မေလေးရဲ့အိမ်လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်ဆိုရင်ပဲ ကျေးဇူးတင်ဝမ်းသာပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေရှင့်

Saturday, October 10, 2009

ချစ်သူ သိဖို့

ကျောက်ဆောင်တခုရဲ့
ခေါင်းစဉ် တချို့
မက်မော တမ်းတဖူးတယ်။
ခံစားသမျှတို့ ရွှေ့လားရာ
လက်တံများကိုလည်း
ရပ်တန့်စေချင်ခဲ့တာ...ငါ ပါ။
အမြင်မှာလည်း ငြိမ်သက်
ကွယ်ရာမှာလည်း မလှုပ်ရက်ခဲ့တဲ့
ရင်ဘတ်ထဲက သစ္စာ
မမ်မီများထက်
စူးရှလိမ့်မယ်ထင်တယ်...ချစ်သူ။
လက်တင်ထားတဲ့ နဖူး
ချွေးစို့လို့သာ မိုးလင်း
အိပ်စက်ခြင်းတို့
စုံးချုပ်ပြန်တဲ့
နေ့ခင်းမှာလည်း လွမ်းရပြန်တာပါပဲ...ချစ်သူ။
မနက်ဖြန်ရဲ့ မနက်ဖြန်အတွက်
အချက်ပြ အတုံး(၄၈)တုံးလောက်
ဖြတ်သန်းရတာလေးတောင်
တဖက်ကမ်းစပ်မှာ
နားခွင့် မရှိအောင် မောနေရလည်း
ချစ်သူရေ.......
မင်းရဲ့ ဆန္ဒနဲ့ ဘဝ
တထပ်တည်း မကျသမျှတော့
ငါ့ရင်ဘတ်ကို ငါ နှစ်သိမ့်ထားပေးပါ့မယ်။


ဒီကဗျာလေးလည်း ပန်းပျိုးသူတို့အလင်္ကာမှာ ပါတဲ့နောက်ထပ်တပုဒ်သော ကဗျာပါ။


စာဖတ်သူ မောင်နှမ သူငယ်ချင်းများအား ကျေးဇူးတင်စွာဖြင့်

7 comments:

  1. ကဗျာက ကောင်းပါတယ် အစ်မကြီးရေးတာမဟုတ်ဘူးလားဗျ....
    “လက်တင်ထားတဲ့ နဖူး
    ချွေးစို့လို့သာ မိုးလင်း
    အိပ်စက်ခြင်းတို့
    စုံးချုပ်ပြန်တဲ့
    နေ့ခင်းမှာလည်း လွမ်းရပြန်တာပါပဲ...ချစ်သူ။”
    အဲဒီစာသား အရမ်းကောင်းပါတယ် ခံစားချက်တွေတိုင်ဆိုင်နေတယ်ပေါ့ အစ်မကြီး သူများကို နှစ်သိမ့်နိုင်သလို မိမိကိုယ်လဲ နှစ်သိမ့်မယ့်သူ ရှိနိုင်ပါစေဗျာ

    ReplyDelete
  2. ဟုတ်ပါ့ ဒီအပုဒ်ကိုလည်း မှတ်မိနေတယ် ကောင်းလို့

    ReplyDelete
  3. ချစ်သူရေ.......
    မင်းရဲ့ ဆန္ဒနဲ့ ဘဝ
    တထပ်တည်း မကျသမျှတော့
    ငါ့ရင်ဘတ်ကို ငါ နှစ်သိမ့်ထားပေးပါ့မယ်။

    ရင်ဘတ်ထဲက အသံတွေကိုကြားနေရတယ်
    maylay ရေ... ကဗျာလေး အရမ်းကို ထိမိလွန်းလှပါတယ်....

    မျှော်လင့်ထားသမျှ မျှော်လင့်ချက်တွေ အားလုံးပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်...။

    ချစ်ခင်စွာဖြင့်
    ပြည့်စုံ (ဝေါသားလေး)

    ReplyDelete
  4. နောက်မှပဲ ပန်းပျိုးသူထဲက ကဗျာတွေ အေးအေးဆေးဆေးဖတ်တော့မယ်...

းဝ)

    ReplyDelete
  5. ချစ်သူရေ.......
    မင်းရဲ့ ဆန္ဒနဲ့ ဘဝ
    တထပ်တည်း မကျသမျှတော့
    ငါ့ရင်ဘတ်ကို ငါ နှစ်သိမ့်ထားပေးပါ့မယ်။

    အဲဒီစာသားလေးကိုအရမ်းကြိုက်တယ်ဗျာ

    ReplyDelete
  6. မေလေးရေ..
    ကဗျာစာအုပ်ထဲမှာလဲ... ဖတ်ပြီးပြီ..
    အကုန်ကောင်းတယ်ကွ...
    စာသားတွေ မိုက်တယ်..
    ပျော်ရွှင်ပါစေ..နော..

    ReplyDelete
  7. ညီမလေးရေးတာမဟုတ်ဘူးလားဟင်?
    ပြောပြပါဦး
    ကဗျာလေးထဲစာသားတွေက “လန်း”လွန်းတယ်

    ReplyDelete