မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Thursday, October 8, 2009

အဝေးမှ အနီးသို့ တမ်းချင်း

အချိန်ဆိုတဲ့ သမားက
မစွမ်းတာလား။
ဒဏ်ရာကပဲ
အဆိပ် ပြင်းတာလား။
ခုချိန်ထိ ရင်ဘတ်တွေထဲ
မုန်တိုင်း ထန်ဆဲပါ။
ညတွေက တိမ်ဆိုင် အားကိုးနဲ့
လမင်းနဲ့ တာရာတွေကို
ထိပ်တုံး ခတ်ထားလေရဲ့။
ပုဇဉ်းရင်ကွဲတွေရဲ့
တေးသံ နှင့်အတူ
နှလုံးသား အစုစု
လက် အဖက်ဖက်
ထုံထိုင်းနေတဲ့ မျက်စိအစုံတွေနဲ့
ခဲတံချောင်းတွေကတော့
လေဟာနယ်ကို ကန်သင်းရိုးလုပ်ဖို့
ကိုယ်စီ နေရာ ယူလို့ပေါ့။
ပြာတာတာ စကားလုံးတွေနဲ့
အကောင်းစား လိမ်းဆီတွေကြောင့်
ဦးခေါင်းတွင်းက နက်မှောင် ကျော့ရှင်းလို့။
ကောက်ကြောင်း တခုထဲမှာပဲ
စုတ်ချက်တွေ ဗလပွ
အပ်ကြောင်းထပ်နေတဲ့ ပန်းချီကား
ခုထိတော့ အပြာရောင် အလံ မထူနိုင်သေးဘူး။

ဒီကဗျာလေးက သက်တန့်ချို ရဲ့ ပန်းပျိုးသူတို့ အလင်္ကာ ကဗျာစာအုပ်ထဲမှာ မေလေးရေးတဲ့ ကဗျာလေးပါ။


စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

11 comments:

  1. ကဗျာလေးကို ထပ်တူခံစားသွားပါတယ်...

    အရမ်းထိမိတဲ့ ကဗျာလေးပါ...

    အပြာရောင်တွေ အလံမထူနိုင်သေးဘူး ....

    ReplyDelete
  2. ကဗျာလေးကိုအရမ်းကြိုက်တယ်..
    ဒဏ်ရာပြင်းတော့ အချိန်လည်းမတတ်နိုင်တော့ပါဘူး..

    ReplyDelete
  3. ကောင်းလိုက်တာလို့ ပဲ ပြောတတ်တော့တယ် စာသားတွေက နုရွလှပလွန်းတယ် ..... သိပ်လှတဲ့ ကဗျာတစ်ပုဒ်ပါ .... :)
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  4. ကောင်းတယ်ဗျ။ ကဗျာလေးက။ မော်ဒန်လားနော်။

    ReplyDelete
  5. ဟီးးး သူများတွေပြောကုန်ကြပီ နော် မေလေး တော့မသိဘူး ဖတ်ရတဲ့ဝံလေးတောင် နဲနဲ မြောက်ချင်လာသလိုပဲ ဟက် ဘာမှလဲ ဆိုင်ဘူးနော် သိဘူးလေ ဆိုင်များ ဆိုင်သလားလို့ပေါ့နော့်

    ဘိုင် တာ့တာ

    ReplyDelete
  6. ဒဏ်ရာတွေ ထင်ကျန်နေတာနဲ့ တိုက်ဆိုက်လို့ ထင်ပါ့နော်။ ကဗျာက ခံစားချက်တွေ ပျင်းလွန်းတယ် မခံစားနိုင်ပါဘူး။ အစ်မကြီး သိပ်မခံစားနဲ့ အခုတလောကြည့်မိနေတဲ့ ဇတ်ကားတွေက ယောက်ျားတွေ ဖေါက်ပြန်နေတာ ကြည့်ပြီး အမျိုးသမီးတွေကို သနားမိပါကြောင်း။ မရခင်ဖျာလိုလိမ့်မယ် ရရင်တော့ ဖျာကိုချနင်းမယ်ဆိုတဲ့ သီချင်းစားသားက တကယ်မှန်ပါ့ဗျာ

    ReplyDelete
  7. ဟုတ်ပါ့ တွေ့ပေါ့ ခုလေးတင် ဖတ်လာတာ... ဟား ဟား
    အရမ်းကောင်းတယ် မြှောက်ပြောတာ ဟုတ်ဘူး အတည် အတည် ...

    ReplyDelete
  8. စိုင်း9/10/09

    နင့် ကဗျာတွေ တော်တော်ကောင်းတယ်ဟ
    အဲဖက်ကို ပိုဇောင်းပေးလုပ်ဟ..။

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်ရှင့် မေလေးရဲ့ဒိကဗျာက ကိုယ်တစ်ယောက်တည်းပိုင် ခံစားချက်မဟုတ်ပါဘူး။ သူတပါး အများကို ကိုယ်တိုင်အပါအဝင် ခံစားထားတာပါ။ ကိုသော်ဇင်လေး ကျေးဇူးပါနော်။(တို့ရွှေပြည်ကို ခံစားထားတာပါ။ အားလုံးသော မောင်နှမ သူငယ်ချင်းတွေကိုလည်းကျေးဇူး။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  10. မင်္ဂလာပါ မေလေးရေ...

    ခုချိန်ထိ ရင်ဘတ်တွေထဲ
    မုန်တိုင်း ထန်ဆဲပါ။

    အခေါက်ခေါက် အခါခါ ဖတ်မိပါတယ်။ ခံစားရတယ်ဗျာ။


    ကိုမျိုး

    ReplyDelete
  11. ကဗျာလေးက စဖတ်ထဲက အရမ်းကောင်းပါတယ်အစ်မရေ....အိမ်လေးကို
    ကြည့်ပေးထားအုန်းနော်..ဟီး

    ReplyDelete