မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Wednesday, October 7, 2009

အတိတ်

ညင်ညင်သာသာလေးတော့
ဖြတ်နင်းဖို့ လိုလိမ့်မယ်ကွယ်။
ဒီလမ်းလေးဟာ
ငါ့ရဲ့ အိပ်မက်တွေကို
နင် လျှောက်လှမ်းဖို့
ဖြန့်ခင်းထားတာလေ။
လွမ်းရတာက
တဆစ်ဆစ် ကိုက်တော့
အရှိုက် ဆိုတာ တကိုယ်လုံးပါပဲ။
အိပ်ငိုက်ရင်တောင် အသက်နဲ့နီးပါတယ်။
သိပ်မကြာတဲ့အခါ
နင် မေ့သွားမှာပါ။
ဒါပေမယ့်ကွယ်......
ဒါတွေဟာ
တကယ် ဖြစ်ခဲ့တယ်ဆိုတာ
နင် လက်ခံပေးပါ။





စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

11 comments:

  1. လက်ခံပေးမှာပါခင်ဗျ...ဟိုကသဘောကောင်းပါတယ်..ဟိဟိအစ်မရေ..နေ
    ကောင်းအောင်နေနော်...

    ReplyDelete
  2. ဪ .... ထီထိုးဖို့  အတိတ် ပေးနေမယ် အောင်းမေ့တာ ...
    ဂယ်ဘဲ ..ဟွန်းးးးး

    ReplyDelete
  3. အတိတ်ဆိုတာ အရိပ်မို့လို့ မေ့ထားလို့လဲမရ ..သတိရနေတိုင်းလဲ မကောင်းဘူး နော် .. ကျန်းမာပျော်ရွှင်ပါစေ..

    ReplyDelete
  4. Anonymous7/10/09

    သူလဲ လွမ်းတတ်သေးတာပဲနော်.......... ကျန်ခဲ့တဲ့အတိတ်က အခုထိတောင် ခြောက်လှန့်နေသေးတယ်ပေါ

    ReplyDelete
  5. အတိတ်တွေမှာ အချစ်နဲ့ ပတ်သက်တဲ့ ဖြစ်ခဲ့သမျှသော အတိတ်တွေလောက် နာကျင်စရာကောင်းတယ် ဘာရှိမလဲ :)
    ခင်တဲ့
    ရန်ကုန်သား :))

    ReplyDelete
  6. ညင်ညင်သာသာလေး ဖတ်သွားတယ်။ ပြီး လက်ခံပါတယ် ဟီးဟီး

    ReplyDelete
  7. မင်း7/10/09

    အင်းးးးး တော်တော်နာသွားပုံရတယ် .... အိပ်ငိုက်ရင်တော့ ငါလဲအသက်နဲ့ နီးတာဘဲဟ.. သိပ်မငိုက်နဲ့ပေါ့ .. အမ်၁၅၀ သောက် ငိုက်ရင်လဲ

    ReplyDelete
  8. လွမ်းရတာက
    တဆစ်ဆစ် ကိုက်တော့
    အရှိုက် ဆိုတာ တကိုယ်လုံးပါပဲ။
    အိပ်ငိုက်ရင်တောင် အသက်နဲ့နီးပါတယ်။

    အဆန်းလေးပါလား... :)

    ReplyDelete
  9. တချက်လောက်မေးချင်တယ် သက်နဲ့ မေလေး ဘယ်သူကြီးပြီး ဘယ်သူငယ်တုံး အသက်မေးတာနော် ငါ တော့ သက်ကြီးတယ် ထင်တယ် သိဘူး ဟာ ခေါ်ချင်သလိုခေါ်ကြ ငါ့ကိုတော့ မမဝံလေး လာမခေါ်နဲ့ နော် ဟိဟိ စ သွားတယ်သိလား

    မေလေးရေ ဖတ်သွားတယ်နော် ကဗျာကောင်းလေးကိုသိလား

    ReplyDelete
  10. မေလေး ရဲ့ကဗျာလေးကရင်ထဲကိုရောက်သွားပါတယ်။ ပျော်ရွှင်ပါစေ ညီမလေးရေ

    ReplyDelete
  11. စိုင်း8/10/09

    ဘယ်လိုပြောရမှန်း မသိအောင်ကိုပဲ ခံစားပီး ရေးထားတာလား ??

    ReplyDelete