲ့ရောယှက်ထုံမွှန်းတဲ့ကမ္ဘာမှာ
    ထာဝရပျော်စံနိုင်ပါစေ

    ကဗျာရေးကောင်းတဲ့ဘလော့ဂါတွေ တော်တော်များများ
    တွေ့လာတယ်အခု အားရစရာပါပဲ
    ပျော်ရွှင်ပါစေ ကဗျာဆရာမမေလေးရေ

    ReplyDelete
  4. မေမေကြီးရေ ရောက်ရောက် နော် ဖတ်တယ် သိလား

    ရောက်တယ်နော် သိရား မေလေးကို ပစ်မထားပါဘူးနော် ဟွင့်

    ReplyDelete
  5. မေလေးရေ.....(သံသရာ ခရီးရှည်သမျှ...
    အချစ်တို့ဖြင့် လိုက်ပါ....
    ငြိမ်းအေးတဲ့ မေတ္တာကမ္ဘာမှာ... ကျွန်မ ရှင်သန်ပါရစေ။)

    တောင်းတဲ့ဆုနဲ့ပြည့်ပါစေနာ့အစ်မရေ...ကဗျာလေးကထိမိတယ်...နော်....

    ReplyDelete
  6. ကျော်ကျော်အောင်9/9/09

    ကဗျာတွေခံစားသွားတယ်
    မေမေလေးရေ

    ReplyDelete
  7. မင်း9/9/09

    ကောင်းပါတယ် ..ချစ်တာဘဲ .. ဒါနဲ့ နင်ရေးထားတာ ဘယ်သူကိုလဲ ..

    ReplyDelete
  8. ကောင်းလိုက်တဲ့ ကဗျာ ဒါမျိုးရေးတတ်သေးဘူးကွ... ကြိုးစားဦးမယ်...

    ReplyDelete
  9. This comment has been removed by a blog administrator.

    ReplyDelete